Unicode Version
မန်ချက်စတာ ယူနိုက်တက် သို့ အငှား လာရောက် ကစားနေတဲ့ တိုက်စစ်မှူး အီဂါလို ဟာ ဝက်ဖို့ဒ် နဲ့ ကစား မည့် FA cup ပွဲစဉ်မှာ ပါဝင် ကစား မှာ ဖြစ်ကြောင်း နည်းပြ ဆိုလ်း ရှားက အတည်ပြု ပြောကြား လိုက်ပါတယ်။ အီဂါလို ဟာ ဇန်နဝါရီ လကုန်မှာ ယူနိုက်တက် နဲ့ စာချုပ် ကုန်ဆုံး မှာ ဖြစ်ပြီး အသင်းက နေ ပြန်လည် ထွက်ခွာ တော့ မှာပါ။
အီဂါလို ကို မနှစ်က ဇန်နဝါရီ အပြောင်း အရွေ့မှာ ဒဏ်ရာ ရရှိ နေတဲ့ တိုက်စ်မှူး မားကပ် ရပ်ရှ်ဖို့ ရဲ့ နေရာမှာ ယာယီ အစားထိုး ဖို့ ခေါ်ယူ ခဲ့တာ ဖြစ်ပြီး ပထမ စာချုပ် ခြောက်လ ပြည့်မြောက် ပေမယ့် ကစားသမား က ဆက်ရှိ နေ ချင်သေးပြီး နည်းပြ နဲ့ ပရိတ်သတ် များကပါ အကြိုက် တွေ့တဲ့ သူဖြစ်လို့ စာချုပ် သက်တမ်း တိုးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ် ဖြစ်တာမို့ လစာ လျော့ယူကာ ပြောင်း ရွေ့ လာတဲ့ အီဂါလို ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် ရဲ့ ရှုံးထွက် ပွဲစဉ် ၊ ယူရိုပါလိဂ် ပွဲစဉ်တွေ မှာ ပါဝင် ကစားခွင့် ရခဲ့ ပေမယ့် ရပ်ရှ်ဖို့ ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာ သလို ကာဗာနီ ကိုလည်း ခေါ်ယူ ခဲ့တာကြောင့် အီဂါလို ရဲ့ ပွဲကစားခွင့် ဟာ ဒီရာသီ မှာတော့ အလွန် နည်းပါး သွားခဲ့ရ ပါတယ် ။
ယနေ့ ညမှာ ယှဉ်ပြိုင်မယ့် FA cup ပွဲစဉ် မှာတော့ အီဂါလို ကို ပြန်လည် မြင်တွေ့ ရမည် ဖြစ်ကြောင်း နည်းပြ ဆိုလ်းရှားက ပြောဆို ခဲ့ပါတယ်။
“ အီဂါလိုဟာ ဝက်ဖို့ဒ် နဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ် လူစာရင်း မှာ ရှိနေ မှာပါ။ ပရော် ဖက်ရှင် နယ် ပီသ သူ တစ်ဦး ဖြစ်ပြီး ပွဲထွက်ခွင့် ယခု ရာသီမှာ သိပ်မရ ရှိခဲ့ ပေမယ့် လေ့ကျင့်ရေး မှာ အမြဲ ကြိုးစား လေ့ ရှိသူပါ။ အသင်း ဖော် တွေ အတွက် မိတ်ဆွေ ကောင်း တစ်ဦး ဖြစ်ပြီး ထိပ်တန်း တိုက်စစ် မှူး တစ်ဦးလဲ ဖြစ် ပါတယ် ” ဟု ပြောဆို သွားခဲ့ ပါတယ်။
ထို့အတူ ကွင်းလယ် ကစား သမား ဒွန်နီ ဘန်ဒီဘိခ် လဲ ပါဝင် ကစား မည် ဖြစ် ကြောင်း နည်းပြဆိုလ်းရှား က ပြောဆို သွားခဲ့ ပါတယ်။
“ ဒွန်နီ က လဲ ယခု ပွဲ စဉ်မှာ ပါဝင် မှာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ခြေစွမ်း ကို ပြသဖို့ အခွင့် အရေး တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် သူ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး အသိ အမှတ် ပြုကြောင်း သူနဲ့ ဆွေးနွေး ဖြစ်ပါတယ်။ သူပါဝင် ကစားပြီး ခြေစွမ်း ပြသ ပါ လိမ့်မယ် ”
ဆိုလ်းရှား ဟာ လူငယ်တွေ နဲ့ ပွဲ ထွက်ခွင့် နည်းပါး နေသူ တွေကို ဦးစား ပေးသွား မှာ ဖြစ်ပြီး ပယ်လီစထရီ ကတော့ ကိုဗစ် ကူးစက် ခံရလို့ ပါဝင် နိုင်မှာ မဟုတ်ပါဘူး။
ဆိုလ်းရှား ဟာ အသင်း နဲ့ ယခု ရာသီမှာ ပွဲထွက် ခွင့် မရရှိ သေး တဲ့ ဂျက်ဆီလင်ဂတ် အပြင် မာတာ တို့လို စီနီယာ ကစား သမားတွေ ကို တွမ်ဇီဘီ ၊ ဝီလ်ယံ ၊ ဂျိမ်းစ် တို့ နဲ့ အတူ တွဲဖက် ၍ ပါဝင် လာနိုင်ပြီး လင်ဒီလော့ဖ် ဒဏ်ရာ ရ နေစဉ်မှာ ခြေစွမ်း တွေ ပြသနေတဲ့ အဲရစ် ဘိုင်လီလည်း ပါဝင် လာဖွယ် ရှိနေ ပါတယ် ။