Spots news

လူကာယိုဗစ်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်နဲ့ အင်တာ

Unicode Version

အီတလီစီးရီးအေ ကလပ် အင်တာမီလန် အသင်းနဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အနာဂတ် ပျောက်ဆုံးလျက်ရှိနေပြီး လာမယ့်အပြောင်းအရွေ့အတွင်း ရောင်းချသွားဖွယ် ရှိနေတဲ့ ဆာဘီးယား တိုက်စစ်ကစားသမားလေး လူကာယိုဗစ်ကို အပြိုင်အဆိုင် ကမ်းလှမ်းမှုများ ပြုလုပ်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေကြ ပါတယ်။

လူကာယိုဗစ်ဟာ ဖရန့်ဖတ် အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ သွင်းဂိုးတွေ များစွာသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့လို့ ရီးရဲလ်ရဲ့ တော်ကောက်ခြင်း ခံခဲ့ရပေမယ့် စပိန်လာလီဂါမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် အသင်းဟောင်း ဖရန့်ဖတ်ဆီ အငှားနဲ့ပါ ပြန်ကစားခဲ့ရပါသေးတယ်။

ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂ ဂိုးသာ ရရှိသေးတဲ့ ဆာဘီးယား တိုက်စစ်ကစားသမားလေး ယိုဗစ်ဟာ ဒီရာသီမှာလည်း အသင်းအတွက် စုစုပေါင်းမိနစ် ၈၄ မိနစ်သာ ပါဝင်ကစားထားရသေးတာကြောင့် ကစားသမားကိုယ်တိုင်က အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆန္ဒရှိနေသလို အသင်းဘက်ကလည်း လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ ယိုဗစ်ကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

ယိုဗစ်ကို လက်ရှိမှာ အာဆင်နယ်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် လာကာဇက်ရဲ့နေရာမှာ ယိုဗစ်နဲ့ အစားထိုးသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့အပြိုင် အင်တာမီလန် အသင်းကလဲ စိတ်ဝင်စားလျက်ရှိနေပြီး စီးရီးအေ ကလပ်အသင်းတချို့က ယိုဗစ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းချင် နေကြပါတယ်။

ဒါပေမယ့် ယိုယွင်းနေတဲ့ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ရီးရဲလ်အသင်းက ယိုဗစ်ကို အပြီးသတ်သာ ရောင်းထုတ်သွားချင်နေပြီး ယိုဗစ်ကို ရောင်းချလို့ရတဲ့ ငွေကြေးနဲ့ ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ ရှိနေတာကြောင့် ဒါဟာ ယိုဗစ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် အခက်အခဲတစ်ခုသဖွယ် ဖြစ်လာနိုင်ပါတယ်။

Zawgyi Version

အီတလီစီးရီးေအ ကလပ္ အင္တာမီလန္ အသင္းနဲ႕ ပရီးမီးယားလိဂ္ ကလပ္ အာဆင္နယ္အသင္းတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အနာဂတ္ ေပ်ာက္ဆုံးလ်က္ရွိေနၿပီး လာမယ့္အေျပာင္းအေ႐ြ႕အတြင္း ေရာင္းခ်သြားဖြယ္ ရွိေနတဲ့ ဆာဘီးယား တိုက္စစ္ကစားသမားေလး လူကာယိုဗစ္ကို အၿပိဳင္အဆိုင္ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ၿပီး ေခၚယူဖို႔ ျပင္ဆင္ေနၾက ပါတယ္။

လူကာယိုဗစ္ဟာ ဖရန႔္ဖတ္ အသင္းနဲ႕အတူ ဘြန္ဒစ္လီဂါမွာ သြင္းဂိုးေတြ မ်ားစြာသြင္းယူကာ ေျခစြမ္းျပသနိုင္ခဲ့လို႔ ရီးရဲလ္ရဲ႕ ေတာ္ေကာက္ျခင္း ခံခဲ့ရေပမယ့္ စပိန္လာလီဂါမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ အသင္းေဟာင္း ဖရန႔္ဖတ္ဆီ အငွားနဲ႕ပါ ျပန္ကစားခဲ့ရပါေသးတယ္။

ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ ၂ ဂိုးသာ ရရွိေသးတဲ့ ဆာဘီးယား တိုက္စစ္ကစားသမားေလး ယိုဗစ္ဟာ ဒီရာသီမွာလည္း အသင္းအတြက္ စုစုေပါင္းမိနစ္ ၈၄ မိနစ္သာ ပါဝင္ကစားထားရေသးတာေၾကာင့္ ကစားသမားကိုယ္တိုင္က အသင္းနဲ႕ လက္တြဲျဖဳတ္ဖို႔ ဆႏၵရွိေနသလို အသင္းဘက္ကလည္း လာမယ့္ ေဆာင္းေစ်းကြက္အတြင္းမွာ ယိုဗစ္ကို ေရာင္းထုတ္ဖြယ္ ရွိေနပါတယ္။

ယိုဗစ္ကို လက္ရွိမွာ အာဆင္နယ္အသင္းကေန စိတ္ဝင္စားလ်က္ရွိေနၿပီး အသင္းနဲ႕ လမ္းခြဲေတာ့မယ့္ လာကာဇက္ရဲ႕ေနရာမွာ ယိုဗစ္နဲ႕ အစားထိုးသြားဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႕အၿပိဳင္ အင္တာမီလန္ အသင္းကလဲ စိတ္ဝင္စားလ်က္ရွိေနၿပီး စီးရီးေအ ကလပ္အသင္းတခ်ိဳ႕က ယိုဗစ္ကို ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႕ ကမ္းလွမ္းခ်င္ ေနၾကပါတယ္။

ဒါေပမယ့္ ယိုယြင္းေနတဲ့ ခံစစ္ပိုင္းအတြက္ အင္အားျဖည့္တင္းမႈ လုပ္ေဆာင္ဖို႔ လိုအပ္ေနတဲ့ ရီးရဲလ္အသင္းက ယိုဗစ္ကို အၿပီးသတ္သာ ေရာင္းထုတ္သြားခ်င္ေနၿပီး ယိုဗစ္ကို ေရာင္းခ်လိဳ႕ရတဲ့ ေငြေၾကးနဲ႕ ခံစစ္ပိုင္းအတြက္ အင္အားျဖည့္တင္းဖို႔ ရွိေနတာေၾကာင့္ ဒါဟာ ယိုဗစ္ကို ေခၚယူခ်င္ေနတဲ့ အသင္းေတြအတြက္ အခက္အခဲတစ္ခုသဖြယ္ ျဖစ္လာနိုင္ပါတယ္။