Spots news

ချန်ပီယံလိဂ် စံချိန်သစ်တင်ပြီး မက်ဆီကို အသာစီး ရယူနိုင်ခဲ့ ပြန်တဲ့ ရော်နယ်ဒို

Unicode Version

အတ္တလန္တာကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့် နေရာကနေ ပြန်လည် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကို နောက်တစ်ကြိမ်ကယ်တင် ပေးခဲ့ပြန်ပါတယ်။ ပထမပိုင်းမှာ ဆိုးရွားလွန်းတဲ့ ခြေစွမ်း

ကစားသမားတွေရဲ့ စိတ်ပျက်စရာ ကစားပုံတွေကြောင့် ယူနိုက်တက်ဟာ ပြိုင်ဘက်ကို ဘယ်လိုမှ ယှဉ် မကစားနိုင်ခဲ့ဘဲ ဂိုးပြတ်အရေးနိမ့် နေခဲ့ပြီး ဆိုးလ်ရှား တစ်ယောက် မီးခဲခုထိုင် နေရသလို ဖြစ်နေခဲ့ ရပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ရက်ဖို့ဒ်ရဲ့ ချေပဂိုး မက်ဂွိုင်းယားရဲ့ အနိမ့်ဘော အပြင်းကန်သွင်းချက်တွေနဲ့ ချေပဂိုးတွေ ပြန်ရခဲ့ပြီး ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ရော်နယ်ဒိုက လုရှောရဲ့ ဖြတ်တင် ပေးပို့မှုကနေ ခေါင်းတိုက်ဂိုးသွင်းယူကာ

ဆိုးလ်ရှားကို ပြုံးပျော်သွား စေခဲ့ပါတယ်။ တစ်ပွဲလုံးမှာ အသင်း ကစားပုံကို စိတ်တိုင်းမကျ ဖြစ်နေခဲ့တဲ့ ရော်နယ်ဒိုက ယူနိုက်တက်တို့ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ အရေးပါတဲ့နိုင်ပွဲကို ရယူပေးခဲ့ တာလည်း ဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုက ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှု ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားဘဝမှာ ဒုတိယအကြိမ် စွမ်းဆောင်နိုင်မှု ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်ကလည်း သူက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၃ ပွဲဆက် ဂိုးသွင်းပေးခဲ့ ဖူးပါသေးတယ်။

ဒါ့အပြင် ဒီအနိုင်ဂိုးက ချန်ပီယံလိဂ်မှာ သူ့အတွက် ၄၂ ဂိုးမြောက် အနိုင်ဂိုးဖြစ်လာခဲ့ပြီး ဘယ်ကစားသမားထက် မဆို ပိုမိုများပြားကာ အနီးကပ် လိုက်နေတဲ့ မက်ဆီထက် ၃ ဂိုးအထိ အသာရရှိ ထားဆဲဖြစ်ပါတယ်။

အတ္တလန္တာကို ဂိုးသွင်းယူနိုင်ခဲ့မှုဟာ ချန်ပီယံလိဂ်မှာ သူ့အတွက် မတူညီတဲ့ ကလပ်အသင်း ၃၈ သင်းကို ဂိုးသွင်းနိုင်တဲ့ စံချိန်လည်းဖြစ်လာခဲ့ပါတယ်။ မနေ့က ပီအက်စ်ဂျီအတွက်

မက်ဆီက လိုက်ဇစ်ကို ဂိုးသွင်းပြီး ရော်နယ်ဒိုနဲ့အတူ မတူညီတဲ့ ကလပ်အသင်း ၃၇ သင်းကို ဂိုးသွင်းကာ ပူးတွဲ ရပ်တည်ခဲ့ပေမယ့် အခုအခါမှာ ရော်နယ်ဒိုက ၁ ပွဲအသာစီး ပြန်ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version

အတၱလႏၲာကို ၂ ဂိုးျပတ္နဲ႕ အေရးနိမ့္ ေနရာကေန ျပန္လည္ အနိုင္ရရွိခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုက မန္ခ်က္စတာ ယူနိုက္တက္ကို ေနာက္တစ္ႀကိမ္ကယ္တင္ ေပးခဲ့ျပန္ပါတယ္။ ပထမပိုင္းမွာ ဆိုး႐ြားလြန္းတဲ့ ေျခစြမ္း

