Unicode Version
လိုက်ဇစ်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ မက်ဆီဟာ ဟက်ထရစ် ရရှိစေမယ့် ပင်နယ်တီကို မသွင်းယူဘဲ အသင်းဖော်ဘတ်ပီကို ကန်သွင်းခွင့် ပြုခဲ့ပါတယ်။ တကယ်လို့ သူသာ ကန်သွင်းခဲ့မယ်ဆိုရင်
အသင်းသစ်နဲ့ အတူ ပထမဆုံး ဟက်ထရစ်ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်မှ ဖြစ်ပေမယ့် မက်ဆီက ဘတ်ပီကို ဦးစားပေးခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးကတော့ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။
အဆိုပါပွဲမှာ ပီအက်စ်ဂျီက ပင်နယ်တီ ၂ကြိမ်အထိ ရရှိခဲ့တာ ဖြစ်ပြီး ပထမတစ်ကြိမ်မှာ မက်ဆီက ကန်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ မက်ဆီရဲ့ ပင်နယ်တီ ကန်သွင်းခွင့် ပြုခဲ့တဲ့အပေါ်မှာ
ဘတ်ပီက အပြန်အလှန် လေးစားမှုဖြစ်ပြီး ဒါဟာ ပုံမှန်အတိုင်းသာ ဖြစ်တယ်လို့ ပြောဆိိုခဲ့ကာ မက်ဆီနဲ့ တွဲဖက် ကစားခွင့်ရတဲ့ အပေါ်မှာ ကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီကလည်း “ကျွန်တော် သွင်းယူခဲ့တဲ့ ဂိုးအားလုံးနဲ့ နောက်သွင်းယူမယ့် သွင်းဂိုးတွေက အသင်းဖော် တွေရဲ့ အားထုတ်မှုကနေ ရရှိခဲ့တဲ့ ဂိုးတွေ ဖြစ်ပါတယ်၊ အဲဒီတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်တဲ့ အချိန်မှာ
ဆိုရင်လည်း ကျွန်တော်ပျော်ရွှင် ရပါတယ်၊ ကျွန်တော် ဂိုးသွင်းနိုင် ချိန်မှာ သူတို့ ဖြစ်ပေါ်နေတဲ့ စိတ် ခံစားချက်နဲ့ အတူတူပါပဲ၊ လိုက်ဇစ်နဲ့ပွဲမှာ ဘတ်ပီက ကျွန်တော့်ကို သူ့ကြောင့်ရတဲ့ ပင်နယ်တီ ကန်သွင်းခွင့် ပေးခဲ့ပါတယ်”
“အဲဒီနောက် ဒီနေ့ညတော့ ငါတို့ တစ်ယောက်နှစ်ဂိုးစီ သွင်းကြ ရအောင်လို့ သူ့ကို ကျွန်တော်ပြောခဲ့ပြီး ပင်နယ်တီ ထပ်ရချိန်မှာ ကန်သွင်းခွင့် ပေးခဲ့တာပါ၊ ဒါပေမယ့်
ကျွန်တော် ဆန္ဒရှိသလိုတော့ ဖြစ်မလာခဲ့ဘဲ သူ လွဲချော်ခဲ့ပါတယ်၊ နောက်တစ်ကြိမ်တော့ သူ ဂိုးဝင်အောင် သွင်းနိုင်မှာပါ” လို့ ပြောဆိုခဲ့ကြောင်း Just Football က ဖော်ပြ ခဲ့ပါတယ်။
Zawgyi Version
လိုက္ဇစ္နဲ႕ပြဲမွာ ပီအက္စ္ဂ်ီအတြက္ ၂ ဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့တဲ့ မက္ဆီဟာ ဟက္ထရစ္ ရရွိေစမယ့္ ပင္နယ္တီကို မသြင္းယူဘဲ အသင္းေဖာ္ဘတ္ပီကို ကန္သြင္းခြင့္ ျပဳခဲ့ပါတယ္။ တကယ္လို႔ သူသာ ကန္သြင္းခဲ့မယ္ဆိုရင္
အသင္းသစ္နဲ႕ အတူ ပထမဆုံး ဟက္ထရစ္ရရွိမယ့္ အခြင့္အေရးကို ပိုင္ဆိုင္မွ ျဖစ္ေပမယ့္ မက္ဆီက ဘတ္ပီကို ဦးစားေပးခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးကေတာ့ ပင္နယ္တီ လြဲေခ်ာ္ခဲ့ပါတယ္။
အဆိုပါပြဲမွာ ပီအက္စ္ဂ်ီက ပင္နယ္တီ ၂ႀကိမ္အထိ ရရွိခဲ့တာ ျဖစ္ၿပီး ပထမတစ္ႀကိမ္မွာ မက္ဆီက ကန္သြင္းခဲ့ၿပီး ျဖစ္ပါတယ္။ မက္ဆီရဲ႕ ပင္နယ္တီ ကန္သြင္းခြင့္ ျပဳခဲ့တဲ့အေပၚမွာ
ဘတ္ပီက အျပန္အလွန္ ေလးစားမႈျဖစ္ၿပီး ဒါဟာ ပုံမွန္အတိုင္းသာ ျဖစ္တယ္လို႔ ေျပာဆိိုခဲ့ကာ မက္ဆီနဲ႕ တြဲဖက္ ကစားခြင့္ရတဲ့ အေပၚမွာ ေက်နပ္မိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
မက္ဆီကလည္း “ကြၽန္ေတာ္ သြင္းယူခဲ့တဲ့ ဂိုးအားလုံးနဲ႕ ေနာက္သြင္းယူမယ့္ သြင္းဂိုးေတြက အသင္းေဖာ္ ေတြရဲ႕ အားထုတ္မႈကေန ရရွိခဲ့တဲ့ ဂိုးေတြ ျဖစ္ပါတယ္၊ အဲဒီေတာ့ အသင္းေဖာ္ေတြ ဂိုးသြင္းနိုင္တဲ့ အခ်ိန္မွာ
ဆိုရင္လည္း ကြၽန္ေတာ္ေပ်ာ္႐ႊင္ ရပါတယ္၊ ကြၽန္ေတာ္ ဂိုးသြင္းနိုင္ ခ်ိန္မွာ သူတို႔ ျဖစ္ေပၚေနတဲ့ စိတ္ခံစားခ်က္နဲ႕ အတူတူပါပဲ၊ လိုက္ဇစ္နဲ႕ပြဲမွာ ဘတ္ပီက ကြၽန္ေတာ့္ကို သူ႕ေၾကာင့္ရတဲ့ ပင္နယ္တီ ကန္သြင္းခြင့္ ေပးခဲ့ပါတယ္”
“အဲဒီေနာက္ ဒီေန႕ညေတာ့ ငါတို႔ တစ္ေယာက္ႏွစ္ဂိုးစီ သြင္းၾကရေအာင္လို႔ သူ႕ကို ကြၽန္ေတာ္ေျပာခဲ့ၿပီး ပင္နယ္တီ ထပ္ရခ်ိန္မွာ ကန္သြင္းခြင့္ ေပးခဲ့တာပါ၊ ဒါေပမယ့္
ကြၽန္ေတာ္ ဆႏၵရွိသလိုေတာ့ ျဖစ္မလာခဲ့ဘဲ သူ လြဲေခ်ာ္ခဲ့ပါတယ္၊ ေနာက္တစ္ႀကိမ္ေတာ့ သူ ဂိုးဝင္ေအာင္ သြင္းနိုင္မွာပါ” လို႔ ေျပာဆိုခဲ့ေၾကာင္း Just Football က ေဖာ္ျပခဲ့ပါတယ္။