Spots news

မသေချာတော့တဲ့ ပေါ့ဘာရဲ့နေရာအတွက် ချူအာမီနီကို မန်ယူပစ်မှတ်ထား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာရဲ့ တိုက်တွန်းပြောဆိုမှုတွေကြောင့် ရီးရဲလ် မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ပေါလ်ပေါ့ဘာရဲ့

နေရာအတွက် နောက်ထပ် ပြင်သစ်ကစားသမားတစ်ဦးဖြစ်တဲ့ မိုနာကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ချူအာမန်နီကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ချူအာမန်နီဟာ မကြာသေးမီက ပြင်သစ်လက်‌ရွေးစင် အသင်းနဲ့အတူ UEFA Nations League ပြိုင်ပွဲမှာ

အသင်းအတွက် ပွဲထွက်ကစားခဲ့ရတဲ့ အပြင် Nations League ချန်ပီယံဆုဖလားကြီးကိုပါ သိမ်းပိုက်ရယူ နိုင်ခဲ့တဲ့ အရည်အသွေးပြည့် လူငယ် ကစားသမားလေး ဖြစ်ပါတယ်။

ဘော်ဒိုး လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ချူအာမန်နီဟာ ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာပဲ မိုနာကိုအသင်းဆီကို ၄ နှစ်ခွဲ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး

၂၀၂၁ခုနှစ် သြဂုတ်လမှာ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ရွေးချယ််မှုကို ခံခဲ့ရသလို ၂ လအကြာမှာပဲ လက်ရွေးစင် အသင်းနဲ့အတူ ဆုဖလားတစ်ခုကိုပါ ရယူနိုင်ခဲ့ပါတယ်။

ချူအာမန်နီဟာ Nations League ဗိုလ်လုပွဲမှာ ပေါ့ဘာနဲ့အတူ ပြင်သစ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး ခြေစွမ်းလည်း ပြသ နိုင်ခဲ့သလို အသင်းနဲ့ပါ

ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင် ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာက မျက်စိကျလာခဲ့ပြီး ယူနိုက်တက်အသင်းက စိတ်အဝင်စားဆုံး ဖြစ်လို့နေပါတယ်။

ယူနိုက်တက်ဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဘာကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် အကြောင်းပြန်ထားခြင်း မရှိသေးတာကြောင့် ပေါ့ဘာကိုသာ လက်လွတ်ရမယ်ဆိုရင်

ချူအာမန်နီနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပေါ့ဘာနေရာအတွက် ဒက်ကလန်ရိုက်စ် ဖရန့်ကတ်ဆေးတို့ကိုလဲ ပစ်မှတ်ထားနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ေအးဂ်င့္ျဖစ္သူ မီနို႐ြိုင္အိုလာရဲ႕ တိုက္တြန္းေျပာဆိုမႈေတြေၾကာင့္ ရီးရဲလ္ မက္ဒရစ္အသင္းဆီကိုသာ ေျပာင္းေ႐ႊ႕ဖြယ္ရွိေနတဲ့ ေပါလ္ေပါ့ဘာရဲ႕ ေနရာအတြက္ ေနာက္ထပ္ ျပင္သစ္ကစားသမားတစ္ဦးျဖစ္တဲ့ မိုနာကိုအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေလး ခ်ဴအာမန္နီကို ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမားေလး ခ်ဴအာမန္နီဟာ မၾကာေသးမီက ျပင္သစ္လက္‌ေ႐ြးစင္ အသင္းနဲ႕အတူ UEFA Nations League ၿပိဳင္ပြဲမွာ အသင္းအတြက္ ပြဲထြက္ကစားခဲ့ရတဲ့ အျပင္ Nations League ခ်န္ပီယံဆုဖလားႀကီးကိုပါ သိမ္းပိုက္ရယူ နိုင္ခဲ့တဲ့ အရည္အေသြးျပည့္ လူငယ္ ကစားသမားေလး ျဖစ္ပါတယ္။

ေဘာ္ဒိုး လူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ ခ်ဴအာမန္နီဟာ ၂၀၂ဝခုႏွစ္ ဇန္နဝါရီလမွာပဲ မိုနာကိုအသင္းဆီကို ၄ ႏွစ္ခြဲ စာခ်ဳပ္နဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၂၀၂၁ခုႏွစ္ ၾသဂုတ္လမွာ ျပင္သစ္လက္ေ႐ြးစင္ အသင္းရဲ႕ ေ႐ြးခ်ယ္္မႈကို ခံခဲ့ရသလို ၂ လအၾကာမွာပဲ လက္ေ႐ြးစင္ အသင္းနဲ႕အတူ ဆုဖလားတစ္ခုကိုပါ ရယူနိုင္ခဲ့ပါတယ္။

ခ်ဴအာမန္နီဟာ Nations League ဗိုလ္လုပြဲမွာ ေပါ့ဘာနဲ႕အတူ ျပင္သစ္အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ တြဲဖက္ကစားခဲ့ရတာျဖစ္ၿပီး ေျခစြမ္းလည္း ျပသ နိုင္ခဲ့သလို အသင္းနဲ႕ပါ ခ်န္ပီယံဆုကိုပါ ပိုင္ဆိုင္နိုင္ ခဲ့တာေၾကာင့္ သူ႕ကို ကလပ္အသင္းမ်ားစြာက မ်က္စိက်လာခဲ့ၿပီး ယူနိုက္တက္အသင္းက စိတ္အဝင္စားဆုံး ျဖစ္လို႔ေနပါတယ္။

ယူနိုက္တက္ဟာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ေပါ့ဘာကို သက္တမ္းတိုးဖို႔ ႀကိဳးပမ္းေနေပမယ့္ အေၾကာင္းျပန္ထားျခင္း မရွိေသးတာေၾကာင့္ ေပါ့ဘာကိုသာ လက္လြတ္ရမယ္ဆိုရင္ ခ်ဴအာမန္နီနဲ႕ ျပန္လည္အစားထိုးခ်င္ေနတာ ျဖစ္ပါတယ္။ ယူနိုက္တက္အသင္းဟာ ေပါ့ဘာေနရာအတြက္ ဒက္ကလန္ရိုက္စ္ ဖရန႔္ကတ္ေဆးတို႔ကိုလဲ ပစ္မွတ္ထားေနပါတယ္။