ကစားသမားေတြရဲ႕ စိတ္ပ်က္စရာ ကစားပုံေတြေၾကာင့္ ယူနိုက္တက္ဟာ ၿပိဳင္ဘက္ကို ဘယ္လိုမွ ယွဥ္ မကစားနိုင္ခဲ့ဘဲ ဂိုးျပတ္အေရးနိမ့္ ေနခဲ့ၿပီး ဆိုးလ္ရွား တစ္ေယာက္ မီးခဲခုထိုင္ ေနရသလို ျဖစ္ေနခဲ့ ရပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ ရက္ဖို႔ဒ္ရဲ႕ ေခ်ပဂိုး မက္ဂြိုင္းယားရဲ႕ အနိမ့္ေဘာ အျပင္းကန္သြင္းခ်က္ေတြနဲ႕ ေခ်ပဂိုးေတြ ျပန္ရခဲ့ၿပီး ပြဲခ်ိန္ေနာက္ဆုံး ၁၀ မိနစ္အတြင္းမွာ ေရာ္နယ္ဒိုက လုေရွာရဲ႕ ျဖတ္တင္ ေပးပို႔မႈကေန ေခါင္းတိုက္ဂိုးသြင္းယူကာ

ဆိုးလ္ရွားကို ၿပဳံးေပ်ာ္သြား ေစခဲ့ပါတယ္။ တစ္ပြဲလုံးမွာ အသင္း ကစားပုံကို စိတ္တိုင္းမက် ျဖစ္ေနခဲ့တဲ့ ေရာ္နယ္ဒိုက ယူနိုက္တက္တို႔ အုပ္စုအဆင့္က တက္ေရာက္နိုင္ဖို႔ အေရးပါတဲ့နိုင္ပြဲကို ရယူေပးခဲ့ တာလည္း ျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ေရာ္နယ္ဒိုက ၃ ပြဲဆက္တိုက္ ဂိုးသြင္းယူနိုင္မႈ ျဖစ္လာခဲ့ပါတယ္။ ယူနိုက္တက္ ကစားသမားဘဝမွာ ဒုတိယအႀကိမ္ စြမ္းေဆာင္နိုင္မႈ ျဖစ္လာခဲ့ၿပီး ၂၀၀၈ ခုႏွစ္ကလည္း သူက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ၃ ပြဲဆက္ ဂိုးသြင္းေပးခဲ့ ဖူးပါေသးတယ္။

ဒါ့အျပင္ ဒီအနိုင္ဂိုးက ခ်န္ပီယံလိဂ္မွာ သူ႕အတြက္ ၄၂ ဂိုးေျမာက္ အနိုင္ဂိုးျဖစ္လာခဲ့ၿပီး ဘယ္ကစားသမားထက္ မဆို ပိုမိုမ်ားျပားကာ အနီးကပ္ လိုက္ေနတဲ့ မက္ဆီထက္ ၃ ဂိုးအထိ အသာရရွိ ထားဆဲျဖစ္ပါတယ္။

အတၱလႏၲာကို ဂိုးသြင္းယူနိုင္ခဲ့မႈဟာ ခ်န္ပီယံလိဂ္မွာ သူ႕အတြက္ မတူညီတဲ့ ကလပ္အသင္း ၃၈ သင္းကို ဂိုးသြင္းနိုင္တဲ့ စံခ်ိန္လည္းျဖစ္လာခဲ့ပါတယ္။ မေန႕က ပီအက္စ္ဂ်ီအတြက္

မက္ဆီက လိုက္ဇစ္ကို ဂိုးသြင္းၿပီး ေရာ္နယ္ဒိုနဲ႕အတူ မတူညီတဲ့ ကလပ္အသင္း ၃၇ သင္းကို ဂိုးသြင္းကာ ပူးတြဲ ရပ္တည္ခဲ့ေပမယ့္ အခုအခါမွာ ေရာ္နယ္ဒိုက ၁ ပြဲအသာစီး ျပန္ရယူ နိုင္ခဲ့တာျဖစ္ပါတယ္။