Spots news

အနားမယူခဲ့တဲ့ အသင်းသားများ ၊ ထွက်ခွာမယ့် ဗန်ဒီဘိခ်နဲ့ ယူနိုက်တက် သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းသားများဟာ အတ္တလန်တာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီး အနားယူခြင်း မရှိပဲ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် လီဗာပူး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက်

လေ့ကျင့်ခန်း အစီအစဉ်များ လုပ်ဆောင်ခဲ့ကြပြီ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ရလဒ်တွေ ဆိုးရွားနေပြီး လီ‌ဗာပူးနဲ့ အိမ်ကွင်းပွဲစဉ်မှာ သုံးမှတ်အပြည့်ရဖို့ လိုအပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဇန်နဝါရီ အပြောင်းအရွေ့မှာ ယူနိုက်တက်မှ ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပေါ့ဘာရဲ့

စာချုပ်သက်တမ်း တိုး မတိုး အခြေအနေ ကို စောင့်ကြည့်ပြီး ဗန်ဒီဘိခ်ကို ထွက်ခွာခွင့် ပေးပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ အတ္တလန်တာနဲ့ ပွဲစဉ်မှာ အခွင့်အရေးဖန်တီးမှု ၉ ကြိမ်အထိရှိခဲ့ပြီး ဒီမှတ်တမ်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ပွဲအတွင်း ယူနိုက်တက် အသင်းအတွက်

အခွင့်အရေး ၉ ကြိမ်အထိ ဖန်တီးပေးမှုမှာ ၂၀၀၃/၂၀၀၄ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ဘရူနိုဟာ အဆိုပါပွဲစဉ်ရဲ့ Man of the Match ကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က လက်စတာအသင်းကို ၄-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြ ဆိုးလ်ရှားက ကစားသမားများကို အရေးပေါ်တွေ့ဆုံမှုအဖြစ် ခေါ်ယူခဲ့ပြီး သူ့အပေါ် ကစားသမားများ အနေဖြင့်

ယုံကြည်မှု ထားကြပေးရန် တောင်းဆိုပြောဆိုခဲ့ကြောင်းသိရပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာ လာမယ့်ပွဲကြပ်ကာလအပေါ် မူတည်နေပြီ ဖြစ်ပါတယ်။

Zawgyi Version







