Spots news

တန်ဖိုးမသိတဲ့ ငဒူဆိုးလ်ရှားနားက ထွက်ခွာမယ့် ဗန်ဒီဘိခ် ရောက်ရှိနိုင်မယ့် အသင်း ၅ သင်း

Unicode Version

အိုင်းယက်စ်ရဲ့ အတောက်ပဆုံးကစားသမားကို ခေါ်ယူပြီး အရံခုံထိုင်းခိုင်းထားတဲ့ မန်ယူနိုက်တက်အသင်းအနေနဲ့ အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို လာမယ့်အပြောင်းအရွှေ့ကာလမှာ လက်လွှတ်ရဖွယ်ရှိနေပါတယ်။

တကယ်လို့ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် ဘယ်အသင်းတွေကို ဦးတည်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဲဒီအထဲကမှ ဖြစ်နိုင်ချေအရှိဆုံး အသင်း ၅ သင်းကို ဖော်ပြပေးပါမယ်။

(၁) အဲဗာတန်
ပြီးခဲ့တဲ့ နွေရာသီကတည်းက ဗန်ဒီဘိခ်ကို ချဥ်းကပ်ခဲ့တဲ့ အဲဗာတန်ဟာ မန်ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို သုတ်ဖို့အတွက် ချောင်းနေမှာပါပဲ။ ဗန်ဒီဘိခ်အနေနဲ့ မန်ယူနိုက်တက်မှာ ဆက်ရှိနေရတဲ့အကြောင်းအရာက

ဆိုးလ်ရှားရဲ့ တောင်းဆိုမှုကြောင့်သာ ဖြစ်ပြီး တကယ်လို့ မရောင်းချခဲ့ဘူးဆိုရင်တော့ ဂျက်ဆီလင်ဂတ်ကို အငှားချပြီး ခြေစွမ်းနဲ့ အတွေ့အကြုံပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့သလိုမျိုး ဗန်ဒီဘိခ်ကို လုပ်လာနိုင်ပါတယ်။

(၁) စပါး
Ndombele ထွက်ခွာဖို့များနေတဲ့ စပါးအသင်းဟာ သူ့ရဲ့နေရာကို အစားထိုးဖို့အတွက် ဗန်ဒီဘိခ်ကို ပစ်မှတ်ထားလာနိုင်ပါတယ်။ စပါးအသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယို ပါရာတီစီဟာ ဗန်ဒီဘိခ်ကို ကြိုက်နှစ်သက်တစ်ဦးဖြစ်ပြီး ဒီအပြောင်းအရွှေ့ဟာလည်း ဖြစ်လာနိုင်ပါတယ်။

(၃) ဂျူဗင်တပ်စ်
မန်ယူနိုက်တက် မခေါ်ခင်ကတည်းက ဗန်ဒီဘိခ်ကို စိတ်ဝင်တစား ကမ်းလှမ်းခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်ဟာလည်း ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ချေများပါတယ်။ ဂျူဗင်တပ်စ်မှာ ဗန်ဒီဘိခ်လို

ကစားသမားမျိုးလိုအပ်နေပြီး ဒီလိုက်တ်နဲ့ ဗန်ဒီဘိခ်တို့ဟာ သူငယ်ချင်းတွေဖြစ်ကြတဲ့အတွက် တကယ်လို့သာ မန်ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် ဒီအချက်ကို အသုံးချလာနိုင်ပါတယ်။

(၄) အင်တာမီလန်
အင်တာမီလန်ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ လူမသိ သူမသိ ဆိုးရွားမှုတွေရှိနေပါတယ်။ သို့ပေမယ့်လည်း အင်တာမီလန်နဲ့ မန်ယူနိုက်တက်ဟာ ယခုနောက်ပိုင်းမှာ ဆက်ဆံရေးကောင်းများကို တည်ဆောက်ထားကြပြီး

ဝယ်ယူခွင့်မဟုတ်ရင်တောင် အငှားချတာမျိုး ဖြစ်လာနိုင်ပါတယ်။ ယခင်ကတည်းက မန်ယူနိုက်တက်ကစားသမားတွေကို ဝယ်ယူလေ့ရှိတဲ့ အင်တာမီလန်ကိုလည်း ထည့်တွက်ရပါမယ်။

(၅) ဘာစီလိုနာ
အသင်းကို ပြန်လည်တည်ဆောက်ဆဲဖြစ်တဲ့ ဘာစီလိုနာအနေနဲ့ ဗန်ဒီဘိခ်လို ကစားသမားမျိုးကို အသင်းရဲ့ ကွင်းလယ်မှာ အသုံးချလာနိုင်ပါတယ်။ တစ်ချိန်က ဖာဘရီဂတ်စ်ကို ခေါ်ယူခဲ့သလိုမျိုးပဲ ဗန်ဒီဘိခ်လို ကစားဟန်မျိုးဟာ

ဘာစီလိုနာမှာ ထွန်းတောက်လာနိုင်ပါတယ်။ နယ်သာလန်အသင်းဖော်တွေဖြစ်တဲ့ ဖရန်ကီဒီဂျောင်၊ လုခ်ဒီဂျောင်နဲ့ မန်ဖစ်ဒီပေးတို့နဲ့အတူ ဘာစီလိုနာခေတ်သစ်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့အချက်တစ်ချက်ပါပဲ။

Zawgyi Version

အိုင္းယက္စ္ရဲ႕ အေတာက္ပဆုံးကစားသမားကို ေခၚယူၿပီး အရံခုံထိုင္းခိုင္းထားတဲ့ မန္ယူနိုက္တက္အသင္းအေနနဲ႕ အသင္းမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ဗန္ဒီဘိခ္ကို လာမယ့္အေျပာင္းအေ႐ႊ႕ကာလမွာ လက္လႊတ္ရဖြယ္ရွိေနပါတယ္။

