Spots news

လီဗာပူးနဲ့ ပွဲမှာ ကစားကွက်အသစ်သုံးမယ့် ဆိုးလ်ရှားနဲ့ ယူနိုက်တက် သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား အနေနဲ့ လာမယ့် လီဗာပူး နှင့်ပွဲစဉ်မှာ မထင်မှတ် ထားတဲ့ ကစားကွက် အခင်းအကျင်းကိုအသုံးပြုလာဖွယ် ရှိကြောင်း သိရပါတယ်။ လရူနိုဖာနန်ဒက်စ် ကဲ့သို့ အဓိက ကစားသမား အချို့မပါ၀င်‌ နိုင်သော်လည်း ထိုအခြေအနေများကို
အကြောင်းပြချက်

ပေးနေမှာ မဟုတ်ပဲ လီဗာပူး အသင်းနဲ့ ပွဲစဉ်အား ရလဒ်ကောင်း ရရှိအောင် ပုံဖော်သွား နိုင်မည်ဟု ယုံကြည်နေကြောင်း သိရပါတယ် ။ ယခုပွဲစဉ်ရလဒ်ဟာ နည်းပြဆိုးလ်ရှား အတွက် ယူနိုက်တက် နည်းပြ အလှည့် အပြောင်းဖြစ်လာနိုင်သော ပွဲစဉ် ဖြစ်နိုင်ကြောင်း သိရပါတယ်။

ယူနိုက်တက် လူငယ် ဂိုးသမား ဟန်ဒါဆန် ဟာ သူ့ အနေဖြင့် ယူနိုက်တက် တွင် ပွဲထွက်ခွင့် ပွဲ များများ မကစားရပါက လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ တွင် အဌား ပြောင်းရွေ့ရန် စိတ်အားထက်သန် လျက် ရှိကြောင်း သိရပါတယ်။ ၊ သူ့ကို ခေါ်ယူရန် ဘွန်ဒက်စ် လီဂါ ထိပ်သီးကလပ် ဒေါ့မွန် အသင်းမှ လည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

လီဗာပူးလ် အသင်း ရဲ့ လူစာရင်းမှာ သီယေဂို အန်ကန်တာရာ နှင့် ဟာဗေး အီလီတော့ပ် တို့ ၂ ဦး က လွဲပြီး အကုန်နီးပါး လူစုံပါလာမှာ ဖြစ်ကြောင်း နည်းပြကလောပ့်က ပြောသွားပါတယ်။ ကာတစ်ဂျုံးစ် လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင် နေပြီလို့သိရပြီး အိုးထရက်ဖိုဒ့် ကွင်းနဲ့ပွဲစဉ်အတွက် အသင့်ရှိနေပါလိမ့်မယ်ဟု ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူများဟာ အဆောက်အဦး တည်ဆောက်သူ အဓိကတာဝန်ရှိသူများနှင့် တွေ့ဆုံ စကားပြောထားပြီး Old Trafford ကွင်းမှာ ထိုင်ခုံအရေအတွက် ၈၀၀၀၀ ထက် ကျော်လွန်အောင် တိုချဲ့တည် ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဂိုးသမား ဒီဂီယာဟာ ယခုနှစ် ဘောလုံးရာသီပြိုင်ပွဲစုံတွင် ဂိုးပေါက်ကာကွယ်မှု ၆၅ ရာခိုင်နှုန်းမှ ၇၁ ရာခိုင်နှုန်း အထိရှိထား ကြောင်းသိရပြီး ဆိုးလ်ရှားလက်ထက် ရာသီအစ၌ အများဆုံး ကာကွယ်နေရတဲ့ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ မာတစ်ကို စိတ်ဝင်စားနေကြောင်းသိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွား အေနနဲ႕ လာမယ့္ လီဗာပူး ႏွင့္ပြဲစဥ္မွာ မထင္မွတ္ ထားတဲ့ ကစားကြက္ အခင္းအက်င္းကိုအသုံးျပဳလာဖြယ္ ရွိေၾကာင္း သိရပါတယ္။ လ႐ူနိုဖာနန္ဒက္စ္ ကဲ့သို႔ အဓိက ကစားသမား အခ်ိဳ႕မပါ၀င္‌ နိုင္ေသာ္လည္း ထိုအေျခအေနမ်ားကို
အေၾကာင္းျပခ်က္

ေပးေနမွာ မဟုတ္ပဲ လီဗာပူး အသင္းနဲ႕ ပြဲစဥ္အား ရလဒ္ေကာင္း ရရွိေအာင္ ပုံေဖာ္သြား နိုင္မည္ဟု ယုံၾကည္ေနေၾကာင္း သိရပါတယ္ ။ ယခုပြဲစဥ္ရလဒ္ဟာ နည္းျပဆိုးလ္ရွား အတြက္ ယူနိုက္တက္ နည္းျပ အလွည့္ အေျပာင္းျဖစ္လာနိုင္ေသာ ပြဲစဥ္ ျဖစ္နိုင္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ လူငယ္ ဂိုးသမား ဟန္ဒါဆန္ ဟာ သူ႕ အေနျဖင့္ ယူနိုက္တက္ တြင္ ပြဲထြက္ခြင့္ ပြဲ မ်ားမ်ား မကစားရပါက လာမည့္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ တြင္ အဌား ေျပာင္းေ႐ြ႕ရန္ စိတ္အားထက္သန္ လ်က္ ရွိေၾကာင္း သိရပါတယ္။ ၊ သူ႕ကို ေခၚယူရန္ ဘြန္ဒက္စ္ လီဂါ ထိပ္သီးကလပ္ ေဒါ့မြန္ အသင္းမွ လည္း စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

လီဗာပူးလ္ အသင္း ရဲ႕ လူစာရင္းမွာ သီေယဂို အန္ကန္တာရာ ႏွင့္ ဟာေဗး အီလီေတာ့ပ္ တို႔ ၂ ဦး က လြဲၿပီး အကုန္နီးပါး လူစုံပါလာမွာ ျဖစ္ေၾကာင္း နည္းျပကေလာပ့္က ေျပာသြားပါတယ္။ ကာတစ္ဂ်ဳံးစ္ လည္း အသင္းနဲ႕အတူ ေလ့က်င့္ခန္း ျပန္ဆင္းနိုင္ ေနၿပီလို႔သိရၿပီး အိုးထရက္ဖိုဒ့္ ကြင္းနဲ႕ပြဲစဥ္အတြက္ အသင့္ရွိေနပါလိမ့္မယ္ဟု ေျပာခဲ့ပါတယ္။

ယူနိုက္တက္အသင္း တာဝန္ရွိသူမ်ားဟာ အေဆာက္အဦး တည္ေဆာက္သူ အဓိကတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ စကားေျပာထားၿပီး Old Trafford ကြင္းမွာ ထိုင္ခုံအေရအတြက္ ၈၀၀၀၀ ထက္ ေက်ာ္လြန္ေအာင္ တိုခ်ဲ့တည္ ေဆာက္ဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဂိုးသမား ဒီဂီယာဟာ ယခုႏွစ္ ေဘာလုံးရာသီၿပိဳင္ပြဲစုံတြင္ ဂိုးေပါက္ကာကြယ္မႈ ၆၅ ရာခိုင္ႏႈန္းမွ ၇၁ ရာခိုင္ႏႈန္း အထိရွိထား ေၾကာင္းသိရၿပီး ဆိုးလ္ရွားလက္ထက္ ရာသီအစ၌ အမ်ားဆုံး ကာကြယ္ေနရတဲ့ ရာခိုင္ႏႈန္းလည္း ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ မာတစ္ကို စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။