Spots news

ကို့်ယ်သိက္ခာကိုဆယ်သွားတဲ့ ရော်နယ်ဒိုကြောင့် ဆိုးလ်ရှားအသက်ရှု ချောင်ခဲ့တဲ့ည

Unicode Version

မန်ချက်စတာ ယူနိုက်တက် နည်းပြဆိုးလ်ရှားဟာ ပေါ့ဘာ၊ ဆန်ချိုတို့ကို အရံခုံထိုင်ခိုင်းခဲ့ပြီး တော်မီနေး၊ ဖရက်ဒ်၊ ရက်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့ပြီး ဆနာက်တန်းမှာတော့ ဗာရန်းမပါတာကလွဲရင် ဘစ်ဆာကာ၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့နဲ့ လူစုံခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရော်နယ်ဒို တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲအစကတည်းက အတ္တလန်တာက ပိုပိုဖိအားပေးနိုင်ခဲ့ပြီး ဂရင်းဝုဒ် ခြေစွမ်း ပျောက်ဆုံးခဲ့ရသလို ဘရူနို ဖာနန်ဒက်စ်လည်း ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် ၁၅ မိနစ်မှာ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ပေးခဲ့ရပြီး ယူနိုက်တက် ခံစစ်ရဲ့ အားနက်ချက်နဲ့ ပေါ့ဆ‌မှုတွေကြောင့် ဧည့်သည်အနေနဲ့ လွယ်ကူတဲ့ သွင်းဂိုးတစ်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ယုံကြည်မှု ပျောက်ဆုံးနေပြီး McFred ကွင်းလယ်ကလဲ ကစားပုံ လျော့တိလျော့ရဲ နိုင်နေခဲ့ကာ ၂၈ မိနစ်မှာ ယူနိုက်တက်ရဲ့ အားနည်းချက် တည်ကန်ဘောတွေထဲက တစ်ခုဖြစ်တဲ့ ထောင့်ကန်ဘောကနေ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံပေးခဲ့ရ ပြန်ပါပြီ။ ပွဲချိန် ၅၂ မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ရက်ဖို့ဒ်က ဒဏ်ရာမှသက်သာလာပြီး သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုး ရယူခဲ့ပါတယ်။

ထိုင်ခံလှုပ်နေတဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ဒုတိယပိုင်းမှာ ယုံကြည်မှုတွေရိုက်သွင်းခဲ့ပြီး ကစားပုံ အတော်လေးကောင်းမွန်လာခဲ့သလို တရစပ်တိုက်စစ် ဆင်မှုများထဲမှာ တော်မီနေးရဲ့ ကန်ချက် တိုင်ထိခဲ့ကာ ရော်နယ်ဒိုရဲ့ ကန်ချက်ကိုလဲ အတ္တလန်တာ ဂိုးသမား ကာကွယ်ခဲ့ရပါတယ်။ ယူနိုက်တက်တိုက်စစ်ကို ဟန့်တားရင်း အတ္တလန်တာ ကစားသမားများ အဝါကတ် ၃ ယောက် ဆက်တိုက်ထိခဲ့ပါတယ်။

ယူနိုက်တက်က ပေါ့ဘာ၊ ကာဗာနီ၊ ဆန်ချိုတို့ကိုထည့်ကာ တိုက်စစ်ထပ်မံမြှင့်ခဲ့ပြီး ၇၅ မိနစ်မှာတော့ ဒုတိယချေပဂိုးကို ခြေစွမ်း အမှားအယွင်းများကြောင့် ဝေဖန်ခံနေရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားက သွင်းယူ‌ခဲ့တာပါ။ ၂-၂ ဖြစ်သွားပီး စိတ်ဓာတ်ပိုင်းအသာစီးရကာ ဆက်တိုက် တိုက်စစ်ဆင်လာတဲ့

ယူနိုက်တက်ရဲ့ ထိုးဖောက်မှုတွေကို အတ္တလန်တာတို့ တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပွဲကစားချိန် မိနစ် ၈၀ မှာတော့ လုရှောရဲ့ ဖြတ်တင်ပေးပို့မှုကို ယူနိုက်တက်ကို အကြိမ်ကြိမ်ကယ်တင် နေခဲ့တဲ့ ရော်နယ်ဒိုက ခေါင်းတိုက် သွင်းယူခဲ့ကာ အသင်းကို ဦးဆောင် စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၃-၂ ဆိုတဲ့ရလဒ်နဲ့

အရှုံးကနေ ပြန်လည်ရုန်းထ နိုင်ခဲ့ပြီး အိမ်ကွင်းမှာ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ ဆိုလ်ရှားလဲ ခနတာ အသက်ရှု ချောင်ခဲ့ပြီး နောက်ထပ်ပွဲစဉ်ကလဲ လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်လို့ ဆိုးလ်ရှား ရဲ့ အိမ်မက်ဆိုးညတွေ ဆက်တိုက် လာနေဦးမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပဆိုးလ္ရွားဟာ ေပါ့ဘာ၊ ဆန္ခ်ိဳတို႔ကို အရံခုံထိုင္ခိုင္းခဲ့ၿပီး ေတာ္မီေနး၊ ဖရက္ဒ္၊ ရက္ဖို႔ဒ္တို႔ကို ပြဲထုတ္လာခဲ့ၿပီး ဆနာက္တန္းမွာေတာ့ ဗာရန္းမပါတာကလြဲရင္ ဘစ္ဆာကာ၊ မက္ဂြိုင္းရား၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာတို႔နဲ႕ လူစုံခဲ့ၿပီး ဘ႐ူနိုဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ေရာ္နယ္ဒိုတို႔နဲ႕ ပြဲထြက္ခဲ့ပါတယ္။

