Unicode Version
နယူးကာဆယ် အသင်းဟာ အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေရာ လတ်တလောမှာလည်း အာဆင်နယ် ကစားသမားဟောင်း မက်ဇတ်အိုဇေးနဲ့ပါ သတင်းတွေ ပြန်ထွက်လာခဲ့ပြီး အိုဇေးကို နယူးကာဆယ် အသင်းရဲ့ အဝယ်စာရင်းထဲ ထည့်သွင်း ထားတယ်လို့ သိရှိရပါတယ်။
အိုဇေးဟာ ရီးရဲလ်နဲ့ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိမှာတော့ တူရကီကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ အိုဇေးဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် နယူးကာဆယ်အသင်းကနေ ခေါ်ယူချင်နေတာဖြစ်ပြီး ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။
အိုဇေးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အာဆင်နယ်ကနေ ဖီနာဘာချီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲစဉ်ပေါင်း ၂၀ အထိ ပါဝင်ကစားထားနိုင်ခဲ့သလို သွင်းဂိုး ၃ ဂိုးကိုလည်း သွင်းယူ ထားပါတယ်။
အိုဇေးဟာ ဖီနာဘာချီအသင်းရဲ့ အရေးအပါဆုံးသော ကစားသမားတစ်ဦး ဖြစ်နေသလို ပရိသတ်အချစ်တော် ကစားသမားလည်း ဖြစ်နေတာကြောင့် အသင်းဘက်က အိုဇေးကို ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိနေသလို အိုဇေးနဲ့ ဖီနာဘာချီအသင်းရဲ့ကြား စာချုပ်သက်တမ်းက ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိနေသေးတာကြောင့် အိုဇေးကို ခေါ်ယူဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။
နောက်ပြီး ဖီနာဘာချီအသင်းဆိုတာကလည်း အိုဇေးအတွက် အဓိပ္ပာယ်များစွာ ရှိနေတဲ့ ကလပ်အသင်း တစ်သင်းဖြစ်နေတာကြောင့် အိုဇေးအနေနဲ့ ဒီအသင်းကနေ ထွက်ခွာပြီး တခြားအသင်းဆီကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းက အိုဇေးအပြင် ဖီနာဘာချီ ဂိုးသမားဖြစ်သူကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေလျက် ရှိနေပါတယ်။
Zawgyi Version
နယူးကာဆယ္ အသင္းဟာ အသင္းအတြက္ ကစားသမား အင္အားျဖည့္တင္းမႈေတြကို လုပ္ေဆာင္သြားဖို႔ ရွိေနရာ လတ္တေလာမွာလည္း အာဆင္နယ္ ကစားသမားေဟာင္း မက္ဇတ္အိုေဇးနဲ႕ပါ သတင္းေတြ ျပန္ထြက္လာခဲ့ၿပီး အိုေဇးကို နယူးကာဆယ္ အသင္းရဲ႕ အဝယ္စာရင္းထဲ ထည့္သြင္း ထားတယ္လို႔ သိရွိရပါတယ္။
အိုေဇးဟာ ရီးရဲလ္မက္ဒရစ္နဲ႕ အာဆင္နယ္အသင္းေတြမွာ ကစားခဲ့ၿပီး လက္ရွိမွာေတာ့ တူရကီကလပ္ ဖီနာဘာခ်ီအသင္းမွာ ပါဝင္ကစားေနတာ ျဖစ္ပါတယ္။ အိုေဇးဟာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရွိ ကစားသမားတစ္ဦး ျဖစ္ေနတာေၾကာင့္ နယူးကာဆယ္အသင္းကေန ေခၚယူခ်င္ေနတာျဖစ္ၿပီး ေဆာင္းေစ်းကြက္အတြင္းမွာပဲ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ဖြယ္ ရွိေနပါတယ္။
အိုေဇးဟာ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလကတည္းက အာဆင္နယ္ကေန ဖီနာဘာခ်ီအသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲစဥ္ေပါင္း ၂၀ အထိ ပါဝင္ကစားထားနိုင္ခဲ့သလို သြင္းဂိုး ၃ ဂိုးကိုလည္း သြင္းယူ ထားပါတယ္။
အိုေဇးဟာ ဖီနာဘာခ်ီအသင္းရဲ႕ အေရးအပါဆုံးေသာ ကစားသမားတစ္ဦး ျဖစ္ေနသလို ပရိသတ္အခ်စ္ေတာ္ ကစားသမားလည္း ျဖစ္ေနတာေၾကာင့္ အသင္းဘက္က အိုေဇးကို ေရာင္းထုတ္သြားဖို႔ အစီအစဥ္ မရွိေနသလို အိုေဇးနဲ႕ ဖီနာဘာခ်ီအသင္းရဲ႕ၾကား စာခ်ဳပ္သက္တမ္းက ၂၀၂၄ခုႏွစ္အထိ သက္တမ္းရွိေနေသးတာေၾကာင့္ အိုေဇးကို ေခၚယူဖို႔ဆိုတာက ခက္ခဲနိုင္ပါတယ္။
ေနာက္ၿပီး ဖီနာဘာခ်ီအသင္းဆိုတာကလည္း အိုေဇးအတြက္ အဓိပၸာယ္မ်ားစြာ ရွိေနတဲ့ ကလပ္အသင္း တစ္သင္းျဖစ္ေနတာေၾကာင့္ အိုေဇးအေနနဲ႕ ဒီအသင္းကေန ထြက္ခြာၿပီး တျခားအသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔က ျဖစ္နိုင္ေျခ အလြန္နည္းပါတယ္။ ဒါေပမယ့္ နယူးကာဆယ္အသင္းက အိုေဇးအျပင္ ဖီနာဘာခ်ီ ဂိုးသမားျဖစ္သူကိုပါ ေခၚယူဖို႔ ပစ္မွတ္ထားေနလ်က္ ရွိေနပါတယ္။