Spots news

ဟာလန်းဟာ ရွှေဖလားအသင်းဆီ ရောက်လာနိုင်မယ်လို့ ဂိုးသမားဟောင်းကြီး သုံးသပ်

Unicode Version

အာဆင်နယ် ဂိုးသမားဟောင်းကြီး ဖြစ်တဲ့ ယန်းလေမန်း ကတော့ လာမယ့်နှစ်မှာ ဒေါ့မွန်ရဲ့ နာမည်ကျော်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကို အာဆင်နယ်တို့ ခေါ်ယူနိုင်မယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ဟာလန်းဟာ လက်ရှိ ဥရောပရဲ့ အတောက်ပဆုံး

ထိပ်သီးကြယ်ပွင့် ဖြစ်နေပြီး သူ့ကိုခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စား နေပါတယ်။ ဒေါ့မွန်ကလည်း သူတို့ရဲ့အဓိက တိုက်စစ်မှူးကို လက်မလွှတ်ရဖို့ အတွက် လစာ နှစ်ဆပေးပြီး စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင် နေတာပါ။

ဒါပေမယ့်လည်း ဟာလန်းကတော့ သူ့ရဲ့ကစားသမားဘဝ နောက်တစ်ဆင့် တက်ရေးအတွက် ထိပ်တန်းအသင်း တစ်သင်းကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ဒီအနေအထားမှာ အာဆင်နယ်တို့ ဟာလန်းကို ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်လို့ လေမန်းက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

လေမန်းက “ဟာလန်း ပိုင်ဆိုင်ထားတဲ့ အရပ်အမောင်းနဲ့ ခွန်အားက တကယ့်ကို ခန့်ခန့်ညားညားပါပဲ။ သူ့ရဲ့ ညာခြေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရှိဖို့ လိုအပ်သေးတာ ဟုတ်တာပေါ့။ ဒါပေမယ့် လူကောင်ကြီးမားတဲ့ သူ့လို ကစားသမားမျိုးက ဒီလောက်ကြီး မြန်လွန်းတာ ကျွန်တော် တစ်ခါမှမမြင်ဖူးပါဘူး”

“သူက အခုထိ ဒေါ့မွန်မှာပဲရှိပါသေးတယ်။ သူ သွားနိုင်ခြေ ရှိတဲ့အသင်း၊ သူ့အတွက် မတူကွဲပြားမှုတွေ ပေးနိုင်တဲ့အသင်းက များများစားစား မရှိပါဘူး။ သူ ယူနိုက်တက် ဒါမှမဟုတ် အာဆင်နယ်ကို သွားနိုင်ပါတယ်။ အဲ့ဒီနေရာတွေမှာဆိုရင် သူက အသင်းကို ထိပ်ဆုံးအဆင့်ထိ ပြန်ဆွဲတင်ပေးနိုင်မှာလေ” လို့ သုံးသပ်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီမှာ ယူရို ၇၅ သန်း ဝန်းကျင်သာ ရှိတော့မှာဖြစ်ပြီး ရီးရဲယ်မက်ဒရစ်က အမ်ဘာပေကိုသာ ခေါ်ယူနိုင်ခဲ့ရင် ဟာလန်းကိုခေါ်ယူဖို့ လက်တွန့်ဖွယ်ရှိပါတယ်။ ဒါပေမယ့် PSG က အမ်ဘာပေကိုသာ လက်လွှတ်ခဲ့ရရင် ဟာလန်းကိုအရခေါ်ယူဖွယ် ရှိနေပါတယ်။

Zawgyi Version

အာဆင္နယ္ ဂိုးသမားေဟာင္းႀကီး ျဖစ္တဲ့ ယန္းေလမန္း ကေတာ့ လာမယ့္ႏွစ္မွာ ေဒါ့မြန္ရဲ႕ နာမည္ေက်ာ္ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းကို အာဆင္နယ္တို႔ ေခၚယူနိုင္မယ္လို႔ ဖြင့္ဟေျပာၾကားလာပါတယ္။ ဟာလန္းဟာ လက္ရွိ ဥေရာပရဲ႕ အေတာက္ပဆုံး

ထိပ္သီးၾကယ္ပြင့္ ျဖစ္ေနၿပီး သူ႕ကိုေခၚယူဖို႔ ဥေရာပ ထိပ္တန္း အသင္းႀကီးေတြက အၿပိဳင္အဆိုင္ စိတ္ဝင္စား ေနပါတယ္။ ေဒါ့မြန္ကလည္း သူတို႔ရဲ႕အဓိက တိုက္စစ္မႉးကို လက္မလႊတ္ရဖို႔ အတြက္ လစာ ႏွစ္ဆေပးၿပီး စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ ေနတာပါ။

ဒါေပမယ့္လည္း ဟာလန္းကေတာ့ သူ႕ရဲ႕ကစားသမားဘဝ ေနာက္တစ္ဆင့္ တက္ေရးအတြက္ ထိပ္တန္းအသင္း တစ္သင္းကို ေျပာင္းေ႐ႊ႕ဖြယ္ ရွိေနပါတယ္။ ဒီအေနအထားမွာ အာဆင္နယ္တို႔ ဟာလန္းကို ေခၚယူနိုင္ေျခနဲ႕ ပတ္သက္လို႔ ေလမန္းက အခုလိုပဲ ေျပာၾကားလာခဲ့ပါတယ္။

ေလမန္းက “ဟာလန္း ပိုင္ဆိုင္ထားတဲ့ အရပ္အေမာင္းနဲ႕ ခြန္အားက တကယ့္ကို ခန့္ခန့္ညားညားပါပဲ။ သူ႕ရဲ႕ ညာေျခနဲ႕ ပတ္သက္လို႔ တိုးတက္မႈေတြ ရွိဖို႔ လိုအပ္ေသးတာ ဟုတ္တာေပါ့။ ဒါေပမယ့္ လူေကာင္ႀကီးမားတဲ့ သူ႕လို ကစားသမားမ်ိဳးက ဒီေလာက္ႀကီး ျမန္လြန္းတာ ကြၽန္ေတာ္ တစ္ခါမွမျမင္ဖူးပါဘူး”

“သူက အခုထိ ေဒါ့မြန္မွာပဲရွိပါေသးတယ္။ သူ သြားနိုင္ေျခ ရွိတဲ့အသင္း၊ သူ႕အတြက္ မတူကြဲျပားမႈေတြ ေပးနိုင္တဲ့အသင္းက မ်ားမ်ားစားစား မရွိပါဘူး။ သူ ယူနိုက္တက္ ဒါမွမဟုတ္ အာဆင္နယ္ကို သြားနိုင္ပါတယ္။ အဲ့ဒီေနရာေတြမွာဆိုရင္ သူက အသင္းကို ထိပ္ဆုံးအဆင့္ထိ ျပန္ဆြဲတင္ေပးနိုင္မွာေလ” လို႔ သုံးသပ္ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

ဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက လာမယ့္ေႏြရာသီမွာ ယူရို ၇၅ သန္း ဝန္းက်င္သာ ရွိေတာ့မွာျဖစ္ၿပီး ရီးရဲယ္မက္ဒရစ္က အမ္ဘာေပကိုသာ ေခၚယူနိုင္ခဲ့ရင္ ဟာလန္းကိုေခၚယူဖို႔ လက္တြန့္ဖြယ္ရွိပါတယ္။ ဒါေပမယ့္ PSG က အမ္ဘာေပကိုသာ လက္လႊတ္ခဲ့ရရင္ ဟာလန္းကိုအရေခၚယူဖြယ္ ရွိေနပါတယ္။