Unicode Version
ဒါဘီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ မန်ယူဂန္တဝင် ၀ိန်းရွန်နီဟာ နယူးကာဆယ် နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
တကယ်လို့သာ စတိဗ်ဘရုစ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် အဆိုပါရာထူးကို ဆက်ခံဖို့အတွက် ရွန်နီက ဆန္ဒရှိနေတယ်လို့ Chronicle Live က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ ဒါဘီနည်းပြဘဝမှာ ရလဒ်တွေထင်မှတ်သလောက် ကောင်းမွန်ခြင်း မရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို နည်းပြတစ်ဦး အဖြစ်နဲ့
ပြန်လည် ရောက်ရှိလာမယ့် အခွင့်အရေးကို လိုချင် နေတာလည်းဖြစ်ပါတယ်။ ရေတိုစာချုပ်တစ်ရပ်နဲ့ သဘောတူညီမယ် ဆိုရင်လည်း ရွန်နီက လက်ခံဖို့ အသင့်ရှိ နေကြောင်းလည်း ဆိုပါတယ်။
ဒါဘီကတော့ ဘဏ္ဍာရေး ပြသနာတွေကြောင့် ရုန်းကန်နေရတဲ့ အသင်းဖြစ်ကာ နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေက ပြန်လည် ဝယ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တကယ်လို့သာ နယူးကာဆယ် နည်းပြ ဖြစ်လာပါက ဒါဘီမှာ ဂိုးနည်းပြအဖြစ် တာဝန်ယူနေတဲ့ နယူးကာဆယ် နာမည်ကျော် ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာဖို့ ရွန်နီက ပြင်ဆင် ထားကြောင်းလည်း သိရပါတယ်။
အသင်းပိုင်ရှင်သစ် အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က စပါးကို အရေးနိမ့်ခဲ့ပါတယ်။ စတိဗ်ဘရုစ်ဟာ အဆိုပါပွဲစဉ် မတိုင်ခင် ကတည်းက ထုတ်ပယ် ခံရမယ်လို့
သတင်းတွေ ထွက်နေခဲ့ပေမယ့် သူ့ရဲ့နည်းပြဘဝ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ပွဲကို ကိုင်တွယ်ခွင့်ရရှိခဲ့ကာ အရေးနိမ့်ခဲ့လို့ သူ့ရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်မှုတွေ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
Zawgyi Version
ဒါဘီနည္းျပ အျဖစ္ တာဝန္ယူထားတဲ့ မန္ယူဂႏၲဝင္ ၀ိန္း႐ြန္နီဟာ နယူးကာဆယ္ နည္းျပရာထူးကို စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။
တကယ္လို႔သာ စတိဗ္ဘ႐ုစ္က ရာထူးကေန ထုတ္ပယ္ခံခဲ့ရမယ္ဆိုရင္ အဆိုပါရာထူးကို ဆက္ခံဖို႔အတြက္ ႐ြန္နီက ဆႏၵရွိေနတယ္လို႔ Chronicle Live က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
အဂၤလန္နဲ႕ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးေဟာင္းဟာ ဒါဘီနည္းျပဘဝမွာ ရလဒ္ေတြထင္မွတ္သေလာက္ ေကာင္းမြန္ျခင္း မရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကို နည္းျပတစ္ဦး အျဖစ္နဲ႕
ျပန္လည္ ေရာက္ရွိလာမယ့္ အခြင့္အေရးကို လိုခ်င္ ေနတာလည္းျဖစ္ပါတယ္။ ေရတိုစာခ်ဳပ္တစ္ရပ္နဲ႕ သေဘာတူညီမယ္ ဆိုရင္လည္း ႐ြန္နီက လက္ခံဖို႔ အသင့္ရွိ ေနေၾကာင္းလည္း ဆိုပါတယ္။
ဒါဘီကေတာ့ ဘ႑ာေရး ျပသနာေတြေၾကာင့္ ႐ုန္းကန္ေနရတဲ့ အသင္းျဖစ္ကာ နယူးကာဆယ္အသင္းပိုင္ရွင္ေဟာင္း မိုက္အက္ရွ္ေလက ျပန္လည္ ဝယ္ယူဖို႔ စိတ္ဝင္စား ေနတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။
တကယ္လို႔သာ နယူးကာဆယ္ နည္းျပ ျဖစ္လာပါက ဒါဘီမွာ ဂိုးနည္းျပအျဖစ္ တာဝန္ယူေနတဲ့ နယူးကာဆယ္ နာမည္ေက်ာ္ ဂိုးသမားေဟာင္း ေရွးဂစ္ဗင္ကိုပါ သူနဲ႕အတူ ေခၚေဆာင္လာဖို႔ ႐ြန္နီက ျပင္ဆင္ ထားေၾကာင္းလည္း သိရပါတယ္။
အသင္းပိုင္ရွင္သစ္ အေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ ပထမဆုံး ကစားခဲ့တဲ့ပြဲမွာ နယူးကာဆယ္က စပါးကို ၂-၃ နဲ႕ အေရးနိမ့္ခဲ့ပါတယ္။ စတိဗ္ဘ႐ုစ္ဟာ အဆိုပါပြဲစဥ္ မတိုင္ခင္ ကတည္းက ထုတ္ပယ္ ခံရမယ္လို႔
သတင္းေတြ ထြက္ေနခဲ့ေပမယ့္ သူ႕ရဲ႕နည္းျပဘဝ ပြဲေပါင္း ၁၀၀၀ ျပည့္တဲ့ပြဲကို ကိုင္တြယ္ခြင့္ရရွိခဲ့ကာ အေရးနိမ့္ခဲ့လို႔ သူ႕ရဲ႕အနာဂတ္က ပိုမိုလႈပ္ခတ္မႈေတြ ရွိေနခဲ့ၿပီလည္း ျဖစ္ပါတယ္။