Spots news

အကြီးကြီးကြံမယ့် နယူးကာဆယ်နဲ့ ထပ်မံသတင်းထွက်လာတဲ့ ပစ်မှတ်သစ် ၂ ခု

Unicode Version

ပိုင်ရှင်သစ် ရောက်ရှိလာပြီး ကမ္ဘာ့ အချမ်းသာဆုံး ကလပ် ဖြစ်လာတဲ့ နယူးကာဆယ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့က စတင်ပြီး ထိပ်တန်း ကလပ် တခု ဖြစ်လာဖို့ အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ လုပ်ငန်းစုက မိုက်အက်ရှ်လေ ဆီကနေ ပေါင် သန်း ၃၀၀ ကျော် နဲ့ ဝယ်ယူအပြီးမှာ နယူးကာဆယ် ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာရှယ် ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ်။

အခုတကြိမ် မှာလည်း နယူးကာဆယ် နဲ့ နောက်ထပ် ပစ်မှတ်သစ် ၂ ခု ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။သူတို့ကတော့ ဂါရတ်ဘေးလ် နဲ့ ကူလီဘာလေ တို့ပါပဲ။ ရီးရဲမက်ဒရစ် နဲ့

စာချုပ်နောက်ဆုံး နှစ်ကို ရောက်ရှိ နေတဲ့ ဘေးလ် ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့်သူ တယောက် ဖြစ်ပြီး မနှစ်က ရာသီတုန်းကလည်း အသင်းဟောင်း စပါးကို အငှားနဲ့ ပြန်လာ ကစားထားခဲ့ ပါတယ်။

ဘေးလ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန် ရတတ်သူ ဖြစ်ပေမယ့် သူ့ရဲ့ ပွဲကစားမှုနဲ့ သွင်းဂိုး အချိုးကတော့ ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်သူ ဖြစ်ပါတယ်။ နယူးကာဆယ် ဟာ ဘေးလ် နဲ့ ရီးရဲတို့ စာချုပ်သက်တမ်း

မကုန်ဆုံးမီ ၆ လ အလို ၊ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကမ်းလှမ်း သွားဖို့ ရှိနေပြီး ဘေးလ် ကို လက်လွှတ် လိုတဲ့ ရီးရဲကြောင့် ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးရဖွယ် မရှိဘူးလို့လည်း သုံးသပ် ထားကြပါတယ်

နာပိုလီ ခံစစ်မှူး ကာလီဒူ ကူလီဘာလေ ကတော့ တချိန်တုန်းက ပေါင် သန်း ၁၀၀ အထိ ဈေးတက် ခဲ့သူ ဖြစ်ပေမယ့် လက်ရှိ မှာတော့ သန်း ၅၀ ဝန်းကျင် နဲ့ ခေါ်ယူလို့ ရနိုင်ချေ ရှိသူ တဦး ဖြစ်လာခဲ့ပါပြီ။ မန်ချက်စတာ ယူနိုက်တက် အပါအဝင်

ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရဖူးတဲ့ ကူလီဘာလေ ကို နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် က ရောင်းထုတ်ဖို့ စိတ်ကူး နေပြီး ဆီနီဂေါ နောက်ခံလူ ဆီကရမယ့် ငွေတွေဟာ ကိုဗစ်ကြောင့် ထိခိုက်နစ်နာမှုတွေကို ပြန်လည် ဖာထေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

Zawgyi Version

ပိုင္ရွင္သစ္ ေရာက္ရွိလာၿပီး ကမာၻ႔ အခ်မ္းသာဆုံး ကလပ္ ျဖစ္လာတဲ့ နယူးကာဆယ္ ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕က စတင္ၿပီး ထိပ္တန္း ကလပ္ တခု ျဖစ္လာဖို႔ အတြက္ ႀကိဳတင္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသားရဲ႕ လုပ္ငန္းစုက မိုက္အက္ရွ္ေလ ဆီကေန ေပါင္ သန္း ၃၀၀ ေက်ာ္ နဲ႕ ဝယ္ယူအၿပီးမွာ နယူးကာဆယ္ ဟာ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး အန္တိုနီ မာရွယ္ ကို ေခၚယူမယ္လို႔ သတင္းထြက္ေပၚ လာခဲ့ ပါတယ္။

အခုတႀကိမ္ မွာလည္း နယူးကာဆယ္ နဲ႕ ေနာက္ထပ္ ပစ္မွတ္သစ္ ၂ ခု ထပ္မံေပၚထြက္လာခဲ့ျပန္ပါတယ္။သူတို႔ကေတာ့ ဂါရတ္ေဘးလ္ နဲ႕ ကူလီဘာေလ တို႔ပါပဲ။ ရီးရဲမက္ဒရစ္ နဲ႕

စာခ်ဳပ္ေနာက္ဆုံး ႏွစ္ကို ေရာက္ရွိ ေနတဲ့ ေဘးလ္ ဟာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္သူ တေယာက္ ျဖစ္ၿပီး မႏွစ္က ရာသီတုန္းကလည္း အသင္းေဟာင္း စပါးကို အငွားနဲ႕ ျပန္လာ ကစားထားခဲ့ ပါတယ္။

ေဘးလ္ဟာ ဒဏ္ရာျပႆနာေတြနဲ႕ ႐ုန္းကန္ ရတတ္သူ ျဖစ္ေပမယ့္ သူ႕ရဲ႕ ပြဲကစားမႈနဲ႕ သြင္းဂိုး အခ်ိဳးကေတာ့ ေကာင္းမြန္တယ္လို႔ သတ္မွတ္နိုင္သူ ျဖစ္ပါတယ္။ နယူးကာဆယ္ ဟာ ေဘးလ္ နဲ႕ ရီးရဲတို႔ စာခ်ဳပ္သက္တမ္း

မကုန္ဆုံးမီ ၆ လ အလို ၊ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ မွာ ကမ္းလွမ္း သြားဖို႔ ရွိေနၿပီး ေဘးလ္ ကို လက္လႊတ္ လိုတဲ့ ရီးရဲေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ႀကီးႀကီးမားမား ေပးရဖြယ္ မရွိဘူးလို႔လည္း သုံးသပ္ ထားၾကပါတယ္

နာပိုလီ ခံစစ္မႉး ကာလီဒူ ကူလီဘာေလ ကေတာ့ တခ်ိန္တုန္းက ေပါင္ သန္း ၁၀၀ အထိ ေဈးတက္ ခဲ့သူ ျဖစ္ေပမယ့္ လက္ရွိ မွာေတာ့ သန္း ၅၀ ဝန္းက်င္ နဲ႕ ေခၚယူလို႔ ရနိုင္ေခ် ရွိသူ တဦး ျဖစ္လာခဲ့ပါၿပီ။ မန္ခ်က္စတာ ယူနိုက္တက္ အပါအဝင္

ဥေရာပ ထိပ္သီး ကလပ္ေတြရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရဖူးတဲ့ ကူလီဘာေလ ကို နာပိုလီ ဥကၠဌ ဒီေလာ္ရန္းတစ္ က ေရာင္းထုတ္ဖို႔ စိတ္ကူး ေနၿပီး ဆီနီေဂါ ေနာက္ခံလူ ဆီကရမယ့္ ေငြေတြဟာ ကိုဗစ္ေၾကာင့္ ထိခိုက္နစ္နာမႈေတြကို ျပန္လည္ ဖာေထးနိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။