Spots news

နိုင်ငံအသင်းဖော်ကို ရောင်းချဖို့ ဖိအားပေးတယ်လို့ သတင်းထွက်နေတဲ့ မက်ဆီ

Unicode Version

မက်ဆီဟာ ပီအက်စ်ဂျီအသင်းဖော်ဖြစ်သူ တိုက်စစ်မှူးအီကာဒီကို အသင်းကနေ ရောင်းချစေချင်တဲ့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အီကာဒီကလည်း မက်ဆီနဲ့နိုင်ငံတူ အာဂျင်တီးနားကစားသမားဖြစ်ပေမယ့် လက်ရွေးစင်အသင်းမှာ နေရာမရရှိခဲ့သူဖြစ်ကာ မက်ဆီထက်အရင် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့သူလည်းဖြစ်ပါတယ်။

လတ်တလေမှာတော့ အီကာဒီက ဇနီးသည်ဝမ်ဒါနာရာနဲ့ အိမ်ထောင်ရေးပြသနာတွေဖြစ်ပွားနေပြီး လိုက်ဇစ်နဲ့ပွဲမတိုင်ခင်မှာ အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့ကာ အသင်းအတွက်လည်းပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့လို့

နည်းပြပိုချက်တီနိုရဲ့ ဒေါသနဲ့လည်း ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့ ဒီအပြုအမူတွေအတွက် အသင်းကနေ ရောင်းချခံရဖွယ်ရှိနေချိန်မှာ မက်ဆီကပါ တွန်းအားပေးတာမျိုး ရှိနေတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

ကစားသမားနှစ်ဦးကြားမှာလည်း တင်းမာမှုတွေရှိနေကာ ပိုချက်တီနိုက ဒီကိစ္စကို ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အချိန်ဖြစ်နေတယ်လို့ စပိန်သတင်းစာ တစ်စောင်က ရေးသားခဲ့ပါတယ်။

လက်ရွေးစင်အသင်းမှာ သူ ရွေးချယ်မခံရတာဟာ မက်ဆီရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကြောင့်လို့ အီကာဒီက ယုံကြည်နေပြီး သူတို့နှစ်ဦးဟာ အရင်ကတည်းက ဆက်ဆံရေးတွေ အေးစက်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အာဂျင်တီးနားအတွက် ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးနောက်ပိုင်း အီကာဒီဟာ လုံးဝရွေးချယ်ခြင်းမခံခဲ့ရတော့ဘဲ ဒါဟာ နည်းပြဖြစ်သူရဲ့ လူရွေးချယ်မှုအပေါ် မက်ဆီက လွှမ်းမိုးထားတာကြောင့်လို့

သူက ထင်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကို မက်ဆီရောက်ရှိလာမှုကလည်း အီကာဒီကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပြီး အသင်းမှာပျော်ရွှင်မှုမရှိတော့ဘူးလို့လည်း သတင်းတွေထွက်နေခဲ့ပါတယ်။

အင်တာမီလန်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခြေစွမ်းကို ပြသခဲ့တဲ့ အီကာဒီဟာ သူ့ရဲ့အေးဂျင့်အဖြစ်တာဝန်ယူနေတဲ့ ဇနီးသည်ရဲ့ ခြယ်လှယ်မှုတွေကြောင့် ကစားသမားဘဝမှာ

အဆင်မပြေမှုတွေဖြစ်နေခဲ့ရသူဖြစ်ပါတယ်။ အခုတခါမှာ ဇနီးသည်နဲ့ ပြသနာတွေဖြစ်ပွားနေပြီး သူ့ရဲဲ့အနာဂတ်က ဘယလိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Zawgyi Version

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ျဖစ္သူ တိုက္စစ္မႉးအီကာဒီကို အသင္းကေန ေရာင္းခ်ေစခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

