Spots news

ပရိတ်သတ်တွေကြောင့် ဒဏ်ရိုက်ခံရမယ့် မန်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း

Unicode Version

ဝက်စ်ဟမ်း အသင်းဟာ ရက်ပစ်ဝီယမ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ပရိတ်သတ်အချင်းချင်း အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် ဟမ်းမားတွေကို ဒဏ်ငွေ ယူရို 60000 ပေးဆောင်ဖို့

UEFA က အမိန့်ချလိုက်ပါတယ်။ အဆိုပါပွဲမှာ ပရိတ်သတ် တစ်ချို့က အတားအဆီးတွေကို ဖြတ်ကျော်ပြီး ကွင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

နောက်ထပ် ဒဏ်ရိုက်ခံခဲ့ရတဲ့ အသင်းကတော့ ပရီးမီးယားလိဂ် ဇာတ်လိုက်ကျော်ကြီး မန်ယူနိုက်တက်ပဲ ဖြစ်ပါတယ်။ ဗီလာရီးရဲယ်ကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ ဝက်စ်ဟမ်း ပရိတ်သတ်များနည်းတူ ရန်ဖြစ်ခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းအပြင်

ကွင်းအတွင်း ကျူးကျော် ဝင်ရောက်ခဲ့မှု တို့ကြောင့် UEFA က ယူရို ၈၃၇၅ ဒဏ်ငွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အနည်းငယ် ပုံစံကွဲပေမယ့် ဝက်စ်ဟမ်းကို ချမှတ်တဲ့ ဒဏ်ငွေထက် များစွာ သက်သာ နေပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အမျိုးသမီး အသင်းကိုလည်း သတိပေးခဲ့ပါတယ်။

အဲဒီပွဲမှာ အာဆင်နယ်အသင်း ကစားသမားအချို့ဟာ တစ်ဖက် ကစားသမားတွေကို မသင့်လျော်တဲ့ အပြုအမူအချို့ ပြုလုပ်ပြခဲ့တာမို့ UEFA ရဲ့ သတိပေးခြင်း ခံခဲ့ရပါတယ်။

Zawgyi Version

ဝက်စ်ဟမ်း အသင်းဟာ ရက်ပစ်ဝီယမ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ပရိတ်သတ်အချင်းချင်း အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် ဟမ်းမားတွေကို ဒဏ်ငွေ ယူရို ၆၀၀၀၀ ပေးဆောင်ဖို့




