Unicode Version
ဒေါ့မွန် အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒေါ့မွန်ကနေ ထွက်ခွာပြီး အခြားအသင်း ပြောင်းမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀အထက် ပေးနိုင်မယ့်အသင်းကိုသာ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။
နော်ဝေသား လူငယ်တိုက်စစ် ကစားသမားဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွေ့မှာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄သန်းအထိ လျော့ကျသွားမှာ ဖြစ်ပြီး ဒေါ့မွန်ကနေ ထွက်နိုင်တဲ့ အနေအထား ရှိနေပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ တူချယ်က အသင်းမှာ တိုက်စစ်မှူး လူကာကူ ရှိနေပေမယ့် ဟာလန်းကို စိတ်ဝင်စားကြောင်း ယခု အပတ်အတွင်း ထုတ်ဖော်ထားခဲ့ပြီး ချဲလ်ဆီးအပြင် ဥရောပ ထိပ်သီးကလပ်အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊
ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးအသင်းတွေကလည်း ချိတ်ဆက်နေကြပါတယ်။ ဒါပေမဲ့ ESPNရဲ့ ဖော်ပြချက်အရ ၂၁နှစ်သားဟာ သူ့ကို တစ်နှစ်လုပ်ခ ပေါင် သန်း၃၀ အထိ ပေးနိုင်တဲ့ အသင်းကိုသာ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။
ဟာလန်းရဲ့ ငွေကြေး တောင်းဆိုမှုဟာ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို မလျော့ကျစေနိုင်ပေမဲ့ အေးဂျင့် ရွိုင်းအိုလာကို အေးဂျင့်ခများစွာ ပေးရမယ့်အချက်က အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်လို့
အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။ ဟာလန်းဟာ ဒေါ့မွန်ကို ရောက်လာပြီးနောက် ၆၉ပွဲ ကစားရာမှာ ဂိုး၇၀ သွင်းထားပြီး ယခုနှစ်ရာသီမှာလည်း ကလပ်နဲ့ နိုင်ငံအတွက် ၁၃ပွဲ ကစားထားရာမှာ ၁၈ဂိုး အထိ သွင်းထားခဲ့ပါတယ်။
Zawgyi Version
ေဒါ့မြန္ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေဒါ့မြန္ကေန ထြက္ခြာၿပီး အျခားအသင္း ေျပာင္းမယ္ဆိုရင္ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀၀၀အထက္ ေပးနိုင္မယ့္အသင္းကိုသာ ေျပာင္းေ႐ႊ႕သြားမယ္လို႔ သိရပါတယ္။
ေနာ္ေဝသား လူငယ္တိုက္စစ္ ကစားသမားဟာ လာမယ့္ႏွစ္ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၄သန္းအထိ ေလ်ာ့က်သြားမွာ ျဖစ္ၿပီး ေဒါ့မြန္ကေန ထြက္နိုင္တဲ့ အေနအထား ရွိေနပါတယ္။
ပရီးမီးယားလိဂ္ ကလပ္ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပ တူခ်ယ္က အသင္းမွာ တိုက္စစ္မႉး လူကာကူ ရွိေနေပမယ့္ ဟာလန္းကို စိတ္ဝင္စားေၾကာင္း ယခု အပတ္အတြင္း ထုတ္ေဖာ္ထားခဲ့ၿပီး ခ်ဲလ္ဆီးအျပင္ ဥေရာပ ထိပ္သီးကလပ္အသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္၊
ရီးရဲလ္မက္ဒရစ္၊ မန္စီးတီးအသင္းေတြကလည္း ခ်ိတ္ဆက္ေနၾကပါတယ္။ ဒါေပမဲ့ ESPNရဲ႕ ေဖာ္ျပခ်က္အရ ၂၁ႏွစ္သားဟာ သူ႕ကို တစ္ႏွစ္လုပ္ခ ေပါင္ သန္း၃၀ အထိ ေပးနိုင္တဲ့ အသင္းကိုသာ ေျပာင္းေ႐ႊ႕သြားမယ္လို႔ သိရပါတယ္။
ဟာလန္းရဲ႕ ေငြေၾကး ေတာင္းဆိုမႈဟာ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမႈကို မေလ်ာ့က်ေစနိုင္ေပမဲ့ ေအးဂ်င့္ ႐ြိုင္းအိုလာကို ေအးဂ်င့္ခမ်ားစြာ ေပးရမယ့္အခ်က္က အတားအဆီးတစ္ခု ျဖစ္လာနိုင္တယ္လို႔
အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။ ဟာလန္းဟာ ေဒါ့မြန္ကို ေရာက္လာၿပီးေနာက္ ၆၉ပြဲ ကစားရာမွာ ဂိုး၇၀ သြင္းထားၿပီး ယခုႏွစ္ရာသီမွာလည္း ကလပ္နဲ႕ နိုင္ငံအတြက္ ၁၃ပြဲ ကစားထားရာမွာ ၁၈ဂိုး အထိ သြင္းထားခဲ့ပါတယ္။