အီကာဒီကလည္း မက္ဆီနဲ႕နိုင္ငံတူ အာဂ်င္တီးနားကစားသမားျဖစ္ေပမယ့္ လက္ေ႐ြးစင္အသင္းမွာ ေနရာမရရွိခဲ့သူျဖစ္ကာ မက္ဆီထက္အရင္ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့သူလည္းျဖစ္ပါတယ္။

လတ္တေလမွာေတာ့ အီကာဒီက ဇနီးသည္ဝမ္ဒါနာရာနဲ႕ အိမ္ေထာင္ေရးျပသနာေတြျဖစ္ပြားေနၿပီး လိုက္ဇစ္နဲ႕ပြဲမတိုင္ခင္မွာ အသင္းနဲ႕ေလ့က်င့္ခန္းဆင္းဖို႔ ပ်က္ကြက္ခဲ့ကာ အသင္းအတြက္လည္းပါဝင္ ကစားေပးနိုင္ျခင္း မရွိခဲ့လို႔

နည္းျပပိုခ်က္တီနိုရဲ႕ ေဒါသနဲ႕လည္း ရင္ဆိုင္ေနရပါတယ္။ သူ႕ရဲ႕ ဒီအျပဳအမူေတြအတြက္ အသင္းကေန ေရာင္းခ်ခံရဖြယ္ရွိေနခ်ိန္မွာ မက္ဆီကပါ တြန္းအားေပးတာမ်ိဳး ရွိေနတယ္လို႔ Sportbible က ေဖာ္ျပခဲ့ပါတယ္။

ကစားသမားႏွစ္ဦးၾကားမွာလည္း တင္းမာမႈေတြရွိေနကာ ပိုခ်က္တီနိုက ဒီကိစၥကို ျပတ္ျပတ္သားသားျဖစ္ေအာင္ လုပ္ေဆာင္ေပးရမယ့္ အခ်ိန္ျဖစ္ေနတယ္လို႔ စပိန္သတင္းစာ တစ္ေစာင္က ေရးသားခဲ့ပါတယ္။

လက္ေ႐ြးစင္အသင္းမွာ သူ ေ႐ြးခ်ယ္မခံရတာဟာ မက္ဆီရဲ႕ ႀကိဳးကိုင္ျခယ္လွယ္မႈေၾကာင့္လို႔ အီကာဒီက ယုံၾကည္ေနၿပီး သူတို႔ႏွစ္ဦးဟာ အရင္ကတည္းက ဆက္ဆံေရးေတြ ေအးစက္ေနခဲ့တာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း အာဂ်င္တီးနားအတြက္ ေျခစမ္းပြဲမွာ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ပိုင္း အီကာဒီဟာ လုံးဝေ႐ြးခ်ယ္ျခင္းမခံခဲ့ရေတာ့ဘဲ ဒါဟာ နည္းျပျဖစ္သူရဲ႕ လူေ႐ြးခ်ယ္မႈအေပၚ မက္ဆီက လႊမ္းမိုးထားတာေၾကာင့္လို႔

သူက ထင္ေနခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကို မက္ဆီေရာက္ရွိလာမႈကလည္း အီကာဒီကို စိတ္ပ်က္လက္ပ်က္ျဖစ္ေစခဲ့ၿပီး အသင္းမွာေပ်ာ္႐ႊင္မႈမရွိေတာ့ဘူးလို႔လည္း သတင္းေတြထြက္ေနခဲ့ပါတယ္။

အင္တာမီလန္မွာ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးေျခစြမ္းကို ျပသခဲ့တဲ့ အီကာဒီဟာ သူ႕ရဲ႕ေအးဂ်င့္အျဖစ္တာဝန္ယူေနတဲ့ ဇနီးသည္ရဲ႕ ျခယ္လွယ္မႈေတြေၾကာင့္ ကစားသမားဘဝမွာ

အဆင္မေျပမႈေတြျဖစ္ေနခဲ့ရသူျဖစ္ပါတယ္။ အခုတခါမွာ ဇနီးသည္နဲ႕ ျပသနာေတြျဖစ္ပြားေနၿပီး သူ႕ရဲဲ့အနာဂတ္က ဘယလိုျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပါ။