Spots news

ဗန်ဒီဘိခ်လိုပဲ ဇန်နဝါရီမှာ ထွက်ခွာခွင့်တောင်းခံဖို့ ရှိနေတဲ့ ဝါရင့်ကွင်းလယ်လူ မာတာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စပိန် ဝါရင့် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မာတာဟာ အသင်းမှာ ဆက်နေရင် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မဖြစ်နိုင်တော့တာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

မာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ လူငယ် ကစားသမားတွေ ၊ ကစားသမားသစ်တွေ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကစားသမားပါ။

မာတာဟာ ၂၀၁၄ခုနှစ်မှာ ချယ်လ်ဆီးအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၇နှစ်တာ ကာလ အတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၇၄ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မာတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရရှိထားပြီး လူချစ်လူခင် ပေါများသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို အသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ အလိုရှိနေကြပါတယ်။

သို့ပေမယ့် မာတာကတော့ သူနဲ့ သက်တူရွယ်တူ ကစားသမားတွေ ဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား ၊ ဖာနန်ဒင်ဟိုတို့ ပုံမှန် ပွဲထွက်ခွင့်ရကာ ခြေစွမ်းပြနေတဲ့ အချိန်မှာ အရေးမပါတဲ့ ပွဲစဉ်တွေကိုသာ ကစားခွင့်ရတဲ့ အပေါ် မပျော်မရွှင် ဖြစ်နေပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ

အသင်းသစ် ရှာဖွေဖို့ သူ့ရဲ့ အေးဂျင့်ထံ အသိပေးထားကာ မန်ချက်စတာ ယူနိုက်တက်ကလည်း မာတာကို အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ လမ်းဖွင့်ပေးထားကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ စပိန္ ဝါရင့္ ကြင္းလယ္တိုက္စစ္ ကစားသမား ျဖစ္သူ မာတာဟာ အသင္းမွာ ဆက္ေနရင္ ပုံမွန္ ပြဲထြက္ခြင့္ ရရွိဖို႔ မျဖစ္နိုင္ေတာ့တာေၾကာင့္ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ အသင္းေျပာင္းဖို႔ စဥ္းစားေနေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

မာတာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ လူငယ္ ကစားသမားေတြ ၊ ကစားသမားသစ္ေတြ အတြက္ အေရးပါတဲ့ ကစားသမား တဦး ျဖစ္ေပမယ့္ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ကစားသမားပါ။

မာတာဟာ ၂၀၁၄ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္း ကေန မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၅သန္းနဲ႕ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ၇ႏွစ္တာ ကာလ အတြင္းမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၇၄ပြဲ အထိ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၅၁ဂိုး သြင္းယူထားနိုင္ကာ ဂိုးဖန္တီးမႈ ၄၇ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

မာတာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ယူရိုပါလိဂ္ ၁ႀကိမ္ ၊ အက္ဖ္ေအဖလား ၁ႀကိမ္ ၊ ကားလင္းဖလား ၁ႀကိမ္ ၊ ကြန္ျမဴနတီဒိုင္း ၁ႀကိမ္တို႔ကို ရရွိထားၿပီး လူခ်စ္လူခင္ ေပါမ်ားသူ ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တာဝန္ရွိသူေတြက သူ႕ကို အသင္းမွာပဲ ကစားသမားဘဝ အဆုံးသတ္ဖို႔ အလိုရွိေနၾကပါတယ္။

သို႔ေပမယ့္ မာတာကေတာ့ သူနဲ႕ သက္တူ႐ြယ္တူ ကစားသမားေတြ ျဖစ္တဲ့ ေဒးဗစ္ေဆးလ္ဗား ၊ ဖာနန္ဒင္ဟိုတို႔ ပုံမွန္ ပြဲထြက္ခြင့္ရကာ ေျခစြမ္းျပေနတဲ့ အခ်ိန္မွာ အေရးမပါတဲ့ ပြဲစဥ္ေတြကိုသာ ကစားခြင့္ရတဲ့ အေပၚ မေပ်ာ္မ႐ႊင္ ျဖစ္ေနၿပီး လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ

အသင္းသစ္ ရွာေဖြဖို႔ သူ႕ရဲ႕ ေအးဂ်င့္ထံ အသိေပးထားကာ မန္ခ်က္စတာ ယူနိုက္တက္ကလည္း မာတာကို အသင္းကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ေပးဖို႔ လမ္းဖြင့္ေပးထားေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။