Spots news

လီဗာပူး ကို ဂိုးသွင်းဖို့ ခက်ခဲတဲ့ မှတ်တမ်းပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒို

Unicode Version

တနင်္ဂ‌နွေနေ့ရဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူး အသင်းတို့ ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် လီဗာပူး အသင်းနဲ့ စုစုပေါင်း တွေ့ဆုံမူ ၁၃ ကြိမ် အထိရှိလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့်သူ့အတွက် ဂိုးသွင်းရ ခက်ခဲတဲ့ အသင်းတသင်းလဲ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို အတွက် လီဗာပူးကို ရင်ဆိုင်ကစားဖို့ အရင်လို ကြံခိုင်အုံး မှာလားဆိုတာ ကတော့ ကြည့်ချင်စရာကောင်း လှပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းကို ပြန်လည် ရောက်ရှိလာချိန်မှာ ပြိုင်ပွဲစုံ ၈ ပွဲကစားခဲ့ပြီး ၆ ဂိုး အထိ သွင်းယူထား နိုင်ခဲ့ပါတယ်။ ၃၆ နှစ်အရွယ် ကစားသမား အနေနဲ့ ဒါဟာ

တော်တော်လေး ကောင်းမွန်တဲ့ မှတ်တမ်းဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းနဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၈ ပွဲ တွေ့ဆုံခဲ့ရာမှာ ၂ ပွဲရှံး၊ ၁ ပွဲသရေ၊ ၅ ပွဲ အနိုင် ရရှိထားပြီး ရော်နယ်ဒို က သွင်းဂိုး ၂ ဂိုးသာ ရရှိထား ခဲ့ပါတယ်။

FACup မှာ ၁ ကြိမ် တွေ့ဆုံခဲ့ရာ ယူနိုက်တက်က ၁ ဂိုး ဂိုးမရှိဖြင့် ရှံးနိမ့်ခဲ့ ပါတယ်။ ရော်နယ်ဒို ကတော့ ဂိုးသွင်းထား နိုင်ခဲ့ခြင်း မရှိပါဘူး။ ကျန်  ၃ ပွဲကတော့ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ် အသင်းမှာ ရှိစဥ်က ရင်ဆိုင် ကစားခဲ့တာ ဖြစ်ပါတယ်။ ယင်း ၃ ပွဲစလုံး ဟာ ချန်ပီယံလိဂ် မှာဘဲတွေ့ဆုံခဲ့တာ ဖြစ်ပြီး

ရော်နယ်ဒို က ရီးရဲ အသင်းအတွက် ၁ ဂိုးသာ သွင်းယူထားနိုင် ခဲ့ပါတယ်။ ပွဲပေါင်း အားလုံး စုစုပေါင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့ ပြောရရင် ရော်နယ်ဒိုဟာ  ၁၂ နှစ်အကြာမှာ လီဗာပူး အသင်းကို ပရီးမီးယားလိဂ်မှာ ပြန်လည်တွေ့ဆုံခြင်း ဖြစ်ပါတယ်။

Zawgyi Version

တနဂၤ‌ေႏြေန႕ရဲ႕ ပြဲႀကီးပြဲေကာင္း တစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕ လီဗာပူး အသင္းတို႔ ပြဲစဥ္မွာ ယူနိုက္တက္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒို ပါဝင္ခြင့္ရခဲ့မယ္ဆိုရင္ လီဗာပူး အသင္းနဲ႕ စုစုေပါင္း ေတြ႕ဆုံမူ ၁၃ ႀကိမ္ အထိရွိလာမွာ ျဖစ္ပါတယ္။ အထူးသျဖင့္သူ႕အတြက္ ဂိုးသြင္းရ ခက္ခဲတဲ့ အသင္းတသင္းလဲ ျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ ေရာ္နယ္ဒို အတြက္ လီဗာပူးကို ရင္ဆိုင္ကစားဖို႔ အရင္လို ႀကံ့ခိုင္အုံး မွာလားဆိုတာ ကေတာ့ ၾကည့္ခ်င္စရာေကာင္း လွပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္ အသင္းကို ျပန္လည္ ေရာက္ရွိလာခ်ိန္မွာ ၿပိဳင္ပြဲစုံ ၈ ပြဲကစားခဲ့ၿပီး ၆ ဂိုး အထိ သြင္းယူထား နိုင္ခဲ့ပါတယ္။ ၃၆ ႏွစ္အ႐ြယ္ ကစားသမား အေနနဲ႕ ဒါဟာ

ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ မွတ္တမ္းဆိုတာကို လက္ခံရမွာ ျဖစ္ပါတယ္။ လီဗာပူး အသင္းနဲ႕ ေရာ္နယ္ဒိုဟာ ယူနိုက္တက္နဲ႕ အတူ ပရီးမီးယားလိဂ္မွာ စုစုေပါင္း ၈ ပြဲ ေတြ႕ဆုံခဲ့ရာမွာ ၂ ပြဲရွံး၊ ၁ ပြဲသေရ၊ ၅ ပြဲ အနိုင္ ရရွိထားၿပီး ေရာ္နယ္ဒို က သြင္းဂိုး ၂ ဂိုးသာ ရရွိထား ခဲ့ပါတယ္။

FACup မွာ ၁ ႀကိမ္ ေတြ႕ဆုံခဲ့ရာ ယူနိုက္တက္က ၁ ဂိုး ဂိုးမရွိျဖင့္ ရွံးနိမ့္ခဲ့ ပါတယ္။ ေရာ္နယ္ဒို ကေတာ့ ဂိုးသြင္းထား နိုင္ခဲ့ျခင္း မရွိပါဘူး။ က်န္  ၃ ပြဲကေတာ့ ေရာ္နယ္ဒိုဟာ ရီးရဲမက္ဒရစ္ အသင္းမွာ ရွိစဥ္က ရင္ဆိုင္ ကစားခဲ့တာ ျဖစ္ပါတယ္။ ယင္း ၃ ပြဲစလုံး ဟာ ခ်န္ပီယံလိဂ္ မွာဘဲေတြ႕ဆုံခဲ့တာ ျဖစ္ၿပီး

ေရာ္နယ္ဒို က ရီးရဲ အသင္းအတြက္ ၁ ဂိုးသာ သြင္းယူထားနိုင္ ခဲ့ပါတယ္။ ပြဲေပါင္း အားလုံး စုစုေပါင္းက ၁၂ ႀကိမ္ ေတြ႕ဆုံခဲ့ျခင္း ျဖစ္ပါတယ္။ ယူနိုက္တက္ အသင္းအေနနဲ႕ ေျပာရရင္ ေရာ္နယ္ဒိုဟာ  ၁၂ ႏွစ္အၾကာမွာ လီဗာပူး အသင္းကို ပရီးမီးယားလိဂ္မွာ ျပန္လည္ေတြ႕ဆုံျခင္း ျဖစ္ပါတယ္။