Unicode Version
နယူးကာဆယ် အသင်းဟာ လတ်တလောမှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ နောက်ခံကစားသမားဖြစ်သူ နီကလပ်စ်ဇူလာနဲ့ ဘိုင်ယန်ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ဖီးလစ်ကော်တင်ဟိုတို့ကို ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေလျက် ရှိတယ်လို့ သိရှိရပါတယ်။
ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ အသင်းအတွက် အင်အားဖြည့်တင်းမှုတွေကို ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ဆောင်ဖွယ် ရှိနေသလို လတ်တလောမှာတော့ နယူးကာဆယ်အသင်းဟာ ဘိုင်ယန်နောက်ခံလူ ဇူလာ ဘာစီလိုနာ တိုက်စစ်ကစားသမား ကော်တင်ဟိုတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွှယ်ရှိ ဂျာမနီနောက်ခံကစားသမား ဇူလာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ အခြေအနေကြောင့် အခုလို နယူးကာဆယ်ဘက်ကနေ ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကိုလည်း အလိုရှိနေပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေတယ်လို့ Blid မီဒီယာကနေ ဖော်ပြထားပါတယ်။
ဒီကစားသမား(၂)ယောက်အပြင် နယူးကာဆယ််ဟာ ချယ်လ်ဆီး အသင်းရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကိုလည်း အသင်းဆီ ခေါ်ဆောင် သွားချင်နေသလို လက်ရှိ အသင်းရဲ့ နည်းပြ နေရာမှာလည်း ထိပ်တန်းအသင်းနည်းပြ တစ်ဦးဦးနဲ့ အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။
Zawgyi Version
ဆောင်းရာသီ ဈေးကွက်အတွင်းမှာပဲ အသင်းအတွက် အင်အားဖြည့်တင်းမှုတွေကို ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ဆောင်ဖွယ် ရှိနေသလို လတ်တလောမှာတော့ နယူးကာဆယ်အသင်းဟာ ဘိုင်ယန်နောက်ခံလူ ဇူလာ ဘာစီလိုနာ တိုက်စစ်ကစားသမား ကော်တင်ဟိုတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကိုလည်း အလိုရှိနေပြီး လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေတယ်လို့ Blid မီဒီယာကနေ ဖော်ပြထားပါတယ်။
ဒီကစားသမား(၂)ယောက်အပြင် နယူးကာဆယ်ဟာ ချယ်လ်ဆီး အသင်းရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကိုလည်း အသင်းဆီ ခေါ်ဆောင် သွားချင်နေသလို လက်ရှိ အသင်းရဲ့ နည်းပြ နေရာမှာလည်း ထိပ်တန်းအသင်းနည်းပြ တစ်ဦးဦးနဲ့ အစားထိုးသွားချင်နေတယ်လို့ သိရပါတယ်။