Spots news

ဂါရတ်ဘေးလ်နဲ့ လာကာဇက်ကို အလဲအထပ်ပြုလုပ်ရန် ကြိုးပမ်းမယ့် အာဆင်နယ်

Unicode Version

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းရဲ့ တိုက်စစ်မှူး လာကာဇက်ကို ရီးရဲမက်ဒရစ် တောင်ပံ ကစားသမား ဂါရတ်ဘေးလ်နှင့် အလဲအထပ် ပြုလုပ်သွားရန် အလိုရှိ နေကြောင်း သိရပါတယ်။ အဆိုပါ ကစားသမားနှစ်ဦးစလုံးဟာ အသင်းများနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်များသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မက်ဒရစ်မှ စပါးအသင်းသို့ အငှားဖြင့် တစ်နှစ်လာရောက်ကစားခဲ့ပြီးနောက် ယခုအခါ နည်းပြသစ် အန်ဆယ်လော့တီရဲ့ ရီးရဲမက်ဒရစ်အသင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာရရှိနေတဲ့အတွက် သြဂုတ် ၂၈ နောက်ပိုင်းတွင် ပွဲထွက်ကစားခွင့် မရရှိသေးပါဘူး။

ဘေးလ်ဟာ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြဿနာများရှိနေပေမယ့် အာဆင်နယ်က ဘေးလ်ကိုကိုခေါ်ယူရန် ဆန္ဒပြင်းပြ နေခြင်းဖြစ်ပြီး အာဆင်နယ်ဟယ ဘေးလ်ကို ခေါ်ယူရန်အတွက် အသင်းနဲ့ စာချုပ်သစ် ဆက်လက်မချုပ်ဆိုပဲ ပြောင်းရွေ့ချင်နေတဲ့ တိုက်စစ်မှူး လာကာဇက်ကို အလဲအထပ်ပြုလုပ်ပြီး ကမ်းလှမ်းလာရန်ရှိကြောင်း စပိန်မီဒီယာများကလည်း ဖော်ပြထားပါတယ်။

သို့ပေမယ့် အာဆင်နယ်သို့ ပြောင်းရွှေ့ပါက ဝေလကစားသမား ဘေးလ်အနေဖြင့် လစာလျှော့ယူရဖွယ် ရှိနေပါတယ်။ ရီးရဲမက်ဒရစ်ကလဲ တချိန်က လာကာဇက် ခေါ်ယူရန် စိတ်ဝင်စားခဲ့ ပေမယ့် ယခုအခါ စိတ်ဝင်စားခြင်းမရှိတော့ပဲ လူငယ်ကြယ်ပွင့် အမ်ဘာပေနှင့် ဟာလန်းကဲ့သို့ တိုက်စစ်မှူးများကိုသာ ခေါ်ယူလိုနေပါတယ်။

အာဆင်နယ် အနေနဲ့ လာကာဇက်ကို ဘေးလ်နှင့် အလဲအထပ်ပြုလုပ်ရေး မအောင်မြင်ပါက ဇန်နဝါရီအပြောင်းအရွှေ့မှာ လျှော့ဈေးဖြင့် ထုတ်ရောင်းဖွယ်ရှိပြီး ပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးနောက် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးစားနေသော နယူးကာဆယ်အသင်းဟာ လာကာဇက်ကိုခေါ်ယူရန် ဖြစ်လာနိုင်ပါတယ်။

Zawgyi Version

အာဆင္နယ္ အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ တိုက္စစ္မႉး လာကာဇက္ကို ရီးရဲမက္ဒရစ္ ေတာင္ပံ ကစားသမား ဂါရတ္ေဘးလ္ႏွင့္ အလဲအထပ္ ျပဳလုပ္သြားရန္ အလိုရွိ ေနေၾကာင္း သိရပါတယ္။ အဆိုပါ ကစားသမားႏွစ္ဦးစလုံးဟာ အသင္းမ်ားႏွင့္ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္မ်ားသို႔ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။

ဂါရတ္ေဘးလ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက မက္ဒရစ္မွ စပါးအသင္းသို႔ အငွားျဖင့္ တစ္ႏွစ္လာေရာက္ကစားခဲ့ၿပီးေနာက္ ယခုအခါ နည္းျပသစ္ အန္ဆယ္ေလာ့တီရဲ႕ ရီးရဲမက္ဒရစ္အသင္းသို႔ ေရာက္ရွိေနၿပီ ျဖစ္ၿပီး လက္ရွိမွာေတာ့ ဒဏ္ရာရရွိေနတဲ့အတြက္ ၾသဂုတ္ ၂၈ ေနာက္ပိုင္းတြင္ ပြဲထြက္ကစားခြင့္ မရရွိေသးပါဘူး။

ေဘးလ္ဟာ ႀကံ့ခိုင္မႈမျပည့္ဝတဲ့ ျပႆနာမ်ားရွိေနေပမယ့္ အာဆင္နယ္က ေဘးလ္ကိုကိုေခၚယူရန္ ဆႏၵျပင္းျပ ေနျခင္းျဖစ္ၿပီး အာဆင္နယ္ဟယ ေဘးလ္ကို ေခၚယူရန္အတြက္ အသင္းနဲ႕ စာခ်ဳပ္သစ္ ဆက္လက္မခ်ဳပ္ဆိုပဲ ေျပာင္းေ႐ြ႕ခ်င္ေနတဲ့ တိုက္စစ္မႉး လာကာဇက္ကို အလဲအထပ္ျပဳလုပ္ၿပီး ကမ္းလွမ္းလာရန္ရွိေၾကာင္း စပိန္မီဒီယာမ်ားကလည္း ေဖာ္ျပထားပါတယ္။

သို႔ေပမယ့္ အာဆင္နယ္သို႔ ေျပာင္းေ႐ႊ႕ပါက ေဝလကစားသမား ေဘးလ္အေနျဖင့္ လစာေလွ်ာ့ယူရဖြယ္ ရွိေနပါတယ္။ ရီးရဲမက္ဒရစ္ကလဲ တခ်ိန္က လာကာဇက္ ေခၚယူရန္ စိတ္ဝင္စားခဲ့ ေပမယ့္ ယခုအခါ စိတ္ဝင္စားျခင္းမရွိေတာ့ပဲ လူငယ္ၾကယ္ပြင့္ အမ္ဘာေပႏွင့္ ဟာလန္းကဲ့သို႔ တိုက္စစ္မႉးမ်ားကိုသာ ေခၚယူလိုေနပါတယ္။

အာဆင္နယ္ အေနနဲ႕ လာကာဇက္ကို ေဘးလ္ႏွင့္ အလဲအထပ္ျပဳလုပ္ေရး မေအာင္ျမင္ပါက ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေလွ်ာ့ေဈးျဖင့္ ထုတ္ေရာင္းဖြယ္ရွိၿပီး ပိုင္ရွင္ အေျပာင္းအလဲျဖစ္ၿပီးေနာက္ ကစားသမားသစ္မ်ား ေခၚယူရန္ ႀကိဳးစားေနေသာ နယူးကာဆယ္အသင္းဟာ လာကာဇက္ကိုေခၚယူရန္ ျဖစ္လာနိုင္ပါတယ္။