Spots news
ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်း ရော်နယ်ဒိုရဲ့ အရေးပါပုံကို မက်ဂွိုင်းယား ဖွင့်ဟ
Unicode Version
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အတ္တလန်တာ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ယူနိုက်တက် အသင်းဟာ အတ္တလန်တာ ရဲ့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်
ဦးဆောင်မှုကို ခံခဲ့ရပေမယ့် ပွဲမပြီးခင် မန်ယူရှုံးပြီ မပြောနဲ့ ဆိုတဲ့ စကားအတိုင်း အိမ်ကွင်း အိုးထရတ်ဖို့ဒ်မှာ နောက်ကနေ ၃ ဂိုးလိုက်သွင်းပြီး အနိုင် ၃ မှတ်အပြည့် ရယူခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပွဲအစမှာ ကတည်းက ကစားကွက် ပိုင်ပိုင်နိုင်နိုင်တည်မရခဲ့ပဲ ဧည့်သည်အသင်းရဲ့ တည်ငြိမ်တဲ့ ပြန်လည် တုံ့ပြန်မှုမှာ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုး နှစ်ဂိုး အထိကို
ပေးခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက် နောက်တန်းတွေရဲ့ ပေါ့လျော့မှု ဖြစ်ပြီး ဒုတိယဂိုးဟာဆိုရင် အားလုံး ထောက်ပြနေတဲ့ တည်ကန်ဘောကနေ ဂိုးပေးခဲ့ရတာပါ။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နတ်ရေကန်ထဲက ပြန်တက်လာတဲ့ အလား ကစားအားတတ်လာခဲ့ပြီး ဘရူနိုရဲ့ ဖန်တီးပေးမှု‌ကနေ
ရက်ဖို့က ချေပဂိုး တစ်ဂိုး နောက်ခံလူ မက်ဂွိင်းယာ တစ်ဂိုးနဲ့ လုရှောရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်ပီး အနိုင်ဂိုးရယူကာ ၃-၂ နဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက သတင်းစာရှင်းလင်းပွဲမှာ ပထမပိုင်း ရှုံးနိမ့်မှုအပြီး အဝတ်လဲခန်းအတွင်း အနိုင်ကစားဖို့
တိုင်ပင်ခဲ့ကြပြီး ရော်နယ်ဒိုက အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားဖို့ စည်းရုံးခဲ့ပြီး ယုံကြည်မှု မြှင့်တင်ပေးခဲ့ ကြောင်း ဖွင့်ဟ‌ ပြောကြားခဲ့ပါတယ်။
” ကျွန်တော်တို့ ပွဲချိန်အတွင်း ကစားပုံတွေ ကောင်းမွန်ခဲ့တယ်ဆိုတာ သိခဲ့ကြတယ် ဆိုပေမယ့် နှစ်ဂိုးပြတ် ရှုံးနိမ့်နေလို့ အကုန်လုံး မကျေမနပ် ဖြစ်နေခဲ့ကြပါတယ်။
ကျွန်တော်တို့ တည်ကန်ဘောတွေ ကနေ ဂိုးတွေ ​ပေးခဲ့ရတယ်လေ။ ကျွန်တော်တို့ အားလုံး ကြိုးစားနိုင်ရင် ရလဒ်ကို ပြန်လည်တွန်းလှန်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။
ပထမပိုင်း အပြီးမှာ ရော်နယ်ဒိုက ပြန်လည်ဝင်ရောက်ကာနီး အနိုင်ကစားကြဖို့ အကုန်လုံးကို တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်ကလဲ ခမ်းနားတဲ့ သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ပြန််လည်
ရယူနိုင်ခဲ့တဲ့ ပြီးပြည့်စုံတဲ့ ဒုတိယပိုင်း ဖြစ်သွားခဲ့ရပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ အသင်းရဲ့ ဒုတိယချေပဂိုး ကိုသွင်းယူ ပေးခဲ့နိုင်ခဲ့ ပါတယ်။
Zawgyi Version
ပထမပိုင်း အပြီးမှာ ရော်နယ်ဒိုက ပြန်လည်ဝင်ရောက်ကာနီး အနိုင်ကစားကြဖို့ အကုန်လုံးကို တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်ကလဲ ခမ်းနားတဲ့ သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တဲ့