Spots news

တစ်ပတ်လုပ်ခ အနည်းဆုံး ပေါင် ၅ သိန်းပေးတဲ့ အသင်းကိုမှ ပြောင်းမယ့် ဟာလန်း

Unicode Version

ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးအာလင်းဟာလန်းက ဒေါ့မွန်ကနေ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားဖြစ်ခဲ့မယ်ဆိုရင် သူရဲ့တစ်လုပ်ခကို မက်မောလောက်စရာ ပမာဏတစ်ခုဖြစ်တဲ့ ပေါင်သန်း ၃၀ လောက်အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းကတည်းက သူရဲ့ခြေစွမ်းပိုင်းတွေ ပိုမိုတိုးတတ်လာခဲ့သလို ဂိုးသွင်းအားတွေလည်း ထက်မြက်လာတာကြောင့် သူ့ကို ဥရောပ ထိပ်တန်းကလပ်အသင်းတွေကနေ ပိုပြီးစိတ်ဝင်စားလာခဲ့ကြပါတယ်။

ဟာလန်းကလည်း ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးက လာမယ့် ၂၀၂၂ခုနှစ် နွေစျေးကွက်အတွင်းမှာ စတင်အသက်ဝင်တော့မှာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေက ဟာလန်းကို အရခေါ်ယူကြဖို့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

ဟာလန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ESPN သတင်းမီဒီယာကနေ ဖော်ပြလာချက်အရ ဟာလန်းအနေနဲ့ လာမယ့်နွေမှာ ဒေါ့မွန်ကနေ ထွက်ခွာကာ အသင်းသစ် တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့တစ်ပတ်လုပ်ခကို အနည်းဆုံး ပေါင်(၅)သိန်းကျော်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဟာလန်းကို ဥရောပရဲ့ ထိပ်သီးအမှတ်ပေးလိဂ်တွေက ထိပ်တန်းအသင်းတွေအားလုံး ခေါ်ယူဖို့ အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပြီး ဟာလန်းကိုယ်တိုင်ကလည်း ဆုဖလားအောင်မြင်မှုတွေ ရယူဖို့အတွက် ဒေါ့မွန်ကနေ ဒီထက်ပိုမြင့်မားတဲ့ ကလပ်အသင်းတစ်ခုစီ ပြောင်းရွှေ့ချင်နေပါတယ်။

လက်ရှိမှာ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် (၂)နှစ်နီးပါးလောက် ပါဝင်ကစားထားခဲ့ပြီး ပြိုင်ပွဲစုံ(၆၉)ပွဲမှာပါ သူရဲ့သွင်းဂိုးက (၇၀)အထိကို ရှိနေရသလို ဒီရာသီ ဘွန်ဒစ်လီဂါ ဂိုးသွင်းဆုအတွက်မှာလည်း ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ျဖစ္တဲ့ တိုက္စစ္မႉးအာလင္းဟာလန္းက ေဒါ့မြန္ကေန သူ႕ကို ေခၚယူခ်င္ေနတဲ့ ကလပ္အသင္း တစ္သင္းသင္းဆီကို ေျပာင္းေ႐ႊ႕ကစားျဖစ္ခဲ့မယ္ဆိုရင္ သူရဲ႕တစ္လုပ္ခကို မက္ေမာေလာက္စရာ ပမာဏတစ္ခုျဖစ္တဲ့ ေပါင္သန္း ၃၀ ေလာက္အထိ အလိုရွိေနတယ္လို႔ သိရပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ပိုင္းကတည္းက သူရဲ႕ေျခစြမ္းပိုင္းေတြ ပိုမိုတိုးတတ္လာခဲ့သလို ဂိုးသြင္းအားေတြလည္း ထက္ျမက္လာတာေၾကာင့္ သူ႕ကို ဥေရာပ ထိပ္တန္းကလပ္အသင္းေတြကေန ပိုၿပီးစိတ္ဝင္စားလာခဲ့ၾကပါတယ္။

ဟာလန္းကလည္း ေဒါ့မြန္အသင္းနဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးက လာမယ့္ ၂၀၂၂ခုႏွစ္ ေႏြေစ်းကြက္အတြင္းမွာ စတင္အသက္ဝင္ေတာ့မွာျဖစ္လို႔ သူ႕ကို အလိုရွိေနတဲ့ အသင္းေတြက ဟာလန္းကို အရေခၚယူၾကဖို႔ အၿပိဳင္အဆိုင္ ျဖစ္ေနရပါတယ္။

ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕နဲ႕ပတ္သက္ၿပီး ESPN သတင္းမီဒီယာကေန ေဖာ္ျပလာခ်က္အရ ဟာလန္းအေနနဲ႕ လာမယ့္ေႏြမွာ ေဒါ့မြန္ကေန ထြက္ခြာကာ အသင္းသစ္ တစ္သင္းသင္းဆီကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့မယ္ဆိုရင္ သူရဲ႕တစ္ပတ္လုပ္ခကို အနည္းဆုံး ေပါင္(၅)သိန္းေက်ာ္နဲ႕ ကမ္းလွမ္းလာမွသာ လက္ခံဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဟာလန္းကို ဥေရာပရဲ႕ ထိပ္သီးအမွတ္ေပးလိဂ္ေတြက ထိပ္တန္းအသင္းေတြအားလုံး ေခၚယူဖို႔ အၿပိဳင္အဆိုင္ ပစ္မွတ္ထားေနၾကၿပီး ဟာလန္းကိုယ္တိုင္ကလည္း ဆုဖလားေအာင္ျမင္မႈေတြ ရယူဖို႔အတြက္ ေဒါ့မြန္ကေန ဒီထက္ပိုျမင့္မားတဲ့ ကလပ္အသင္းတစ္ခုစီ ေျပာင္းေ႐ႊ႕ခ်င္ေနပါတယ္။

လက္ရွိမွာ ဟာလန္းဟာ ေဒါ့မြန္အသင္းအတြက္ (၂)ႏွစ္နီးပါးေလာက္ ပါဝင္ကစားထားခဲ့ၿပီး ၿပိဳင္ပြဲစုံ(၆၉)ပြဲမွာပါ သူရဲ႕သြင္းဂိုးက (၇၀)အထိကို ရွိေနရသလို ဒီရာသီ ဘြန္ဒစ္လီဂါ ဂိုးသြင္းဆုအတြက္မွာလည္း ဘိုင္ယန္တိုက္စစ္မႉး လီဝန္ေဒါစကီးနဲ႕ အၿပိဳင္အဆိုင္ ျဖစ္ေနရပါတယ္။