Spots news

လူကာကူ နဲ့ ဝါနာရဲ့ ဒဏ်ရာအခြေအနေကို အတည်ပြုလိုက်တဲ့ နည်းပြတူချယ်လ်

Unicode Version

ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတဲ့ ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဝါနာနဲ့ လူကာကူ တို့ဟာ ရက်အတော်ကြာ အနားယူရဖို့ ရှိတယ်လို့ နည်းပြတူချယ်လ်က အတည်ပြု ပြောကြား လိုက်ပါတယ်။ ဝါနာနဲ့ လူကာကူ တို့ဟာ မာလ်မို အသင်းနဲ့ ပွဲစဉ်မှာ ပထမပိုင်း ကတည်းက ဒဏ်ရာတွေရရှိခဲ့တာကြောင့်

လူစားလဲခံခဲ့ရပြီး ချယ်လ်ဆီးအသင်းရဲ့ လာမယ့် ပွဲစဉ်တချို့ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ပြိုင်ပွဲစုံ ၇ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံး နေပြီး ရုန်းကန်နေရတဲ့ တိုက်စစ်မှူး လူကာကူဟာ ပယ်နယ်တီ ဧရိယာအတွင်း ပြိုင်ဘက်ရဲ့

ကြမ်းတမ်းတဲ့ ကစားပုံကြောင့် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်း ပယ်နယ်တီ ရရှိခဲ့ပေမယ့် လူကာကူကတော့ ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူခဲ့ရပြီး ဆကိလက် မကစားနိုင်တော့တဲ့ အတွက် လူစားလဲခဲ့ ရပါတယ်။

လူကာကူ လူစားလဲခံခဲ့ရပြီး မကြာခင်မှာပဲ ဝါနာဟာလဲ ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်လို့ အိုဒွိုင်းနဲ့ လူစားခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲမှာ တူချယ်လ်က “လူကာကူရဲ့ ခြေချင်းဝတ် လည်သွားခဲ့ပြီး ဝါနာကတော့ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ရက်တော်တော်ကြာ အနားယူရဖို့ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကြောင့် အသင်းရဲ့ လာမယ့်ပွဲတချို့ကို သူတို့နှစ်ယောက် လွဲချော်ဖို့ရှိနေပါပြီ။ လူကာကူ အတွက် ယုံကြည်မှု ရရှိအောင် ကြိုးစားနိုင်မယ့်အခွင့်အရေး ရှိနေတာဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဒဏ်ရာ ပြဿနာနဲ့

ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ လူကာကူ၊ ဝါနာ၊ ပူလီဆစ်တို့ ဒဏ်ရာရရှိ နေတာကြောင့် လာမယ့်ပွဲတွေကျရင် ချယ်လ်ဆီးအသင်း တိုက်စစ်ဟာ ပြသနာကြုံနေရပြီ ဖြစ်ပါတယ်။

Zawgyi Version

ခ်န္ပီယံလိဂ္ပြဲမွာ ဒဏ္ရာအသီးသီး ရရွိခဲ့ၾကတဲ့ ခ်ယ္လ္ဆီး အသင္းရဲ႕ တိုက္စစ္ ကစားသမားေတြ ျဖစ္တဲ့ ဝါနာနဲ႕ လူကာကူ တို႔ဟာ ရက္အေတာ္ၾကာ အနားယူရဖို႔ ရွိတယ္လို႔ နည္းျပတူခ်ယ္လ္က အတည္ျပဳ ေျပာၾကား လိုက္ပါတယ္။ ဝါနာနဲ႕ လူကာကူ တို႔ဟာ မာလ္မို အသင္းနဲ႕ ပြဲစဥ္မွာ ပထမပိုင္း ကတည္းက ဒဏ္ရာေတြရရွိခဲ့တာေၾကာင့္

လူစားလဲခံခဲ့ရၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ လာမယ့္ ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာ ၿပိဳင္ပြဲစုံ ၇ ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ဆုံး ေနၿပီး ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး လူကာကူဟာ ပယ္နယ္တီ ဧရိယာအတြင္း ၿပိဳင္ဘက္ရဲ႕

ၾကမ္းတမ္းတဲ့ ကစားပုံေၾကာင့္ ေျခခ်င္းဝတ္ ဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္း ပယ္နယ္တီ ရရွိခဲ့ေပမယ့္ လူကာကူကေတာ့ ေဆးအဖြဲ႕ရဲ႕ ကုသမႈကို ခံယူခဲ့ရၿပီး ဆကိလက္ မကစားနိုင္ေတာ့တဲ့ အတြက္ လူစားလဲခဲ့ ရပါတယ္။

လူကာကူ လူစားလဲခံခဲ့ရၿပီး မၾကာခင္မွာပဲ ဝါနာဟာလဲ ႂကြက္သားဒဏ္ရာ ရရွိခဲ့တာျဖစ္လို႔ အိုဒြိုင္းနဲ႕ လူစားခံခဲ့ရတာ ျဖစ္ပါတယ္။ ပြဲအၿပီးသတင္းစာ ရွင္းလင္းပြဲမွာ တူခ်ယ္လ္က “လူကာကူရဲ႕ ေျခခ်င္းဝတ္ လည္သြားခဲ့ၿပီး ဝါနာကေတာ့ တံေကာက္ေၾကာ ဒဏ္ရာ ရရွိခဲ့တာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ ရက္ေတာ္ေတာ္ၾကာ အနားယူရဖို႔ရွိတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒါေၾကာင့္ အသင္းရဲ႕ လာမယ့္ပြဲတခ်ိဳ႕ကို သူတို႔ႏွစ္ေယာက္ လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ လူကာကူ အတြက္ ယုံၾကည္မႈ ရရွိေအာင္ ႀကိဳးစားနိုင္မယ့္အခြင့္အေရး ရွိေနတာျဖစ္ၿပီး ကံဆိုးစြာနဲ႕ပဲ ဒဏ္ရာ ျပႆနာနဲ႕

ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လက္ရွိ အခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ အဓိက ကစားသမားေတြ ျဖစ္တဲ့ လူကာကူ၊ ဝါနာ၊ ပူလီဆစ္တို႔ ဒဏ္ရာရရွိ ေနတာေၾကာင့္ လာမယ့္ပြဲေတြက်ရင္ ခ်ယ္လ္ဆီးအသင္း တိုက္စစ္ဟာ ျပသနာႀကဳံေနရၿပီ ျဖစ္ပါတယ္။