Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးလ်က အသင်းဟောင်း ယူနိုက်တက် အနေနဲ့ အတ္တလန္တာ ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် ပထမပိုင်းတုန်းကလိုသာ ဆက်ကစားဖြစ်မယ်ဆိုရင် လီဗာပူးဘက်က ပထမပိုင်းမှာတင် ၄ ဂိုးထိ သွင်းယူသွားလိမ့်မယ်လို့ အသင်းဟောင်းကို သတိပေးသွားခဲ့ လိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ ပွဲအစမှာ ကတည်းက ကစားကွက် ပိုင်ပိုင်နိုင်နိုင်တည်မရခဲ့ပဲ ဧည့်သည်အသင်းရဲ့ တည်ငြိမ်တဲ့ ပြန်လည် တုံ့ပြန်မှုမှာ ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုး နှစ်ဂိုး အထိကို ပေးခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက် နောက်တန်းတွေရဲ့ ပေါ့လျော့မှု ဖြစ်ပြီး ဒုတိယဂိုးဟာဆိုရင် အားလုံး ထောက်ပြနေတဲ့ တည်ကန်ဘောကနေ ဂိုးပေးခဲ့ရတာပါ။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နတ်ရေကန်ထဲက ပြန်တက်လာတဲ့ အလား ကစားအားတတ်လာခဲ့ပြီး ဘရူနိုရဲ့ ဖန်တီးပေးမှုကနေ ရက်ဖို့က ချေပဂိုး တစ်ဂိုး နောက်ခံလူ မက်ဂွိင်းယာ တစ်ဂိုးနဲ့ လုရှောရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်ပီး အနိုင်ဂိုးရယူကာ ၃-၂ နဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။
ပေါလ်စခိုးလ်က ” နိုင်ပွဲတွေ အတွက် ခင်ဗျားဟာ အောင်ပွဲခံနေမှာပါပဲ။ အကယ်လို့ ပြိုင်ဖက် အသင်းကသာ အတ္တလန္တာ မဟုတ်ပဲ လီဗာပူး၊ မန်စီးတီးတို့ဖြစ်နေခဲ့ရင် သူတို့တွေ ပထမပိုင်းမှာတင် ၄ ဂိုးအထိ ပြတ်နေလောက်ပါပြီ ။ ဟုတ်ပါတယ် ၊ ဒုတိယပိုင်းမှာ စိတ်လှုပ်ရှားစွာ ကစားပြနေတဲ့ သူတို့ရဲ့ တိုက်စစ်ကို ကြည့်ရတာ ကောင်းခဲ့ပါတယ် “
” အကယ်လို့ အရည်အသွေး ကောင်းလွန်းတဲ့ ပြိုင်ဖက် ကစားသမားတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဆိုရင် သူတို့ ပြန်နိုင်ဖို့ လမ်းစတောင် ရှိနေခဲ့မှာ မဟုတ်ပါဘူး ။ လူတွေက ကောင်းတာပဲ တွေးပြီး အိမ်ပြန်သွားကြမှာပါ ။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာရော သူတို့ ဒီတိုင်းပဲ ကစားကြဦးမှာလား? “