ပြဲအစကတည္းက အတၱလန္တာက ပိုပိုဖိအားေပးနိုင္ခဲ့ၿပီး ဂရင္းဝုဒ္ ေျခစြမ္း ေပ်ာက္ဆုံးခဲ့ရသလို ဘ႐ူနို ဖာနန္ဒက္စ္လည္း ႐ုန္းကန္ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ ၁၅ မိနစ္မွာ ယူနိုက္တက္တို႔ ဦးေဆာင္ဂိုး ေပးခဲ့ရၿပီး ယူနိုက္တက္ ခံစစ္ရဲ႕ အားနက္ခ်က္နဲ႕ ေပါ့ဆ‌မႈေတြေၾကာင့္ ဧည့္သည္အေနနဲ႕ လြယ္ကူတဲ့ သြင္းဂိုးတစ္ဂိုး ရရွိခဲ့တာ ျဖစ္ပါတယ္။

ယုံၾကည္မႈ ေပ်ာက္ဆုံးေနၿပီး McFred ကြင္းလယ္ကလဲ ကစားပုံ ေလ်ာ့တိေလ်ာ့ရဲ နိုင္ေနခဲ့ကာ ၂၈ မိနစ္မွာ ယူနိုက္တက္ရဲ႕ အားနည္းခ်က္ တည္ကန္ေဘာေတြထဲက တစ္ခုျဖစ္တဲ့ ေထာင့္ကန္ေဘာကေန ဒုတိယေျမာက္ ဦးေဆာင္ဂိုး ထပ္မံေပးခဲ့ရ ျပန္ပါၿပီ။ ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကေန ရက္ဖို႔ဒ္က ဒဏ္ရာမွသက္သာလာၿပီး သူ႕ရဲ႕ ဒုတိယေျမာက္သြင္းဂိုး ရယူခဲ့ပါတယ္။

ထိုင္ခံလႈပ္ေနတဲ့ ဆိုးလ္ရွားဟာ ယူနိုက္တက္ကို ဒုတိယပိုင္းမွာ ယုံၾကည္မႈေတြရိုက္သြင္းခဲ့ၿပီး ကစားပုံ အေတာ္ေလးေကာင္းမြန္လာခဲ့သလို တရစပ္တိုက္စစ္ ဆင္မႈမ်ားထဲမွာ ေတာ္မီေနးရဲ႕ ကန္ခ်က္ တိုင္ထိခဲ့ကာ ေရာ္နယ္ဒိုရဲ႕ ကန္ခ်က္ကိုလဲ အတၱလန္တာ ဂိုးသမား ကာကြယ္ခဲ့ရပါတယ္။ ယူနိုက္တက္တိုက္စစ္ကို ဟန႔္တားရင္း အတၱလန္တာ ကစားသမားမ်ား အဝါကတ္ ၃ ေယာက္ ဆက္တိုက္ထိခဲ့ပါတယ္။

ယူနိုက္တက္က ေပါ့ဘာ၊ ကာဗာနီ၊ ဆန္ခ်ိဳတို႔ကိုထည့္ကာ တိုက္စစ္ထပ္မံျမႇင့္ခဲ့ၿပီး ၇၅ မိနစ္မွာေတာ့ ဒုတိယေခ်ပဂိုးကို ေျခစြမ္း အမွားအယြင္းမ်ားေၾကာင့္ ေဝဖန္ခံေနရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိုင္းရားက သြင္းယူ‌ခဲ့တာပါ။ ၂-၂ ျဖစ္သြားပီး စိတ္ဓာတ္ပိုင္းအသာစီးရကာ ဆက္တိုက္ တိုက္စစ္ဆင္လာတဲ့

ယူနိုက္တက္ရဲ႕ ထိုးေဖာက္မႈေတြကို အတၱလန္တာတို႔ ေတာင့္ခံနိုင္ျခင္း မရွိေတာ့ဘဲ ပြဲကစားခ်ိန္ မိနစ္ ၈၀ မွာေတာ့ လုေရွာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ယူနိုက္တက္ကို အႀကိမ္ႀကိမ္ကယ္တင္ ေနခဲ့တဲ့ ေရာ္နယ္ဒိုက ေခါင္းတိုက္ သြင္းယူခဲ့ကာ အသင္းကို ဦးေဆာင္ ေစခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ၃-၂ ဆိုတဲ့ရလဒ္နဲ႕ အရႈံးကေန ျပန္လည္႐ုန္းထ နိုင္ခဲ့ၿပီး အိမ္ကြင္းမွာ အနိုင္ ၃ မွတ္ကို ရယူနိုင္ခဲ့ပါတယ္။ ရာထူးကေန ထုတ္ပယ္ခံရဖို႔ နီးစပ္ေနတဲ့ ဆိုလ္ရွားလဲ ခနတာ အသက္ရႈ ေခ်ာင္ခဲ့ၿပီး ေနာက္ထပ္ပြဲစဥ္ကလဲ လီဗာပူးကို အိမ္ကြင္းမွာ ဧည့္ခံရမွာ ျဖစ္လို႔ ဆိုးလ္ရွား ရဲ႕ အိမ္မက္ဆိုးညေတြ ဆက္တိုက္ လာေနဦးမွာပဲ ျဖစ္ပါတယ္။