Spots news

ရော်နယ်ဒိုရဲ့ ထောက်ခံမှုနဲ့ အတူ ဇီဒန်းကို စတင်ချိတ်ဆက်နေပြီဖြစ်တဲ့ မန်ယူနိုက်တက်

Unicode Version

အသင်းရဲ့ နောက်ဆုံးသုံးပွဲ အထိ အနိုင်မရရှိခဲ့ပဲ ရလဒ်တွေဆိုးရွားပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ အသင်းရဲ့ လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ တိုက်တွန်းမှုနဲ့အတူ နည်းပြ ဇီဒန်းကို ဆက်သွယ်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂမ်နာ ဆိုးလ်ရှားကတော့ နောက်ပိုင်းမှာ ရလဒ်ပိုင်း ဆိုးရွားနေမှုတွေကြောင့် လက်ရှိ နည်းပြရာထူးကနေ ထုတ်ပါယ်ခံရနိုင်တယ်ဆိုတဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့တာဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လတ်စတာအသင်းနဲ့ ပွဲမှာလဲ ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့သလို၊ ပြိုင်ပွဲစုံ နောက်ဆုံး(၁၉)ပွဲဆက်တိုက် ခံစစ်က ပေးဂိုးတွေ ခွင့်ပြုပေးနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ထူထုတ်ပုံနဲ့ ကစားကွက် အခင်းအကျင်း အားနည်းမှုတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာလည် ဖြစ်ပါတယ်။

ထို့ကြောင့် နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ အသင်းပရိတ်သတ်တွေရဲ့ တောင်းဆိုမှု များပြားလာပြီး ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားနှင့် နည်းပြဟောင်းဖြစ်သူ ဇီဒန်းဟာ ယူနိုက်တက်ဘက်မှ နည်းပြနေရာအတွက် ကမ်းလှမ်းလာခဲ့လျှင် ငြင်းပယ်လိမ့်မည်မဟုတ်ကြောင်း နာမည်ကျော် သတင်းထောက် ဖေဘရီဇီယို ရိုမာနိုက ပြောပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အောက်တိုဘာလတစ်လလုံးမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အပါအဝင်၊ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ စပါး၊ မန်စီးတီး၊ ချဲလ်ဆီး အစရှိတဲ့ အင်အားကြီးအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး၊ ခက်ခဲတဲ့ ပွဲကျပ်ကာလတစ်ခုကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

Zawgyi Version

အသင္းရဲ႕ ေနာက္ဆုံးသုံးပြဲ အထိ အနိုင္မရရွိခဲ့ပဲ ရလဒ္ေတြဆိုး႐ြားၿပီး ယုံၾကည္မႈ ေပ်ာက္ဆုံးေနတဲ့ အသင္းရဲ႕ လက္ရွိအေျခအေနကို ထိန္းသိမ္းဖို႔အတြက္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ တိုက္တြန္းမႈနဲ႕အတူ နည္းျပ ဇီဒန္းကို ဆက္သြယ္မႈ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္

လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂမ္နာ ဆိုးလ္ရွားကေတာ့ ေနာက္ပိုင္းမွာ ရလဒ္ပိုင္း ဆိုး႐ြားေနမႈေတြေၾကာင့္ လက္ရွိ နည္းျပရာထူးကေန ထုတ္ပါယ္ခံရနိုင္တယ္ဆိုတဲ့ သတင္းေတြ ေတာက္ေလွ်ာက္ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့တဲ့ လတ္စတာအသင္းနဲ႕ ပြဲမွာလဲ ၄-၂ ရလဒ္နဲ႕ ရႈံးနိမ့္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး(၃)ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနခဲ့သလို၊ ၿပိဳင္ပြဲစုံ ေနာက္ဆုံး(၁၉)ပြဲဆက္တိုက္ ခံစစ္က ေပးဂိုးေတြ ခြင့္ျပဳေပးေနခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းရဲ႕ ထူထုတ္ပုံနဲ႕ ကစားကြက္ အခင္းအက်င္း အားနည္းမႈေတြေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနတာလည္ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ အသင္းပရိတ္သတ္ေတြရဲ႕ ေတာင္းဆိုမႈ မ်ားျပားလာၿပီး ရီးရဲလ္မက္ဒရစ္ ဂႏၲဝင္ကစားသမားႏွင့္ နည္းျပေဟာင္းျဖစ္သူ ဇီဒန္းဟာ ယူနိုက္တက္ဘက္မွ နည္းျပေနရာအတြက္ ကမ္းလွမ္းလာခဲ့လွ်င္ ျငင္းပယ္လိမ့္မည္မဟုတ္ေၾကာင္း နာမည္ေက်ာ္ သတင္းေထာက္ ေဖဘရီဇီယို ရိုမာနိုက ေျပာျပခဲ့ပါတယ္။

ယူနိုက္တက္အသင္းအေနနဲ႕ ေအာက္တိုဘာလတစ္လလုံးမွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ အပါအဝင္၊ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္၊ စပါး၊ မန္စီးတီး၊ ခ်ဲလ္ဆီး အစရွိတဲ့ အင္အားႀကီးအသင္းေတြနဲ႕ ရင္ဆိုင္ရဖို႔ ရွိေနၿပီး၊ ခက္ခဲတဲ့ ပြဲက်ပ္ကာလတစ္ခုကို ျဖတ္သန္းရဦးမွာ ျဖစ္ပါတယ္။