Unicode Version
မန်ချက်စတာ ယူနိုက်တက် ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က ၁၂ လ အတွင်း ဆီမီး ဖိုင်နယ် အဆင့် လေးခုထိ တက်ရောက် နိုင်ခဲ့ပေမယ့် ပွဲစဉ် တိုင်းကို ရှုံးနိမ့်ခဲ့ ရတာကို သင်ခန်းစာ ယူဖို့ အသင်းဖော် တွေကို သတိပေး သွားခဲ့ ပါတယ်။
ကာရာဘောင်း ဖလား ပြိုင်ပွဲ ရဲ့ ဆီမီး ဖိုင်နယ် အဆင့် အဆုံး အဖြတ် ပွဲစဉ် မှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို ၀ – ၂ ဖြင့် ရှုံးနိမ့် ခဲ့ပြီး ပြိုင်ပွဲမှ နှုတ် ဆက် ခဲ့ရ ပါတယ်။
ဆိုးရှားရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပြိုင်ပွဲစုံ မှာ ဆီမီး ဖိုင်နယ် အဆင့်ထိ လေးကြိမ် တက်ရောက် နိုင်ခဲ့ ပြီး လေးကြိမ်လုံး ရှုံးပွဲ ကြုံတွေ့ ထားပါတယ်။
Man Utd 0-2 Man City (League Cup)
Man Utd 1-2 Sevilla (Europa League)
Man Utd 1-3 Chelsea (FA Cup)
Man Utd 1-3 Man City (League Cup)
ထို့ကြောင့် နည်းပြ ဆိုးလ်ရှား အနေနဲ့ အသင်းပိုင်ရှင် နဲ့ ဘုတ် အဖွဲ့မှ ကစားသမားသစ် အင်အား ကို အဆင့် တစ်ခုထိ ဖြည့်ဆည်း ပေး ထား ပေမယ့် ကိုင်တွယ် ခဲ့တဲ့ ၂ နှစ်တာ ကာလ မှာ ဆုဖလား တစ်လုံးမှ ရယူ ပေးနိုင်ခဲ့ ခြင်း မရှိတာ ကြောင့် ဝေဖန်ခံ နေရ ပါတယ်။
အသင်းရဲ့ အားထား ရတဲ့ ကစားသမား ဘရူနို ဖာနန်ဒက်စ် ကလဲ မန်စီးတီး နဲ့ ဆီမီး ဖိုင်နယ်မှာ ခြေစွမ်း ပြသနိုင် ခြင်း မရှိခဲ့လို့ ဂန္တဝင် ကစားသမား ဟောင်း ရွိုင်ကိန်းရဲ့ ဝေဖန်မှုကို ခံခဲ့ရပါ သေးတယ်။ ဘရူနို ဖာနန်ဒက်စ် က အသင်းကစားသမား တွေ အနေနဲ့ ပိုမို ကြိုးစားဖို့ လိုအပ်နေပြီး ၊ နောက်ထပ် ထပ်ပြီး မမှားကြအောင် ပြင်ဆင် သင့်ပီလို့ သတိပေး သွားခဲ့ ပါတယ်။
“ ထပ်ဖြစ် ပြန်ပါပြီ ။ နောက် တစ်ကြိမ် ဖိုင်နယ် အဆင့်ကို မတက်ရောက် နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းကို ဝမ်းနည်း စိတ်ပျက် မိခဲ့ ပါတယ် ။ ကျွန်တော်တို့ ရှေ့ဆက် တိုက်ပွဲ ဝင်ရမယ့် ပြိုင်ပွဲတွေ အများကြီး ရှိနေ ပါသေးတယ် ။ ဒါကြောင့် ဒါမျိုး အမှားတွေ ဖြစ်လာတာ များပြီ မို့ နောက်ထပ် မဖြစ် ရအောင် သတိထားဖို့ လိုအပ် နေပါပြီ ”
“ ကျွန်တော်တို့ အသင်း အတွက် အများကြီး ကြိုးစားဖို့ လိုအပ် ပါသေးတယ်။ ဆုဖလား တွေ စိန်ခေါ် ဖို့ ပိုမို ကြိုးစား အားထုတ် ရမယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က သတိပေး သွားခဲ့ လိုက် ပါတယ် ။