Spots news

ယူနိုက်တက်ကို ဝေဖန်နေတဲ့သူတွေကို ပါးစပ်ပိတ်ပေးမယ် ဆိုတဲ့ ရော်နယ်ဒို

Unicode Version

ရော်နယ်ဒိုဆိုတာ ပေါက်ကွဲအားပြင်းတဲ့ ကစားသမား တစ်ယောက်ဆိုတာ လူတိုင်းသိပါတယ်။ သူ့ကို ထိုးနှက်ရင် တန်ပြန်ထိုးနှက်လေ့ရှိတဲ့သူတစ်ယောက်က မန်ယူနိုက်တက် ရှုံးနေတာနဲ့ ဝေဖန်မယ် ဆိုတဲ့သူတွေရဲ့ ပါးစပ်တွေကို ပိတ်ပေးလိုက်မယ်လို့ ပြောကြားခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်နေတဲ့သူတွေကိုလည်း တုံ့ပြန်ခဲ့ပါသေးတယ်။

မန်ယူနိုက်တက် အသင်းရဲ့ ရလာဒ်တွေနဲ့ပက်သက်ပြီး ရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ယနေ့ည ကစားရမယ့် လီဗာပူးလ်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ လက်ရှိနိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားက ဝေဖန်တဲ့သူတွေက သူ့ရဲ့ ကောင်းကွက်တွေကို

မမြင်ချင်ယောင်ဆောင်ပြီး သူ့ကို ထိုးနှက်နေတာဟာ သူတို့ လိုက်မမီတဲ့ အခြေအနေတစ်ခုကို ဝေဖန်နေတာဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် သူ့ရဲ့ နိုင်ပွဲဆာလောင်မှုတွေဟာ ယခင်ကထက် မြင့်မားနေဆဲဖြစ်ကြောင်းလည်း ထပ်ဆင့် ပြောခဲ့ပါသေးတယ်။

ရော်နယ်ဒိုက ” ခံစစ်မှာ အကူအညီလိုတဲ့အခါ ကျွန်တော် သိတယ်။ ကျွန်တော့်ရဲ့ အလုပ်က ဂိုးတွေသွင်းပေးဖို့ပဲ။ ကြည့်မရတဲ့သူတွေက ကျွန်တော့်ကို မကြိုက်လို့ပါပဲ။ ဒါပေမယ့် ရိုးသားဖို့တော့ ကောင်းတယ်။ သူတို့က ကျွန်တော့်ကို စိတ်ပူတာ ဒါမှမဟုတ် ကျွန်တော့်အကြောင်း ပြောတာဆိုရင် အဲဒါက ကျွန်တော့်ရဲ့ အလားအလာနဲ့ ဘောလုံးလောကမှာ ကျွန်တော့်ရဲ့ တန်ဖိုးကို သိလို့ပါပဲ။

 

သူတို့ အဲဲဒီလိုပြောရင် ကောင်းပြီ။ ကျွန်တော် ဥပမာတစ်ခုပေးမယ်။ ခင်ဗျားက ကျောင်းမှာ အကောင်းဆုံး ကျောင်းသားဆိုပါတော့။ ခင်ဗျားက ဆိုးသွမ်းတဲ့ ကျောင်သားတွေကို မကြိုက်ဘူးဆိုရင် အဲဒီဆိုးသွမ်းတဲ့ ကျောင်းသားကို သွားမေးကြည့်လိုက်။ သူတို့လည်း ခင်ဗျားလို အကောင်းဆုံး ကျောင်းသားကို မကြိုက်ဘူးလို့ ပြောမှာပဲ”

“အဓိကပြောချင်တာက ကျွန်တော် ဘောလုံးကစားရတာ ပျော်နေတုန်းပဲ။ ကျွန်တော့် ကစားသမားဘဝမှာ ဘယ်လောက်ပဲအနိုင်ရခဲ့ပါစေ အဲဒါက အရေးမကြီးဘူး။ ကျွန်တော် အရာအားလုံးကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် စိတ်လှုပ်ရှားနေတုန်းပဲ။ ကျွန်တော့်ဘဝရဲ့

အခန်းသစ်တစ်ခုမှာ ကျွန်တော့်အသက်အရွယ်နဲ့တောင်မှ ဒီမှာရှိနေတုန်းပဲ။ အနိုင်ရဖို့ ကြိုးစားရင်း မန်ချက်စတာမှာ လိုအပ်နေတဲ့ အောင်မြင်တဲ့အခြေအနေတစ်ခု ဖြစ်လာဖို့နဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူပေးဖို့အတွက် ကျွန်တော် ဒီနေရာမှာ ရှိနေတာပါ” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Zawgyi Version

