Spots news

မက်ဆီကြောင့် အီကာဒီနဲ့ အဂွဲရိုးကို အလဲအထပ်လုပ်ပေးမယ့် ပီအက်စ်ဂျီ

Unicode Version

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား မာရိုအီကာဒီနဲ့ ဘာစီလိုနာအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးတို့ကို ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားချင်နေပြီး မက်ဆီကလည်း ပီအက်စ်ဂျီမှာ အဂွဲရိုးနဲ့ တွဲဖက်ကစားချင်နေတယ်လို့ စပိန်အခြေစိုက် သတင်း မီဒိယာများက ဖော်ပြသွားပါတယ်။

အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူး အဂွဲရိုးဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ မန်စီးတီးကနေ ဘာစီလိုနာ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာတချို့နဲ့ပါ ရင်ဆိုင်နေရတာဖြစ်လို့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှသာ အသင်းအတွက် စတင်ကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဂွဲရိုးဟာ မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်လိုက်ရခြင်းဟာ သူရဲ့လက်ရွေးစင် အသင်းဖော်မက်ဆီနဲ့ တွဲဖက်ကစားဖို့အတွက် ဖြစ်ပေမယ့်လည်း မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ကြား သက်တမ်းတိုးဖို့ အဆင်မပြေနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ မက်ဆီလည်း ဘာစီလိုနာကနေ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

စပိန်သတင်းစာ တွေရဲ့ ဖော်ပြလာချက်တွေအရ လီယွန်နယ်မက်ဆီက အဂွဲရိုးနဲ့ တွဲဖက်ကစားချင်တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ အဂွဲရိုးကို ကမ်းလှမ်းပေးဖို့ တောင်းဆိုလာခဲ့ရာ ပီအက်စ်ဂျီဘက်က အသင်းနဲ့ အဆင်မပြေ ဖြစ်လို့နေတဲ့ တိုက်စစ် ကစားသမား အီကာဒီနဲ့ ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

အီကာဒီက အရည်အသွေးပြည့်ဝတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့်လည်း မက်ဆီနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေတဲ့သူ ဖြစ်နေသလို ပီအက်စ်ဂျီမှာလည်း မက်ဆီ နေမာ ဘာပေတို့ကို ကျော်လွန်ပြီး နေရာတစ်နေရာရဖို့ ခက်ခဲနေသူလည်း ဖြစ်နေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်နေရတာလည်း ဖြစ်ပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမား မာရိုအီကာဒီနဲ႕ ဘာစီလိုနာအသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ဆာဂ်ီယိုအဂြဲရိုးတို႔ကို ကစားသမားခ်င္း အလဲအထပ္ လုပ္ေဆာင္သြားခ်င္ေနၿပီး မက္ဆီကလည္း ပီအက္စ္ဂ်ီမွာ အဂြဲရိုးနဲ႕ တြဲဖက္ကစားခ်င္ေနတယ္လို႔ စပိန္အေျခစိုက္ သတင္း မီဒိယာမ်ားက ေဖာ္ျပသြားပါတယ္။

အာဂ်င္တီးနား ဝါရင့္တိုက္စစ္မႉး အဂြဲရိုးဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္အတြင္းကမွ မန္စီးတီးကေန ဘာစီလိုနာ အသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဒဏ္ရာျပသာနာတခ်ိဳ႕နဲ႕ပါ ရင္ဆိုင္ေနရတာျဖစ္လို႔ ဗလင္စီယာအသင္းနဲ႕ လာလီဂါပြဲစဥ္မွသာ အသင္းအတြက္ စတင္ကစားေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။

အဂြဲရိုးဟာ မန္စီးတီးအသင္းကေန ဘာစီလိုနာအသင္းကိုပဲ ေ႐ြးခ်ယ္လိုက္ရျခင္းဟာ သူရဲ႕လက္ေ႐ြးစင္ အသင္းေဖာ္မက္ဆီနဲ႕ တြဲဖက္ကစားဖို႔အတြက္ ျဖစ္ေပမယ့္လည္း မက္ဆီနဲ႕ ဘာစီလိုနာအသင္းတို႔ၾကား သက္တမ္းတိုးဖို႔ အဆင္မေျပနိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ မက္ဆီလည္း ဘာစီလိုနာကေန ထြက္ခြာခဲ့ရၿပီး ပီအက္စ္ဂ်ီအသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့ရပါတယ္။

စပိန္သတင္းစာ ေတြရဲ႕ ေဖာ္ျပလာခ်က္ေတြအရ လီယြန္နယ္မက္ဆီက အဂြဲရိုးနဲ႕ တြဲဖက္ကစားခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းအေနနဲ႕ အဂြဲရိုးကို ကမ္းလွမ္းေပးဖို႔ ေတာင္းဆိုလာခဲ့ရာ ပီအက္စ္ဂ်ီဘက္က အသင္းနဲ႕ အဆင္မေျပ ျဖစ္လို႔ေနတဲ့ တိုက္စစ္ ကစားသမား အီကာဒီနဲ႕ ကစားသမားခ်င္း အလဲအထပ္ လုပ္ေဆာင္သြားဖို႔ စီစဥ္လာခဲ့ပါတယ္။

အီကာဒီက အရည္အေသြးျပည့္ဝတဲ့ တိုက္စစ္ကစားသမားေကာင္းတစ္ဦး ျဖစ္ေပမယ့္လည္း မက္ဆီနဲ႕ ဆက္ဆံေရးပိုင္း အဆင္မေျပတဲ့သူ ျဖစ္ေနသလို ပီအက္စ္ဂ်ီမွာလည္း မက္ဆီ ေနမာ ဘာေပတို႔ကို ေက်ာ္လြန္ၿပီး ေနရာတစ္ေနရာရဖို႔ ခက္ခဲေနသူလည္း ျဖစ္ေနတာေၾကာင့္ အသင္းနဲ႕ လက္တြဲျဖဳတ္ဖို႔ နီးစပ္ေနရတာလည္း ျဖစ္ပါတယ္။