Spots news

အားပေးတဲ့ အသင်းဆီက လေးစားမှူမရခဲ့ကြောင်း ဇာဟာ ပြောကြား

Unicode Version

အာဆင်နယ် အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ တောင်ပံ တိုက်စစ်ကစားသမား ဇာဟာဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသ ရဲ့ နွေစျေးကွက် အတွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ် အသင်းကနေ သူအားပေးတဲ့ အာဆင်နယ် အသင်းဆီကို ပြောင်းရွေ့ဖို့ ဆွေးနွေးမှု ‌များ  လုပ်ဆောင်ခဲ့ ပါတယ်။  သိူ့ပေမယ့် အာဆင်နယ်ဘက် က ဇာဟာထက် ဇာဟာရဲ့ အိုင်ဗရီကိုစ့် အသင်းဖော်တစ်ယောက်ဖြစ်တဲ့ နီကိုလပ်စ်ပေပေကိုသာ လိုင်လီကနေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသက်(၂၈)နှစ်အရွှယ်ရှိ တောင်ပံကစားသမား ဇာဟာက “ကျွန်တော် အဲ့ဒီတုန်းက အူနိုင်းအမ်မရီနဲ့ စကားပြောဆိုခဲ့ရပါတယ်။ သူပြောတယ်။ သူ ကျွန်တော် ကစားတာ တွေကိုလည်း မြင်ဖူးတယ်။ ကျွန်တော်က ဘယ်အခြေအနေမျိုးမှာမဆို ပွဲတစ်ပွဲကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကိုလည်း သူသိတယ်။ ကျွန်တော့်ကို ပိုင်ဆိုင်ဖို့ကိုလည်း ဆန္ဒရှိတယ်လို့ သူပြောတယ်။

ကျွန်တော်ကလည်း ဒီကို ကျွန်တော်လာရောက်ဖို့လည်း ဆန္ဒရှိတယ်လို့ ပြန်ပြောခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့က ကျွန်တော့်ကို ကျော်လွန်ပြီး ပေပေကိုပဲ ရွေးချယ်သွားခဲ့တယ်” လို့ ပြန်လည်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဇာဟာကိုကျော်လွန်ပြီး အာဆင်နယ်ကို ရောက်ရှိလာတဲ့ ပေပေကတော့ သူရဲ့မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးကနေ ဖြစ်ပေါ်လာတဲ့ ဖိအားဒဏ် သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ နေရာသစ်က ဖိအားဒဏ်တွေကြောင့် အခုချိန်ထိကို အာဆင်နယ်အတွက် အားထားရလောက်တဲ့ ကစားသမားတစ်ယောက်အဖြစ် မသတ်မှတ်ခံရသေးသလို အပြောင်းအရွှေ့မှာ ဂျင်းထည့်ခံလိုက်ရတဲ့ ခေါ်ယူမှုအဖြစ်နဲ့ပါ သတ်မှတ်ထားကြပါတယ်။

ဇာဟာကိုယ်တိုင်ကလည်း ကလပ်အသင်းတွေအနေနဲ့ သူတို့နဲ့ လက်တစ်ကမ်းအကွာလောက် ရှိလို့နေတဲ့ ကစားသမားတွေထက် သူတို့နဲ့အလှမ်းဝေးလွန်းတဲ့ နေရာတစ်နေရာက ကစားသမားတွေကို ပိုပြီးစိတ်ဝင်တစားနဲ့ ခေါ်ယူနေကြတာဟာ ဦးနှောက်မရှိသလိုပဲလို့ပါ ဝေဖန်သွားခဲ့ပါတယ်။

