Spots news

အသင်းပြောင်းချင်နေတဲ့ ပေါ့ဘာအပေါ် ဆိုးလ်ရှား ယုံကြည်မှု မရှိတော့လို့ ဝေဖန်ခံနေရ

Unicode Version

အတ္တလန်တာကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ကွင်းလယ်ကစားသမား ပေါ့ဘာတစ်ယောက် မပါဝင်လာခဲ့ပါဘူး။ ဆိုးလ်ရှားဟာ ပေါ့ဘာ၊ ဆန်ချိုတို့ကို

အရံခုံမှာ ထားခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တော်မီနေးတို့ကို ပွဲထုတ်လာခဲ့တာပါ။ ဆိုးလ်ရှားအနေနဲ့ အနိုင်ဂိုးလိုအပ်နေတဲ့ ဒုတိယပိုင်း (၆၅) မိနစ်ရောက်မှသာ တော်မီနေးကို ထုတ်ပြီး ပေါ့ဘာကို လူစားဝင် ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဒီအပေါ်မှာတော့ လီဗာပူး ကစားသမားဟောင်း ပီတာခရော့ချ်နဲ့ ယူနိုက်တက် ဂန္တဝင်ဟောင်း ပေါလ်စခိုးလ်တို့က ဆိုးလ်ရှားရဲ့ လုပ်ရပ်အပေါ် မေးခွန်းထုတ် နေကြပါတယ်။ ပီတာခရော့ချ်က “နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာအပေါ် အယုံအကြည် မရှိတော့ဘူးဆိုတာ သိသာထင်ရှားနေပါပြီ”

“ကျွန်တော့်အထင် ပေါ့ဘာအနေနဲ့ လီဗာပူးနဲ့ပွဲမှာတော့ ပါဝင်ကစားခွင့် ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက တန်ပြန်တိုက်စစ်ကစားတဲ့နေရာမှာ ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လို့ပါ။

ဆိုးလ်ရှားအနေနဲ့ ဖရက်ဒ်နဲ့ တော်မီနေးကို အခုလို ပွဲထုတ်ခဲ့တာက ပေါ့ဘာကို မယုံကြည်တော့ လို့ပါပဲ။ ဆိုးလ်ရှားအတွက် ဖရက်ဒ်နဲ့ တော်မီနေးအတွဲက ယုံကြည်နေရလို့ဖြစ်ပြီး စည်းကမ်းပိုင်းလည်း ကောင်းမွန်လို့ပါ” လို့ သုံးသပ်ခဲ့ပါတယ်။

 

ပီတာခရော့ချ်ရဲ့ ဒီသုံးသပ်ချက်အပေါ် ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်ကလည်း ထောက်ခံခဲ့ပြီး “ပီတာ (ခရော့ချ်) က ခေါင်းထဲ သံမှိုရိုက်သွင်းလိုက်တာပဲ။ ဆိုးလ်ရှားက ပေါ့ဘာကို ယုံနိုင်သေးတယ်လို့ ကျွန်တော်လည်း မထင်တော့ပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ်။

Zawgyi Version

အတၱလန္တာကို ၃-၂ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ယူနိုက္တက္ရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ကြင္းလယ္ကစားသမား ေပါ့ဘာတစ္ေယာက္ မပါဝင္လာခဲ့ပါဘူး။ ဆိုးလ္ရွားဟာ ေပါ့ဘာ၊ ဆန္ခ်ိဳတို႔ကို

အရံခုံမွာ ထားခဲ့ၿပီး ကြင္းလယ္မွာ ဖရက္ဒ္၊ ေတာ္မီေနးတို႔ကို ပြဲထုတ္လာခဲ့တာပါ။ ဆိုးလ္ရွားအေနနဲ႕ အနိုင္ဂိုးလိုအပ္ေနတဲ့ ဒုတိယပိုင္း (၆၅) မိနစ္ေရာက္မွသာ ေတာ္မီေနးကို ထုတ္ၿပီး ေပါ့ဘာကို လူစားဝင္ ကစားေစခဲ့တာျဖစ္ပါတယ္။

ဒီအေပၚမွာေတာ့ လီဗာပူး ကစားသမားေဟာင္း ပီတာခေရာ့ခ်္နဲ႕ ယူနိုက္တက္ ဂႏၲဝင္ေဟာင္း ေပါလ္စခိုးလ္တို႔က ဆိုးလ္ရွားရဲ႕ လုပ္ရပ္အေပၚ ေမးခြန္းထုတ္ ေနၾကပါတယ္။ ပီတာခေရာ့ခ်္က “နည္းျပ ဆိုးလ္ရွားအေနနဲ႕ ေပါ့ဘာအေပၚ အယုံအၾကည္ မရွိေတာ့ဘူးဆိုတာ သိသာထင္ရွားေနပါၿပီ”

“ကြၽန္ေတာ့္အထင္ ေပါ့ဘာအေနနဲ႕ လီဗာပူးနဲ႕ပြဲမွာေတာ့ ပါဝင္ကစားခြင့္ ရနိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လီဗာပူးက တန္ျပန္တိုက္စစ္ကစားတဲ့ေနရာမွာ ပိုေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္လို႔ပါ။

ဆိုးလ္ရွားအေနနဲ႕ ဖရက္ဒ္နဲ႕ ေတာ္မီေနးကို အခုလို ပြဲထုတ္ခဲ့တာက ေပါ့ဘာကို မယုံၾကည္ေတာ့ လို႔ပါပဲ။ ဆိုးလ္ရွားအတြက္ ဖရက္ဒ္နဲ႕ ေတာ္မီေနးအတြဲက ယုံၾကည္ေနရလို႔ျဖစ္ၿပီး စည္းကမ္းပိုင္းလည္း ေကာင္းမြန္လို႔ပါ” လို႔ သုံးသပ္ခဲ့ပါတယ္။

ပီတာခေရာ့ခ်္ရဲ႕ ဒီသုံးသပ္ခ်က္အေပၚ ယူနိုက္တက္ဂႏၲဝင္ ေပါလ္စခိုးလ္ကလည္း ေထာက္ခံခဲ့ၿပီး “ပီတာ (ခေရာ့ခ်္) က ေခါင္းထဲ သံမွိုရိုက္သြင္းလိုက္တာပဲ။ ဆိုးလ္ရွားက ေပါ့ဘာကို ယုံနိုင္ေသးတယ္လို႔ ကြၽန္ေတာ္လည္း မထင္ေတာ့ပါဘူး” လို႔ ေျပာၾကား သြားခဲ့ပါတယ္။