တကယ္လို႔ ဗန္ဒီဘိခ္ရဲ႕ အေျပာင္းအေ႐ႊ႕သာ ျဖစ္ေျမာက္ခဲ့ရင္ ဘယ္အသင္းေတြကို ဦးတည္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ အဲဒီအထဲကမွ ျဖစ္နိုင္ေခ်အရွိဆုံး အသင္း ၅ သင္းကို ေဖာ္ျပေပးပါမယ္။

(၁) အဲဗာတန္
ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ဗန္ဒီဘိခ္ကို ခ်ဥ္းကပ္ခဲ့တဲ့ အဲဗာတန္ဟာ မန္ယူနိုက္တက္မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ဗန္ဒီဘိခ္ကို သုတ္ဖို႔အတြက္ ေခ်ာင္းေနမွာပါပဲ။ ဗန္ဒီဘိခ္အေနနဲ႕ မန္ယူနိုက္တက္မွာ ဆက္ရွိေနရတဲ့အေၾကာင္းအရာက

ဆိုးလ္ရွားရဲ႕ ေတာင္းဆိုမႈေၾကာင့္သာ ျဖစ္ၿပီး တကယ္လို႔ မေရာင္းခ်ခဲ့ဘူးဆိုရင္ေတာ့ ဂ်က္ဆီလင္ဂတ္ကို အငွားခ်ၿပီး ေျခစြမ္းနဲ႕ အေတြ႕အႀကဳံပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ခဲ့သလိုမ်ိဳး ဗန္ဒီဘိခ္ကို လုပ္လာနိုင္ပါတယ္။

(၁) စပါး
Ndombele ထြက္ခြာဖို႔မ်ားေနတဲ့ စပါးအသင္းဟာ သူ႕ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ဗန္ဒီဘိခ္ကို ပစ္မွတ္ထားလာနိုင္ပါတယ္။ စပါးအသင္းရဲ႕ အားကစားဒါရိုက္တာ ေဖဘီယို ပါရာတီစီဟာ ဗန္ဒီဘိခ္ကို ႀကိဳက္ႏွစ္သက္တစ္ဦးျဖစ္ၿပီး ဒီအေျပာင္းအေ႐ႊ႕ဟာလည္း ျဖစ္လာနိုင္ပါတယ္။

(၃) ဂ်ဴဗင္တပ္စ္
မန္ယူနိုက္တက္ မေခၚခင္ကတည္းက ဗန္ဒီဘိခ္ကို စိတ္ဝင္တစား ကမ္းလွမ္းခဲ့ဖူးတဲ့ ဂ်ဴဗင္တပ္စ္ဟာလည္း ဗန္ဒီဘိခ္ကို ေခၚယူနိုင္ေခ်မ်ားပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ဗန္ဒီဘိခ္လို

ကစားသမားမ်ိဳးလိုအပ္ေနၿပီး ဒီလိုက္တ္နဲ႕ ဗန္ဒီဘိခ္တို႔ဟာ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့အတြက္ တကယ္လို႔သာ မန္ယူနိုက္တက္ကေန ထြက္ခြာမယ္ဆိုရင္ ဒီအခ်က္ကို အသုံးခ်လာနိုင္ပါတယ္။

(၄) အင္တာမီလန္
အင္တာမီလန္ရဲ႕ ဘ႑ာေရးအေျခအေနဟာ လူမသိ သူမသိ ဆိုး႐ြားမႈေတြရွိေနပါတယ္။ သို႔ေပမယ့္လည္း အင္တာမီလန္နဲ႕ မန္ယူနိုက္တက္ဟာ ယခုေနာက္ပိုင္းမွာ ဆက္ဆံေရးေကာင္းမ်ားကို တည္ေဆာက္ထားၾကၿပီး

ဝယ္ယူခြင့္မဟုတ္ရင္ေတာင္ အငွားခ်တာမ်ိဳး ျဖစ္လာနိုင္ပါတယ္။ ယခင္ကတည္းက မန္ယူနိုက္တက္ကစားသမားေတြကို ဝယ္ယူေလ့ရွိတဲ့ အင္တာမီလန္ကိုလည္း ထည့္တြက္ရပါမယ္။

(၅) ဘာစီလိုနာ
အသင္းကို ျပန္လည္တည္ေဆာက္ဆဲျဖစ္တဲ့ ဘာစီလိုနာအေနနဲ႕ ဗန္ဒီဘိခ္လို ကစားသမားမ်ိဳးကို အသင္းရဲ႕ ကြင္းလယ္မွာ အသုံးခ်လာနိုင္ပါတယ္။ တစ္ခ်ိန္က ဖာဘရီဂတ္စ္ကို ေခၚယူခဲ့သလိုမ်ိဳးပဲ ဗန္ဒီဘိခ္လို ကစားဟန္မ်ိဳးဟာ

ဘာစီလိုနာမွာ ထြန္းေတာက္လာနိုင္ပါတယ္။ နယ္သာလန္အသင္းေဖာ္ေတြျဖစ္တဲ့ ဖရန္ကီဒီေဂ်ာင္၊ လုခ္ဒီေဂ်ာင္နဲ႕ မန္ဖစ္ဒီေပးတို႔နဲ႕အတူ ဘာစီလိုနာေခတ္သစ္တစ္ခုကို တည္ေဆာက္ဖို႔ဆိုတာ ျဖစ္နိုင္တဲ့အခ်က္တစ္ခ်က္ပါပဲ။