Spots news

ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ မင်းတို့မရှက်ကြဘူးလား ဆိုပြီး ဆူခဲ့တဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရစ်မြစ်တစ်ခုအရ ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတ္တလန်တာ တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုက ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ဆူငေါက်ခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြသွားပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဧည့်သည် အသင်းရဲ့ နှစ်ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရတာ ဖြစ်ပြီး ကစားပုံလဲ လျော့တိလျော့ရဲ နိုင်ခဲ့သလို ပေးလိုက်ရတဲ့ နှစ်ဂိုးလုံးဟာလဲ ကစားသမားများရဲ့ ပေါ့လျော့မှု ကြောင့် ဖြစ်ခဲ့ရပါတယ်။ ထိုအခြေအနေကို ရော်နယ်ဒိုက ကျေနပ်ခြင်းမရှိပဲ နည်းပြ ဆိုးလ်ရှား မပြောခင်မှာပဲ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို ဆူငေါက်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက် အသင်းဟာ နည်းပြဖာဂူဆန် လက်ထက်က သုံးမိနစ် မန်ယူ ဆိုတဲ့အတိုင်း တဒိုင်းဒိုင်း တိုက်စစ်ဆင်လာခဲ့ပြီး ဘရူနိုရဲ့ ဖန်တီးပေးမှု‌ကနေ ရက်ဖို့က ချေပဂိုး တစ်ဂိုး နောက်ခံလူ မက်ဂွိင်းယာ တစ်ဂိုးနဲ့ လုရှောရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒိုက ခေါင်းတိုက်ပီး အနိုင်ဂိုးရယူကာ ၃-၂ နဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း အပြီး အဝတ်လဲခန်းထဲ ရောက်လျင် ရောက်ခြင်းမှာပဲ ရော်နယ်ဒိုက “ဒီ ၄၅ မိနစ်အတွက် မင်းတို့မရှက်ကြဘူးလား၊ မင်းတို့ခြေစွမ်းက လက်ခံနိုင်စရာ အကြောင်း ဘာမှမရှိဘူး၊ ပရိသတ်တွေရှေ့မှာ ယူနိုက်တက်ပုံစံက ဒီလိုမဟုတ်ဘူး၊ ဒီပွဲကို မနိုင်ရင် နောက်တဆင့်ကို တက်ဖို့ စိတ်ကူးမနေကြနဲ့တော့ “ဆိုပြီး ရော်နယ်ဒိုက အသင်းဖော်တွေကို စိတ်ဓာတ်မြှင့်တင်ရဖို့ ဆူငေါက်ခဲ့ပါတယ်။

ရော်နယ်ဒို ပြောပြီးတော့မှ ဆိုးလ်ရှားက အသင်းသားတွေကို မှာစရာရှိတာတွေ မှာခဲ့တာ ဖြစ်ကြောင်း ယူနိုက်တက်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုက The Sun ကို ပြောဆိုခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလဲ ပွဲအပြီး အင်တာဗျူးမှာ ရော်နယ်ဒိုဟာ အဝတ်လဲ ခန်းထဲမှာ အသင်းဖော်တွေကို စိတ်ဓာတ် တက်ကြွစေခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ နီးစပ္တဲ့ သတင္းရစ္ျမစ္တစ္ခုအရ ၿပီးခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕ အတၱလန္တာ တို႔ရဲ႕ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္မွာ ယူနိုက္တက္ အသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုက ပထမပိုင္း အၿပီး အဝတ္လဲခန္းထဲမွာ အသင္းသားေတြကို ဆူေငါက္ခဲ့ေၾကာင္း The Sun သတင္းစာက ေဖာ္ျပသြားပါတယ္။

ယူနိုက္တက္ဟာ ပထမပိုင္းမွာ ဧည့္သည္ အသင္းရဲ႕ ႏွစ္ဂိုးျပတ္ ဦးေဆာင္မႈကို ခံခဲ့ရတာ ျဖစ္ၿပီး ကစားပုံလဲ ေလ်ာ့တိေလ်ာ့ရဲ နိုင္ခဲ့သလို ေပးလိုက္ရတဲ့ ႏွစ္ဂိုးလုံးဟာလဲ ကစားသမားမ်ားရဲ႕ ေပါ့ေလ်ာ့မႈ ေၾကာင့္ ျဖစ္ခဲ့ရပါတယ္။ ထိုအေျခအေနကို ေရာ္နယ္ဒိုက ေက်နပ္ျခင္းမရွိပဲ နည္းျပ ဆိုးလ္ရွား မေျပာခင္မွာပဲ အဝတ္လဲခန္းထဲမွာ အသင္းေဖာ္ေတြကို ဆူေငါက္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ နည္းျပဖာဂူဆန္ လက္ထက္က သုံးမိနစ္ မန္ယူ ဆိုတဲ့အတိုင္း တဒိုင္းဒိုင္း တိုက္စစ္ဆင္လာခဲ့ၿပီး ဘ႐ူနိုရဲ႕ ဖန္တီးေပးမႈ‌ကေန ရက္ဖို႔က ေခ်ပဂိုး တစ္ဂိုး ေနာက္ခံလူ မက္ဂြိင္းယာ တစ္ဂိုးနဲ႕ လုေရွာရဲ႕ ျဖတ္တင္ေဘာကို ေရာ္နယ္ဒိုက ေခါင္းတိုက္ပီး အနိုင္ဂိုးရယူကာ ၃-၂ နဲ႕ အနိုင္ရယူခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း အၿပီး အဝတ္လဲခန္းထဲ ေရာက္လ်င္ ေရာက္ျခင္းမွာပဲ ေရာ္နယ္ဒိုက “ဒီ ၄၅ မိနစ္အတြက္ မင္းတို႔မရွက္ၾကဘူးလား၊ မင္းတို႔ေျခစြမ္းက လက္ခံနိုင္စရာ အေၾကာင္း ဘာမွမရွိဘူး၊ ပရိသတ္ေတြေရွ႕မွာ ယူနိုက္တက္ပုံစံက ဒီလိုမဟုတ္ဘူး၊ ဒီပြဲကို မနိုင္ရင္ ေနာက္တဆင့္ကို တက္ဖို႔ စိတ္ကူးမေနၾကနဲ႕ေတာ့ “ဆိုၿပီး ေရာ္နယ္ဒိုက အသင္းေဖာ္ေတြကို စိတ္ဓာတ္ျမႇင့္တင္ရဖို႔ ဆူေငါက္ခဲ့ပါတယ္။

ေရာ္နယ္ဒို ေျပာၿပီးေတာ့မွ ဆိုးလ္ရွားက အသင္းသားေတြကို မွာစရာရွိတာေတြ မွာခဲ့တာ ျဖစ္ေၾကာင္း ယူနိုက္တက္နဲ႕နီးစပ္တဲ့သတင္းရင္းျမစ္တစ္ခုက The Sun ကို ေျပာဆိုခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားကလဲ ပြဲအၿပီး အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုဟာ အဝတ္လဲ ခန္းထဲမွာ အသင္းေဖာ္ေတြကို စိတ္ဓာတ္ တက္ႂကြေစခဲ့ေၾကာင္း ေျဖၾကားခဲ့ပါတယ္။