Spots news

ဆိုးလ်ရှားကို နည်းပြရာထူးမှ ထုတ်ပယ်ဖို့ ပရိတ်သတ် ၈၇% မဲပေးတောင်းဆို

Unicode Version

ရလဒ်ဆိုး‌ တွေ ဆက်တိုက် ကြုံတွေနေရပြီး အသင်းပိုင်ရှင် နဲ့ ဘုတ်အဖွဲ့မှ လုံ‌‌ လောက်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် အားရဖွယ် ရလဒ် မရရှိ သေးတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်သင့်ကြောင်း မဲပေးတဲ့ ပရိသတ် ၈၇% ရှိကြောင်း သိရပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့ပြီးနောက် Marca သတင်းဌာနက နည်းပြဆိုးလ်ရှားကို မန်ယူနိုက်တက်အသင်း နည်းပြ ရာထူးမှ ထုတ်ပယ်သင့်သလားဟု မေးခွန်းထုတ်၍ ပရိသတ်များထံ သဘောထားတောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သလို၊ ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲဆက်တိုက် ခံစစ်က ပေးဂိုးတွေ ခွင့်ပြုပေးနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ထူထုတ်ပုံနဲ့ ကစားကွက် အခင်းအကျင်း အားနည်းမှုတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာလည် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်း ပရိသတ် ၂၂၀၀၀ ကျော် ဝင်ရောက် ဖြေဆိုခဲ့ရာမှာ ၈၇% က ထုတ်ပယ်သင့်သည်ဟု မဲပေးခဲ့ပြီး ၁၃% ကသာ မထုတ်သင့် သေးပဲ ဆက်လက်စောင့်ကြည့် သင့်ကြောင်း မဲပေးခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမာ့် အသင်းနှင့် နီးစပ်သူများကမူ ဆိုးလ်ရှား ထုတ်ပယ်ခံရဖွယ်မရှိသေးဟု အခိုင်အမာပြောကြားလျက် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အောက်တိုဘာလ တစ်လလုံးမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပါအဝင်၊ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ စပါး၊ မန်စီးတီး၊ ချဲလ်ဆီး အစရှိတဲ့ အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး၊ ခက်ခဲတဲ့ ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

Zawgyi Version

ရလဒ္ဆိုး‌ ေတြ ဆက္တိုက္ ႀကဳံေတြေနရၿပီး အသင္းပိုင္ရွင္ နဲ႕ ဘုတ္အဖြဲ႕မွ လုံ‌‌ ေလာက္တဲ့ အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ေပးခဲ့ေပမယ့္ အားရဖြယ္ ရလဒ္ မရရွိ ေသးတဲ့ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားကို ရာထူးမွ ထုတ္ပယ္သင့္ေၾကာင္း မဲေပးတဲ့ ပရိသတ္ ၈၇% ရွိေၾကာင္း သိရပါတယ္။

နည္းျပဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၅ ပြဲမွာ နိုင္ပြဲတစ္ပြဲသာ ရရွိခဲ့ၿပီးေနာက္ Marca သတင္းဌာနက နည္းျပဆိုးလ္ရွားကို မန္ယူနိုက္တက္အသင္း နည္းျပ ရာထူးမွ ထုတ္ပယ္သင့္သလားဟု ေမးခြန္းထုတ္၍ ပရိသတ္မ်ားထံ သေဘာထားေတာင္းခံခဲ့ျခင္း ျဖစ္ပါတယ္။

မန္ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၃ ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနခဲ့သလို၊ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၉ ပြဲဆက္တိုက္ ခံစစ္က ေပးဂိုးေတြ ခြင့္ျပဳေပးေနခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ ထူထုတ္ပုံနဲ႕ ကစားကြက္ အခင္းအက်င္း အားနည္းမႈေတြေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနတာလည္ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ပရိသတ္ ၂၂၀၀၀ ေက်ာ္ ဝင္ေရာက္ ေျဖဆိုခဲ့ရာမွာ ၈၇% က ထုတ္ပယ္သင့္သည္ဟု မဲေပးခဲ့ၿပီး ၁၃% ကသာ မထုတ္သင့္ ေသးပဲ ဆက္လက္ေစာင့္ၾကည့္ သင့္ေၾကာင္း မဲေပးခဲ့ျခင္း ျဖစ္ပါတယ္။ သို႔ေပမာ့္ အသင္းႏွင့္ နီးစပ္သူမ်ားကမူ ဆိုးလ္ရွား ထုတ္ပယ္ခံရဖြယ္မရွိေသးဟု အခိုင္အမာေျပာၾကားလ်က္ ရွိပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းအေနနဲ႕ ေအာက္တိုဘာလ တစ္လလုံးမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ အပါအဝင္၊ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္၊ စပါး၊ မန္စီးတီး၊ ခ်ဲလ္ဆီး အစရွိတဲ့ အင္အားႀကီးအသင္းေတြနဲ႕ ရင္ဆိုင္ရဖို႔ ရွိေနၿပီး၊ ခက္ခဲတဲ့ ပြဲက်ပ္ကာလတစ္ခုကို ျဖတ္သန္းရဦးမွာ ျဖစ္ပါတယ္။