Spots news

လီဗာပူးနဲ့ ပွဲစဉ်မှာ အဓိကကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ဖရက်ဒ်တို့ လွဲချော်ဖွယ်ရှိ

Unicode Version

မန်ချက်စတာ ယူနိုက်တက် နည်းပြဆိုးလ်ရှားက လီဗာပူး နှင့် ပွဲစဉ် အတွက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ပါဝင်နိုင်ဖို့ မသေချာကြောင်း ပြောကြား လိုက်ပါတယ်။ ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကစားသမား ၂ ယောက် သို့မဟုတ် ၃ ယောက်အထိ လွဲချော်ဖို့ရှိတယ်လို့ ပြောသွားပြီး လူစုံပါဝင်နိုင်ဖို့အတွက် မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ အတ္တလန္တာကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်အား ပွဲချိန်ပြည့် ကစားခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့် ဘရူနိုဟာ ပွဲပြီးခါနီးမှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှု အချို့ ကြုံတွေ့ခဲ့ရပါတယ်။ ဘရူနိုဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ သွေးပူ လေ့ကျင့်ခန်း ဆင်းရန် ရောက်လာခဲ့ပေမယ့်

နေ့လည်ပိုင်း ရောက်တဲ့ အချိန်မှာတော့ အခြေအနေက တဖြည်းဖြည်း ဆိုးရွားကာ ထော့နင်းထော့နင်းဖြင့် သွားနေခဲ့ရ ပါတယ်။ ထို့ကြောင့် နည်းပြဆိုးလ်ရှားဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာမှာ သာမန် ပွန်းပဲ့ဒဏ်ရာ မျှသာဖြစ်လာရန် မျှော်လင့်နေပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးနှင့် အရေးပါတဲ့ ပွဲစဥ်မှာ ပါဝင်နိုင်ရန် မျှော်လင့်နေပါတယ်။

ဘရူနို ကတော့ ဒီပွဲကို ပါဝင်နိုင်ဖို့ သူ့ရဲ့ကြံ့ခိုင်ရေး ကောင်းမွန်အောင် အစွမ်းကုန်ဆောင်ရွက်နေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောခဲ့ပါတယ်။ ဘရူနို နည်းတူ ပါဝင်နိုင်ဖို့မသေချာတဲ့ ကျန်တဲ့ ကစားသမားကတော့ ကွင်းလယ်လူ ဖရက်ဒ် ဖြစ်ပါတယ်။ ဒါကြောင့် အိုလေ ရဲ့ ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား မစုံမလင်နဲ့ လီဗာပူးကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ထိပ်ဆုံးမှ ချဲလ်ဆီးနှင့် ရမှတ် ၅ မှတ်ကွာဟနေပြီး ဒုတိယနေရာမှလီဗာပူးနှင့် ရမှတ် ၄ မှတ်ကွာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည် နေပါတယ်။ဒါကြောင့် ယူနိုက်တက်အနေဖြင့် လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူး နှင့် ပွဲတွင်သာ ရှုံးနိမ့်ပါက ပရီးမီးယားလိဂ် ချန်ပီယံဆုတိုက်ပွဲဝင် စာရင်းက ဖယ်ရှားခံ လာရဖို့ ရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပဆိုးလ္ရွားက လီဗာပူး ႏွင့္ ပြဲစဥ္ အတြက္ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္ ပါဝင္နိုင္ဖို႔ မေသခ်ာေၾကာင္း ေျပာၾကား လိုက္ပါတယ္။ ယေန႕ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကစားသမား ၂ ေယာက္ သို႔မဟုတ္ ၃ ေယာက္အထိ လြဲေခ်ာ္ဖို႔ရွိတယ္လို႔ ေျပာသြားၿပီး လူစုံပါဝင္နိုင္ဖို႔အတြက္ ေမွ်ာ္လင့္ေနဆဲျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ေပၚတူဂီ ကြင္းလယ္ ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ဟာ အတၱလႏၲာကို ၃-၂ ဂိုးျဖင့္ အနိုင္ရရွိတဲ့ပြဲစဥ္အား ပြဲခ်ိန္ျပည့္ ကစားခဲ့သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဘ႐ူနိုဟာ ပြဲၿပီးခါနီးမွာ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈ အခ်ိဳ႕ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဘ႐ူနိုဟာ ကာရင္တန္ ေလ့က်င့္ေရးကြင္းသို႔ ေသြးပူ ေလ့က်င့္ခန္း ဆင္းရန္ ေရာက္လာခဲ့ေပမယ့္

ေန႕လည္ပိုင္း ေရာက္တဲ့ အခ်ိန္မွာေတာ့ အေျခအေနက တျဖည္းျဖည္း ဆိုး႐ြားကာ ေထာ့နင္းေထာ့နင္းျဖင့္ သြားေနခဲ့ရ ပါတယ္။ ထို႔ေၾကာင့္ နည္းျပဆိုးလ္ရွားဟာ ဘ႐ူနို ဖာနန္ဒက္စ္ရဲ႕ ဒဏ္ရာမွာ သာမန္ ပြန္းပဲ့ဒဏ္ရာ မွ်သာျဖစ္လာရန္ ေမွ်ာ္လင့္ေနၿပီး တနဂၤေႏြေန႕မွာ ကစားရမယ့္ လီဗာပူးႏွင့္ အေရးပါတဲ့ ပြဲစဥ္မွာ ပါဝင္နိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

ဘ႐ူနို ကေတာ့ ဒီပြဲကို ပါဝင္နိုင္ဖို႔ သူ႕ရဲ႕ႀကံ့ခိုင္ေရး ေကာင္းမြန္ေအာင္ အစြမ္းကုန္ေဆာင္႐ြက္ေနတယ္လို႔ နည္းျပဆိုးလ္ရွားက ေျပာခဲ့ပါတယ္။ ဘ႐ူနို နည္းတူ ပါဝင္နိုင္ဖို႔မေသခ်ာတဲ့ က်န္တဲ့ ကစားသမားကေတာ့ ကြင္းလယ္လူ ဖရက္ဒ္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အိုေလ ရဲ႕ ယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား မစုံမလင္နဲ႕ လီဗာပူးကို ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ထိပ္ဆုံးမွ ခ်ဲလ္ဆီးႏွင့္ ရမွတ္ ၅ မွတ္ကြာဟေနၿပီး ဒုတိယေနရာမွလီဗာပူးႏွင့္ ရမွတ္ ၄ မွတ္ကြာ အမွတ္ေပးဇယားအဆင့္ ၆ ေနရာမွာ ရပ္တည္ ေနပါတယ္။ဒါေၾကာင့္ ယူနိုက္တက္အေနျဖင့္ လာမယ့္တနဂၤေႏြေန႕မွာ ကစားရမယ့္ လီဗာပူး ႏွင့္ ပြဲတြင္သာ ရႈံးနိမ့္ပါက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုတိုက္ပြဲဝင္ စာရင္းက ဖယ္ရွားခံ လာရဖို႔ ရွိပါတယ္။