ေရာ္နယ္ဒိုဆိုတာ ေပါက္ကြဲအားျပင္းတဲ့ ကစားသမား တစ္ေယာက္ဆိုတာ လူတိုင္းသိပါတယ္။ သူ႕ကို ထိုးႏွက္ရင္ တန္ျပန္ထိုးႏွက္ေလ့ရွိတဲ့သူတစ္ေယာက္က မန္ယူနိုက္တက္ ရႈံးေနတာနဲ႕ ေဝဖန္မယ္ ဆိုတဲ့သူေတြရဲ႕ ပါးစပ္ေတြကို ပိတ္ေပးလိုက္မယ္လို႔ ေျပာၾကားခဲ့တယ္။ သူ႕ရဲ႕ ေျခစြမ္းနဲ႕ စြမ္းေဆာင္ရည္အေပၚ ေဝဖန္ေနတဲ့သူေတြကိုလည္း တုံ႕ျပန္ခဲ့ပါေသးတယ္။

မန္ယူနိုက္တက္ အသင္းရဲ႕ ရလာဒ္ေတြနဲ႕ပက္သက္ၿပီး ေရာ္နယ္ဒိုအေပၚ ေဝဖန္မႈေတြ ရွိေနပါတယ္။ ယေန႕ည ကစားရမယ့္ လီဗာပူးလ္နဲ႕ပြဲမတိုင္ခင္ အင္တာဗ်ဴးမွာ လက္ရွိနိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားက ေဝဖန္တဲ့သူေတြက သူ႕ရဲ႕ ေကာင္းကြက္ေတြကို

မျမင္ခ်င္ေယာင္ေဆာင္ၿပီး သူ႕ကို ထိုးႏွက္ေနတာဟာ သူတို႔ လိုက္မမီတဲ့ အေျခအေနတစ္ခုကို ေဝဖန္ေနတာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္။ ဘယ္လိုအေျခအေနမွာပဲ ျဖစ္ျဖစ္ သူ႕ရဲ႕ နိုင္ပြဲဆာေလာင္မႈေတြဟာ ယခင္ကထက္ ျမင့္မားေနဆဲျဖစ္ေၾကာင္းလည္း ထပ္ဆင့္ ေျပာခဲ့ပါေသးတယ္။

ေရာ္နယ္ဒိုက ” ခံစစ္မွာ အကူအညီလိုတဲ့အခါ ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ့္ရဲ႕ အလုပ္က ဂိုးေတြသြင္းေပးဖို႔ပဲ။ ၾကည့္မရတဲ့သူေတြက ကြၽန္ေတာ့္ကို မႀကိဳက္လို႔ပါပဲ။ ဒါေပမယ့္ ရိုးသားဖို႔ေတာ့ ေကာင္းတယ္။ သူတို႔က ကြၽန္ေတာ့္ကို စိတ္ပူတာ ဒါမွမဟုတ္ ကြၽန္ေတာ့္အေၾကာင္း ေျပာတာဆိုရင္ အဲဒါက ကြၽန္ေတာ့္ရဲ႕ အလားအလာနဲ႕ ေဘာလုံးေလာကမွာ ကြၽန္ေတာ့္ရဲ႕ တန္ဖိုးကို သိလို႔ပါပဲ။

သူတို႔ အဲဲဒီလိုေျပာရင္ ေကာင္းၿပီ။ ကြၽန္ေတာ္ ဥပမာတစ္ခုေပးမယ္။ ခင္ဗ်ားက ေက်ာင္းမွာ အေကာင္းဆုံး ေက်ာင္းသားဆိုပါေတာ့။ ခင္ဗ်ားက ဆိုးသြမ္းတဲ့ ေက်ာင္သားေတြကို မႀကိဳက္ဘူးဆိုရင္ အဲဒီဆိုးသြမ္းတဲ့ ေက်ာင္းသားကို သြားေမးၾကည့္လိုက္။ သူတို႔လည္း ခင္ဗ်ားလို အေကာင္းဆုံး ေက်ာင္းသားကို မႀကိဳက္ဘူးလို႔ ေျပာမွာပဲ”

“အဓိကေျပာခ်င္တာက ကြၽန္ေတာ္ ေဘာလုံးကစားရတာ ေပ်ာ္ေနတုန္းပဲ။ ကြၽန္ေတာ့္ ကစားသမားဘဝမွာ ဘယ္ေလာက္ပဲအနိုင္ရခဲ့ပါေစ အဲဒါက အေရးမႀကီးဘူး။ ကြၽန္ေတာ္ အရာအားလုံးကို အနိုင္ရခဲ့တယ္။ ဒါေပမယ့္ စိတ္လႈပ္ရွားေနတုန္းပဲ။ ကြၽန္ေတာ့္ဘဝရဲ႕

အခန္းသစ္တစ္ခုမွာ ကြၽန္ေတာ့္အသက္အ႐ြယ္နဲ႕ေတာင္မွ ဒီမွာရွိေနတုန္းပဲ။ အနိုင္ရဖို႔ ႀကိဳးစားရင္း မန္ခ်က္စတာမွာ လိုအပ္ေနတဲ့ ေအာင္ျမင္တဲ့အေျခအေနတစ္ခု ျဖစ္လာဖို႔နဲ႕ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရယူေပးဖို႔အတြက္ ကြၽန္ေတာ္ ဒီေနရာမွာ ရွိေနတာပါ” လို႔ Sky Sports ကို ေျပာၾကားခဲ့ပါတယ္။