Spots news

လီဗာပူးနဲ့ ပွဲမှာ ရလဒ်မကောင်းခဲ့ပါက ထုတ်ပယ်ခံရဖို့ သေချာနေပြီဖြစ်တဲ့ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆက်တိုက် ဆိုသလို ဆိုးရွားနေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့ကို ပေါင် ၁၀၀သန်းကျော် အသုံးပြုကာ အသင်းကို ခေါ်ယူ အားဖြည့်ထားပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေပြီး ၂ပွဲရှုံး ၁ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ သေချာစေရန် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစားဖို့ လိုအပ်နေပြီး ယခုတပတ်မှာတော့ လတ်တလောမှာ ရပ်တန့်နိုင်ဖို့ ခက်တဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၈) အပြီးမှာ ရမှတ် ၁၄မှတ်သာ ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာ ရှိနေပြီး အကယ်၍ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ ထပ်မံ အရေးနိမ့်ခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့်၁၀နေရာ အထိ ကျဆင်းသွားနိုင်ချေ ရှိပါတယ်။

အဆိုပါ အခြေအနေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေတာ ဖြစ်ပြီး အကယ်၍ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ ဂိုးပြတ် ရှုံးပွဲတပွဲ ကြုံတွေ့ခဲ့ပါက ဆိုးလ်ရှားကို ချက်ချင်း ထုတ်ပယ်ဖွယ် ရှိကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဆိုးလ်ရှားအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အတည်ပြုပေးထားပြီး အကယ်၍ လီဗာပူးနဲ့ပွဲမှာသာ ရလဒ်ကောင်း မရခဲ့ရင် ဆိုးလ်ရှားရဲ့ အခြေအနေဟာ ပိုမို ဆိုးရွားလာဖွယ် ရှိကြောင်း ပြောကြားထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လတ္တေလာမွာ ရလဒ္ေတြ ဆက္တိုက္ ဆိုသလို ဆိုး႐ြားေနတာေၾကာင့္ အသင္းရဲ႕ နည္းျပျဖစ္သူ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ စတင္ စဥ္းစားလာေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

ယူနိုက္တက္အသင္းဟာ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာ္နယ္ဒို ၊ ဗာရန္း ၊ ဆန္ခ်ိဳတို႔ကို ေပါင္ ၁၀၀သန္းေက်ာ္ အသုံးျပဳကာ အသင္းကို ေခၚယူ အားျဖည့္ထားၿပီး ဆုဖလားေတြကို စိန္ေခၚနိုင္ဖို႔ ရည္မွန္းထားခဲ့ေပမယ့္ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ပြဲမွာ နိုင္ပြဲေတြ ေပ်ာက္ဆုံးေနၿပီး ၂ပြဲရႈံး ၁ပြဲသေရ ရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔ ေသခ်ာေစရန္ လာမယ့္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ရရွိေအာင္ ႀကိဳးစားဖို႔ လိုအပ္ေနၿပီး ယခုတပတ္မွာေတာ့ လတ္တေလာမွာ ရပ္တန႔္နိုင္ဖို႔ ခက္တဲ့ ေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးအသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္(၈) အၿပီးမွာ ရမွတ္ ၁၄မွတ္သာ ရရွိထားကာ အမွတ္ေပးဇယားရဲ႕ အဆင့္၆ေနရာမွာ ရွိေနၿပီး အကယ္၍ လီဗာပူးအသင္းနဲ႕ ပြဲစဥ္မွာသာ ထပ္မံ အေရးနိမ့္ခဲ့ပါက အမွတ္ေပးဇယားရဲ႕ အဆင့္၁၀ေနရာ အထိ က်ဆင္းသြားနိုင္ေခ် ရွိပါတယ္။

အဆိုပါ အေျခအေနေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ နည္းျပဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ စတင္ စဥ္းစားေနတာ ျဖစ္ၿပီး အကယ္၍ လီဗာပူးအသင္းနဲ႕ ပြဲစဥ္မွာသာ ဂိုးျပတ္ ရႈံးပြဲတပြဲ ႀကဳံေတြ႕ခဲ့ပါက ဆိုးလ္ရွားကို ခ်က္ခ်င္း ထုတ္ပယ္ဖြယ္ ရွိေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ဆိုထားပါတယ္။

နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုကလည္း ဆိုးလ္ရွားအေနနဲ႕ ရာထူးကေန ထုတ္ပယ္ခံရမယ့္ အေျခအေနနဲ႕ ရင္ဆိုင္ေနရေၾကာင္း အတည္ျပဳေပးထားၿပီး အကယ္၍ လီဗာပူးနဲ႕ပြဲမွာသာ ရလဒ္ေကာင္း မရခဲ့ရင္ ဆိုးလ္ရွားရဲ႕ အေျခအေနဟာ ပိုမို ဆိုး႐ြားလာဖြယ္ ရွိေၾကာင္း ေျပာၾကားထားပါတယ္။