” သွားပါ ၊ တနင်္ဂနွေနေ့မှာ ဒီတိုင်းလေးသာ ကစားကြည့်လိုက်ပါ ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ် ။ ဒီပွဲကို ကြည့်ဖြစ်ခဲ့ရင် ကလော့ပ် ကတော့ လက်ချင်း ပွတ်နေလောက်ပါပြီ ” လို့ ပေါလ်စခိုးလ်က အသင်းဟောင်းကို သတိပေးစကား ပြောကြား သွားခဲ့လိုက်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ေပါလ္စခိုးလ္က အသင္းေဟာင္း ယူနိုက္တက္ အေနနဲ႕ အတၱလႏၲာ ကို ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္ ပထမပိုင္းတုန္းကလိုသာ ဆက္ကစားျဖစ္မယ္ဆိုရင္ လီဗာပူးဘက္က ပထမပိုင္းမွာတင္ ၄ ဂိုးထိ သြင္းယူသြားလိမ့္မယ္လို႔ အသင္းေဟာင္းကို သတိေပးသြားခဲ့ လိုက္ပါတယ္။
ယူနိုက္တက္အသင္းဟာ အတၱလႏၲာနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ပြဲအစမွာ ကတည္းက ကစားကြက္ ပိုင္ပိုင္နိုင္နိုင္တည္မရခဲ့ပဲ ဧည့္သည္အသင္းရဲ႕ တည္ၿငိမ္တဲ့ ျပန္လည္ တုံ႕ျပန္မႈမွာ ႐ုန္းကန္ခဲ့ရၿပီး ဦးေဆာင္ဂိုး ႏွစ္ဂိုး အထိကို ေပးခဲ့ရပါတယ္။ ဒါဟာ ယူနိုက္တက္ ေနာက္တန္းေတြရဲ႕ ေပါ့ေလ်ာ့မႈ ျဖစ္ၿပီး ဒုတိယဂိုးဟာဆိုရင္ အားလုံး ေထာက္ျပေနတဲ့ တည္ကန္ေဘာကေန ဂိုးေပးခဲ့ရတာပါ။
ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ နတ္ေရကန္ထဲက ျပန္တက္လာတဲ့ အလား ကစားအားတတ္လာခဲ့ၿပီး ဘ႐ူနိုရဲ႕ ဖန္တီးေပးမႈကေန ရက္ဖို႔က ေခ်ပဂိုး တစ္ဂိုး ေနာက္ခံလူ မက္ဂြိင္းယာ တစ္ဂိုးနဲ႕ လုေရွာရဲ႕ ျဖတ္တင္ေဘာကို ေရာ္နယ္ဒိုက ေခါင္းတိုက္ပီး အနိုင္ဂိုးရယူကာ ၃-၂ နဲ႕ အနိုင္ရယူခဲ့တာ ျဖစ္ပါတယ္။
ေပါလ္စခိုးလ္က ” နိုင္ပြဲေတြ အတြက္ ခင္ဗ်ားဟာ ေအာင္ပြဲခံေနမွာပါပဲ။ အကယ္လို႔ ၿပိဳင္ဖက္ အသင္းကသာ အတၱလႏၲာ မဟုတ္ပဲ လီဗာပူး၊ မန္စီးတီးတို႔ျဖစ္ေနခဲ့ရင္ သူတို႔ေတြ ပထမပိုင္းမွာတင္ ၄ ဂိုးအထိ ျပတ္ေနေလာက္ပါၿပီ ။ ဟုတ္ပါတယ္ ၊ ဒုတိယပိုင္းမွာ စိတ္လႈပ္ရွားစြာ ကစားျပေနတဲ့ သူတို႔ရဲ႕ တိုက္စစ္ကို ၾကည့္ရတာ ေကာင္းခဲ့ပါတယ္ “
” အကယ္လို႔ အရည္အေသြး ေကာင္းလြန္းတဲ့ ၿပိဳင္ဖက္ ကစားသမားေတြနဲ႕သာ ရင္ဆိုင္ခဲ့ရတာဆိုရင္ သူတို႔ ျပန္နိုင္ဖို႔ လမ္းစေတာင္ ရွိေနခဲ့မွာ မဟုတ္ပါဘူး ။ လူေတြက ေကာင္းတာပဲ ေတြးၿပီး အိမ္ျပန္သြားၾကမွာပါ ။ ဒါေပမဲ့ တနဂၤေႏြေန႕မွာေရာ သူတို႔ ဒီတိုင္းပဲ ကစားၾကဦးမွာလား? “
” သြားပါ ၊ တနဂၤေႏြေန႕မွာ ဒီတိုင္းေလးသာ ကစားၾကည့္လိုက္ပါ ။ ဘာေတြ ျဖစ္လာမလဲ ဆိုတာကို ခင္ဗ်ားတို႔ ျမင္ရပါလိမ့္မယ္ ။ ဒီပြဲကို ၾကည့္ျဖစ္ခဲ့ရင္ ကေလာ့ပ္ ကေတာ့ လက္ခ်င္း ပြတ္ေနေလာက္ပါၿပီ ” လို႔ ေပါလ္စခိုးလ္က အသင္းေဟာင္းကို သတိေပးစကား ေျပာၾကား သြားခဲ့လိုက္ပါတယ္။