Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဖိအားများ ရင်ဆိုင်နေရသည့် နည်းပြ ဆိုးလ်ရှားဟာ ကစားသမားများရဲ့ ထောက်ခံမှု ရရှိနေဆဲဖြစ်ပြီး အသင်းကို တိုးတက်မှုတွေ ရှိလာအောင် လုပ်ဆောင်ပေးထားကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး အဆင့် ၆ နေရာ ရောက်ရှိနေသလို ချန်ပီယံလိဂ်မှာလဲ နိုင်ပွဲပြန်လည် ရရှိပေမယ့် အတ္တလန်တာ အသင်းအား အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းမှာ ချေပဂိုးများနှင့် အနိုင်ဂိုးသွင်းယူနိုင် သောကြောင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ရော်နယ်ဒို အပါအဝင် နွေရာသီမှာလဲ အင်အား အတော်လေး ဖြည့်တင်းထားမှုကြောင့် တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားပြီ ဖြစ်ပေမယ့် ရလဒ်ရော ခြေစွမ်းပိုင်းပါ ရုန်းကန်နေရသဖြင့် နည်းပြ ဆိုးလ်ရှားအပေါ် ပြင်းထန်တဲ့ ဝေဖန်မှုများ ရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “သူက ကျွန်တော်တို့အသင်း နည်းပြပါ။ ကျွန်တော်တို့က နေ့တိုင်း သူ့နောက်ကိုပဲ လိုက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေအတိုင်း လိုက်နာနေပြီး ရှေ့ဆက်ပြီးလည်း လုပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ နည်းပြနဲ့ ဝန်ထမ်းတွေကို ယုံကြည်ပါတယ်။
နည်းပြပြောတဲ့အတိုင်း လိုက်လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြဆိုတာ ကျွန်တော်တို့ လေးစားမှု အမြင့်ဆုံးထားရတဲ့ သူမို့ပါ။ အသင်းအနေနဲ့ ဘာဆုဖလားမှမရသေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တိုးတက်မှုတွေ အများကြီးရှိလာတာတော့ မျက်မြင်ပါပဲ”ဟု ဘရာဇီးလ်အခြေစိုက် TNT Sports ရုပ်သံသို့ ပြောကြားခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္း ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္က ဖိအားမ်ား ရင္ဆိုင္ေနရသည့္ နည္းျပ ဆိုးလ္ရွားဟာ ကစားသမားမ်ားရဲ႕ ေထာက္ခံမႈ ရရွိေနဆဲျဖစ္ၿပီး အသင္းကို တိုးတက္မႈေတြ ရွိလာေအာင္ လုပ္ေဆာင္ေပးထားေၾကာင္း ထုတ္ေဖာ္ေျပာၾကား ခဲ့ပါတယ္။
ယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ သုံးပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးထားၿပီး အဆင့္ ၆ ေနရာ ေရာက္ရွိေနသလို ခ်န္ပီယံလိဂ္မွာလဲ နိုင္ပြဲျပန္လည္ ရရွိေပမယ့္ အတၱလန္တာ အသင္းအား အိမ္ကြင္း အိုးထရတ္ဖိုဒ့္မွာ ႏွစ္ဂိုးျပတ္ ရႈံးနိမ့္ေနရာမွ ဒုတိယပိုင္းမွာ ေခ်ပဂိုးမ်ားႏွင့္ အနိုင္ဂိုးသြင္းယူနိုင္ ေသာေၾကာင့္ နိုင္ပြဲရရွိခဲ့ျခင္း ျဖစ္ပါတယ္။
ယူနိုက္တက္ အသင္းဟာ ေရာ္နယ္ဒို အပါအဝင္ ေႏြရာသီမွာလဲ အင္အား အေတာ္ေလး ျဖည့္တင္းထားမႈေၾကာင့္ ေတာင့္တင္းတဲ့ လူစာရင္း ပိုင္ဆိုင္ထားၿပီ ျဖစ္ေပမယ့္ ရလဒ္ေရာ ေျခစြမ္းပိုင္းပါ ႐ုန္းကန္ေနရသျဖင့္ နည္းျပ ဆိုးလ္ရွားအေပၚ ျပင္းထန္တဲ့ ေဝဖန္မႈမ်ား ရွိေနပါတယ္။
ဘ႐ူနိုဖာနန္ဒက္စ္က “သူက ကြၽန္ေတာ္တို႔အသင္း နည္းျပပါ။ ကြၽန္ေတာ္တို႔က ေန႕တိုင္း သူ႕ေနာက္ကိုပဲ လိုက္ေနတာပါ။ ကြၽန္ေတာ္တို႔အေနနဲ႕ သူ႕ရဲ႕စိတ္ကူးစိတ္သန္းေတြအတိုင္း လိုက္နာေနၿပီး ေရွ႕ဆက္ၿပီးလည္း လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႕ ကိုယ့္ရဲ႕ နည္းျပနဲ႕ ဝန္ထမ္းေတြကို ယုံၾကည္ပါတယ္။
နည္းျပေျပာတဲ့အတိုင္း လိုက္လုပ္ဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ နည္းျပဆိုတာ ကြၽန္ေတာ္တို႔ ေလးစားမႈ အျမင့္ဆုံးထားရတဲ့ သူမို႔ပါ။ အသင္းအေနနဲ႕ ဘာဆုဖလားမွမရေသးဘူးဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ တိုးတက္မႈေတြ အမ်ားႀကီးရွိလာတာေတာ့ မ်က္ျမင္ပါပဲ”ဟု ဘရာဇီးလ္အေျခစိုက္ TNT Sports ႐ုပ္သံသို႔ ေျပာၾကားခဲ့ပါတယ္။