Spots news

ဇန်နဝါရီမှာ လူငယ်ကြယ်ပွင့် ဒိုင်ယာလိုကို အငှားချမယ့် နည်းပြဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့လူငယ် တိုက်စစ်ကစားသမား ဒိုင်ယာလိုရဲ့ ဒဏ်ရာ အနေအထား တိုးတက်ကောင်းမွန် လာပြီဆိုရင် ပုံမှန်ကစားခွင့်ရအောင် လာမယ့် ဇန်နဝါရီမှာ အငှားချသွားဖို့ ရှိတယ်လို့ ဝန်ခံပြောဆို လိုက်ပါတယ်။

အသက် ၁၉ နှစ် အရွယ်သာရှိသေးတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမား ဒိုင်ယာလိုဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် နွေရာသီကာလ အတွင်း ဖီယင်နု အသင်းဆီအငှားနဲ့ပြောင်းရွှေ့မယ့် ကိစ္စက ပျက်ပြယ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့ပြီး မကြာခင် ယူ-၂၃ အသင်းမှာ ပါဝင်ကစားမယ့် အနေအထားရှိနေပါပြီ။ ဆိုးလ်ရှားက “ပြီးခဲ့တဲ့ တစ်ပတ်က လက်စတာနဲ့ပွဲ မတိုင်ခင်မှာ ဒိုင်ယာလိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝလာအောင် ဆက်လက် လုပ်ဆောင် နေဆဲပါပဲ။

ဘောလုံးပြန် ကစားဖို့အသင့်ဖြစ် နေပြီဆိုရင်တော့ ယူ-၂၃ အသင်းအတွက် အရင်ဆုံးပါဝင်ကစားဖို့ ရှိနေပါတယ်။ သူ့ကို အသင်းမှာပဲ ဆက်ထားမလား ဒါမှမဟုတ် အငှားချမလား ဆိုတာကို လာမယ့် ခရစ္စမတ်ကာလ မတိုင်ခင်မှာ ကျွန်တော်တို့ဆုံးဖြတ် သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပဆိုးလ္ရွားက အသင္းရဲ႕လူငယ္ တိုက္စစ္ကစားသမား ဒိုင္ယာလိုရဲ႕ ဒဏ္ရာ အေနအထား တိုးတက္ေကာင္းမြန္ လာၿပီဆိုရင္ ပုံမွန္ကစားခြင့္ရေအာင္ လာမယ့္ ဇန္နဝါရီမွာ အငွားခ်သြားဖို႔ ရွိတယ္လို႔ ဝန္ခံေျပာဆို လိုက္ပါတယ္။

အသက္ ၁၉ ႏွစ္ အ႐ြယ္သာရွိေသးတဲ့ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ ကစားသမား ဒိုင္ယာလိုဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ေႏြရာသီကာလ အတြင္း ဖီယင္ႏု အသင္းဆီအငွားနဲ႕ေျပာင္းေ႐ႊ႕မယ့္ ကိစၥက ပ်က္ျပယ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က အသင္းနဲ႕အတူ ေလ့က်င့္ခန္းဆင္းခဲ့ၿပီး မၾကာခင္ ယူ-၂၃ အသင္းမွာပါဝင္ကစားမယ့္ အေနအထားရွိေနပါၿပီ။ ဆိုးလ္ရွားက “ၿပီးခဲ့တဲ့ တစ္ပတ္က လက္စတာနဲ႕ပြဲ မတိုင္ခင္မွာ ဒိုင္ယာလိုဟာ အသင္းနဲ႕အတူ ေလ့က်င့္ခန္းျပန္ဆင္းခဲ့ၿပီး ႀကံ့ခိုင္မႈ ျပည့္ဝလာေအာင္ ဆက္လက္ လုပ္ေဆာင္ ေနဆဲပါပဲ။

ေဘာလုံးျပန္ ကစားဖို႔အသင့္ျဖစ္ ေနၿပီဆိုရင္ေတာ့ ယူ-၂၃ အသင္းအတြက္ အရင္ဆုံးပါဝင္ကစားဖို႔ ရွိေနပါတယ္။ သူ႕ကို အသင္းမွာပဲ ဆက္ထားမလား ဒါမွမဟုတ္ အငွားခ်မလားဆိုတာကို လာမယ့္ ခရစၥမတ္ကာလ မတိုင္ခင္မွာ ကြၽန္ေတာ္တို႔ဆုံးျဖတ္ သြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။