Unicode Version
အိုးထရက်ဖို့ဒ်ကွင်းမှာ ယမန်နေ့က ယူနိုက်တက် အသင်းနဲ့ အတ္တလန္တာတို့ ကစားခဲ့တဲ့ပွဲစဥ် ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ
ဖရက်ဒ်ရဲ့ ခြေစွမ်းကို အာဆင်နယ် နည်းပြဟောင်း ကြီး ဝင်းဂါးက ချီးမွမ်းခဲ့ပါတယ် ။ ဖရက်ယခုအချိန်တွင် ပရိသတ်များရဲ့ ဝေဖန်ခြင်းကို ခံနေရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အတ္တလန္တာကို နောက်မှလိုက်ကစားပြီး ပွဲအပြီးတွင် ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုက အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
ယခုအခါ ချန်ပီယံလိဂ် အုပ်စု F မှာ မန်ယူနိုက်တက်ဟာ ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စု ပထမ၊ အတ္တလန္တာက ၃ ပွဲကစား ၄ မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်နေပါတယ်။
ဝင်းဂါးက “ကျွန်တော် ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ဖရက်ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးချင် ပါတယ်။ ဖရက်ဒ်က ဖြတ်တင်ဘော နှစ်လုံးလောက်ကို ကာကွယ်ပေး
သွားသလို ခံစစ်မှာလည်း အားကိုးရပါတယ်။ ဒုတိယပိုင်းမှာ သူက မယုံနိုင်စရာကောင်းလောက်အောင် ကြိုးစားကစားသွားတယ်” ဟု ပြောဆို ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အနိုင်ရရှိပေမယ့် ခြေစွမ်းမပြနိုင်သောကြောင့် ဝေဖန်ခံခဲ့ ရပါတယ်။ သို့ပေမယ့် နည်းပြကြီး ဝင်းဂါးက ထိုပွဲမှ ဖရက်ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ခြင်း ဖြစ်ပါတယ်။ ထိုပွဲမှာ ဖရက်ဒ်ဟာ တော်မီနေးနှင့်တွဲ၍
ကွင်းလယ်ခံစစ်မှာ ကစားခဲ့ရပြီး မာတစ် နှင့် ပေါ့ဘာတို့ဟာ အရန်ကစားသမားများသာ ဖြစ်ခဲ့ရပါတယ်။ ဆိုးလ်ရှားကို ဖရက်ဒ်နှင့် တော်မီနေးတို့ ရွေးချယ်ခဲ့ခြင်းအတွက် ဝေဖန်ခြင်းများရှိ နေပါတယ်။
Zawgyi Version
အိုးထရက္ဖို႔ဒ္ကြင္းမွာ ယမန္ေန႕က ယူနိုက္တက္ အသင္းနဲ႕ အတၱလႏၲာတို႔ ကစားခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းမွာ ကစားခဲ့တဲ့ ယူနိုက္တက္ ကြင္းလယ္လူ
ဖရက္ဒ္ရဲ႕ ေျခစြမ္းကို အာဆင္နယ္ နည္းျပေဟာင္း ႀကီး ဝင္းဂါးက ခ်ီးမြမ္းခဲ့ပါတယ္ ။ ဖရက္ယခုအခ်ိန္တြင္ ပရိသတ္မ်ားရဲ႕ ေဝဖန္ျခင္းကို ခံေနရသူ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္မွာ အတၱလႏၲာကို ေနာက္မွလိုက္ကစားၿပီး ပြဲအၿပီးတြင္ ၃-၂ ျဖင့္ အနိုင္ရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုက အနိုင္ဂိုးကို ပြဲခ်ိန္ ၈၁ မိနစ္မွာ သြင္းယူခဲ့ျခင္း ျဖစ္ပါတယ္။
ယခုအခါ ခ်န္ပီယံလိဂ္ အုပ္စု F မွာ မန္ယူနိုက္တက္ဟာ ၃ ပြဲကစား ၆ မွတ္ျဖင့္ အုပ္စု ပထမ၊ အတၱလႏၲာက ၃ ပြဲကစား ၄ မွတ္ျဖင့္ အုပ္စု ဒုတိယေနရာတြင္ ရပ္တည္ေနပါတယ္။
ဝင္းဂါးက “ကြၽန္ေတာ္ ဒုတိယပိုင္းမွာ ကစားခဲ့တဲ့ ဖရက္ဒ္ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခ်င္ ပါတယ္။ ဖရက္ဒ္က ျဖတ္တင္ေဘာ ႏွစ္လုံးေလာက္ကို ကာကြယ္ေပး
သြားသလို ခံစစ္မွာလည္း အားကိုးရပါတယ္။ ဒုတိယပိုင္းမွာ သူက မယုံနိုင္စရာေကာင္းေလာက္ေအာင္ ႀကိဳးစားကစားသြားတယ္” ဟု ေျပာဆို ခဲ့ပါတယ္။
ယူနိုက္တက္ဟာ အနိုင္ရရွိေပမယ့္ ေျခစြမ္းမျပနိုင္ေသာေၾကာင့္ ေဝဖန္ခံခဲ့ ရပါတယ္။ သို႔ေပမယ့္ နည္းျပႀကီး ဝင္းဂါးက ထိုပြဲမွ ဖရက္ဒ္ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ျခင္း ျဖစ္ပါတယ္။ ထိုပြဲမွာ ဖရက္ဒ္ဟာ ေတာ္မီေနးႏွင့္တြဲ၍
ကြင္းလယ္ခံစစ္မွာ ကစားခဲ့ရၿပီး မာတစ္ ႏွင့္ ေပါ့ဘာတို႔ဟာ အရန္ကစားသမားမ်ားသာ ျဖစ္ခဲ့ရပါတယ္။ ဆိုးလ္ရွားကို ဖရက္ဒ္ႏွင့္ ေတာ္မီေနးတို႔ ေ႐ြးခ်ယ္ခဲ့ျခင္းအတြက္ ေဝဖန္ျခင္းမ်ားရွိ ေနပါတယ္။