Spots news

လီဗာပူးထက် မန်ယူကို ရောက်ရှိဖို့ အခွင့်အရေး ပိုများနေတဲ့ နောက်ခံလူ ရာမိုစ့်

Unicode Version

ဘာနေဗျူး က ထွက်ခွာ မှာ သေချာနေ ပေမယ့် ရီးရဲ မက်ဒရစ် အသင်း ခေါင်းဆောင် ရာမိုစ့် ဟာ
ခံစစ် ပြသနာ ကို အကြီး အကျယ် ရင်ဆိုင် နေရတဲ့ လီဗာပူး ကိုတော့ ပြောင်းရွေ့မှာ မဟုတ်ပဲ ၂၀၁၅ က တည်းက ပြောင်းရွေ့ ရန်  နီးစပ် ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် လို့ သတင်းများက ဆိုကြ ပါတယ်။

လက်ရှိ လီဗာပူး ဟာ ဒဏ်ရာ ပြသနာ တွေ ဆက်တိုက် ရင်ဆိုင် နေရပြီး အဓိက နောက်ခံ လူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက် နဲ့ ဂိုးမက်စ် တို့ဟာ ဒူး ဒဏ်ရာ တွေ ကြောင့် ကာလရှည် အနားယူ နေရတာ ဖြစ်ပြီး မာတစ် ကလဲ ဇန်နဝါရီ လကုန်မှ ပြန်ကစား နိုင်ဖွယ် ရာ ရှိနေ ပါတယ်။

လက်ရှိ ခေါ်ယူ မည် ဆိုရင် အလွတ် ပြောင်းရွေ့ ကြေး နီးပါး ရရှိ နိုင်ပေမယ့် အသက် ၃၄ နှစ် အရွယ် ရာမို့စ်ရဲ့ လစာ ၊ လက်မှတ် ထိုးကြေး ၊ အေးဂျင့် ကြေး တို့ဟာ ကိုဗစ် ကာလ ကြောင့် ဘဏ္ဍာရေး အခက်အခဲ ကို ရင်ဆိုင် နေရတဲ့ လီဗာပူး အသင်းရဲ့ နောက်တန်း အင်အားဖြည့် မှုကို သိပ်ပြီး အထောက် အကူ ဖြစ်စေမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ၂၀၁၈ ချန်ပီယံ လိဂ် ဗိုလ်လုပွဲ မှာ ရာမို့်စ် ကြောင့် ဒဏ်ရာ ရရှိပြီး ဆာလတ် ဟာ လူစားလဲ ခဲ့ရပါတယ် ။ ထို့ကြောင့် လီဗာပူး ပရိတ်သတ် အများစု ရဲ့ အမုန်း တီးဆုံး ကစားသမား များ ထဲမှာ ရာမို့စ် ပါဝင် နေပြီး လီ‌ဗာပူး အနေနဲ့ ပရိတ်သတ် ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ခေါ်ယူမှာ မဟုတ်ဘူး လို့ သတင်း များက ရေးသား ဖော်ပြ ကြပါတယ် ။

အကယ် ၍ လီ‌ဗာပူး အသင်းကို ရာမိုစ့် မပြောင်းရွေ့ ဖြစ်ခဲ့ လျှင်ပင် ရာမိုစ့် အနေနဲ့ ရီးရဲမှ ရာသီကုန်လျှင် စာချုပ် ကုန်ဆုံးမှာ ဖြစ်လို့ အသင်းမှ ထွက်ခွာမှာ ဖြစ်ပါတယ်။

ရာမိုစ့် ဟာ ၂၀၁၅ နွေရာသီ အပြောင်းအရွေ့ မှာ မန်ချက်စတာ ယူနိုက်တက် သို့ ပြောင်းရွေ့ရန် စီစဉ်ခဲ့ ဘူးပေမယ့် အသင်းဥက္ကဌ ပီရက်ဇ် ကမက်မောစရာ လစာငွေ ၊ အပို ဆုကြေးတို့ ဖြင့် ၅ နှစ် စာချုပ် သက်တမ်း တိုးခဲ့ ပါတယ်။

ထို့ကြောင့် ရာမိုစ့် ကို ကမ်းလှမ်း လာမည့် အသင်း မရှိပါက မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှု များ ပြူလုပ် နိုင်ဖွယ်ရာ ရှိနေပြီး ရာမို့်ဟာ ပီးခဲ့တဲ့ အပြောင်း အရွေ့ကာလ မှာက တည်းက မန်ချက်စတာ ယူနိုက်တက် နဲ့ အပြောင်း အရွေ့ သတင်းထွက် နေခဲ့သူပါ။

မန်ချက်စတာ ယူနိုက်တက် အနေ နဲ့လဲ ရာမိုစ့် ကို ခေါ်ယူ နိုင်ဖွယ် ရာ ရှိနေပြီး တိုက်စစ်က သွင်းဂိုး နဲ့ ဖန်တီးမှု တွေ ပြုလုပ် နိုင်ပေ မယ့် ခံစစ်က သွင်းဂိုး များစွာ ခွင့်ပြု နေရ သောကြောင့် မက်ဂွိုင်းယား နဲ့ တွဲ ကစားမည့် ဒေါင်ဒေါင်မြည် နောက်ခံလူ တစ်ယောက် ကို ရှာဖွေ နေ ပါတယ်။