Zawgyi Version

အာဆင္နယ္ အသင္းကို ငယ္စဥ္ကတည္းက အားေပးလာခဲ့တဲ့ ေတာင္ပံ တိုက္စစ္ကစားသမား ဇာဟာဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသ ရဲ႕ ေႏြေစ်းကြက္ အတြင္းမွာပဲ ခရစၥတယ္ပဲေလ့စ္ အသင္းကေန သူအားေပးတဲ့ အာဆင္နယ္ အသင္းဆီကို ေျပာင္းေ႐ြ႕ဖို႔ ေဆြးေႏြးမႈ ‌မ်ား လုပ္ေဆာင္ခဲ့ ပါတယ္။ သိူ႕ေပမယ့္ အာဆင္နယ္ဘက္ က ဇာဟာထက္ ဇာဟာရဲ႕ အိုင္ဗရီကိုစ့္ အသင္းေဖာ္တစ္ေယာက္ျဖစ္တဲ့ နီကိုလပ္စ္ေပေပကိုသာ လိုင္လီကေနၿပီး ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူသြားခဲ့ပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႕ပတ္သက္ၿပီး အသက္(၂၈)ႏွစ္အ႐ႊယ္ရွိ ေတာင္ပံကစားသမား ဇာဟာက “ကြၽန္ေတာ္ အဲ့ဒီတုန္းက အူနိုင္းအမ္မရီနဲ႕ စကားေျပာဆိုခဲ့ရပါတယ္။ သူေျပာတယ္။ သူ ကြၽန္ေတာ္ ကစားတာ ေတြကိုလည္း ျမင္ဖူးတယ္။ ကြၽန္ေတာ္က ဘယ္အေျခအေနမ်ိဳးမွာမဆို ပြဲတစ္ပြဲကို ေျပာင္းလဲပစ္နိုင္တယ္ဆိုတာကိုလည္း သူသိတယ္။ ကြၽန္ေတာ့္ကို ပိုင္ဆိုင္ဖို႔ကိုလည္း ဆႏၵရွိတယ္လို႔ သူေျပာတယ္။

ကြၽန္ေတာ္ကလည္း ဒီကို ကြၽန္ေတာ္လာေရာက္ဖို႔လည္း ဆႏၵရွိတယ္လို႔ ျပန္ေျပာခဲ့တယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူတို႔က ကြၽန္ေတာ့္ကို ေက်ာ္လြန္ၿပီး ေပေပကိုပဲ ေ႐ြးခ်ယ္သြားခဲ့တယ္” လို႔ ျပန္လည္ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဇာဟာကိုေက်ာ္လြန္ၿပီး အာဆင္နယ္ကို ေရာက္ရွိလာတဲ့ ေပေပကေတာ့ သူရဲ႕ျမင့္မားလြန္းတဲ့ ေျပာင္းေ႐ႊ႕ေၾကးကေန ျဖစ္ေပၚလာတဲ့ ဖိအားဒဏ္ သူတစ္ခါမွ မက်င္လည္ဖူးေသးတဲ့ ေနရာသစ္က ဖိအားဒဏ္ေတြေၾကာင့္ အခုခ်ိန္ထိကို အာဆင္နယ္အတြက္ အားထားရေလာက္တဲ့ ကစားသမားတစ္ေယာက္အျဖစ္ မသတ္မွတ္ခံရေသးသလို အေျပာင္းအေ႐ႊ႕မွာ ဂ်င္းထည့္ခံလိုက္ရတဲ့ ေခၚယူမႈအျဖစ္နဲ႕ပါ သတ္မွတ္ထားၾကပါတယ္။

ဇာဟာကိုယ္တိုင္ကလည္း ကလပ္အသင္းေတြအေနနဲ႕ သူတို႔နဲ႕ လက္တစ္ကမ္းအကြာေလာက္ ရွိလို႔ေနတဲ့ ကစားသမားေတြထက္ သူတို႔နဲ႕အလွမ္းေဝးလြန္းတဲ့ ေနရာတစ္ေနရာက ကစားသမားေတြကို ပိုၿပီးစိတ္ဝင္တစားနဲ႕ ေခၚယူေနၾကတာဟာ ဦးေႏွာက္မရွိသလိုပဲလို႔ပါ ေဝဖန္သြားခဲ့ပါတယ္။