Spots news

ငါးဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားကို ထုတ်ကာ ဇီဒန်း နဲ့ အစားထိုးတော့မယ့် မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက် ၀-၅ လီဗာပူး ပွဲစဉ် အပြီးမှာတော့ အိုးထရက်ဖို့ဒ် တကွင်းလုံးမှာ လှောင်ပြောင်သံတွေ ကွင်းလုံးပြည့်လျှံခဲ့ပါတယ်။ ဒါ့အပြင် အိုးထရက်ဖို့ဒ်ကွင်း ပြင်ပ သတင်းဌာနတွေမှာတော့ ဆိုးလ်ရှား ထုတ်ပယ်ခံရတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာပဲ ၄ ဂိုးပေးခဲ့ရကာ ခံစစ် ကစားသမား ၆ ဦး အဝါပြခံခဲ့ရပြီး ဒုတိယပိုင်းမှ ဝင်လာတဲ့ ပေါ့ဘာ အနီကတ်ထိခဲ့ပါတယ် ။ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ချေပဂိုးကလည်း VAR မှာ လူကျွံခဲ့ရပြီး ယူနိုက်တက်တို့ဟာ အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို မရူမလှ အရေးနိမ့်ခဲ့ရပါတယ်။

တပြိုင်ထဲမှာပဲ စပိန်အခြေစိုက် သတင်းဌာနတွေက ဇီဒန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြလာကြပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်နေရာ အတွက် ဇီဒန်းက နံပါတ်တစ် ရေပန်းစားလာပါတယ်။

ပြင်သစ်သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ ပြင်သစ် သတင်းထောက် Bouhafsi ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ တရားဝင် ဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းဟာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ အပြိုင်အဆိုင် ရေးသား ဖော်ပြနေကြပါပြီ။ ဒါကြောင့် ဒီနေ့ညမှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အလားအလာ များနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ၀-၅ လီဗာပူး ပြဲစဥ္ အၿပီးမွာေတာ့ အိုးထရက္ဖို႔ဒ္ တကြင္းလုံးမွာ ေလွာင္ေျပာင္သံေတြ ကြင္းလုံးျပည့္လွ်ံခဲ့ပါတယ္။ ဒါ့အျပင္ အိုးထရက္ဖို႔ဒ္ကြင္း ျပင္ပ သတင္းဌာနေတြမွာေတာ့ ဆိုးလ္ရွား ထုတ္ပယ္ခံရေတာ့မယ္ ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ပထမပိုင္းမွာပဲ ၄ ဂိုးေပးခဲ့ရကာ ခံစစ္ ကစားသမား ၆ ဦး အဝါျပခံခဲ့ရၿပီး ဒုတိယပိုင္းမွ ဝင္လာတဲ့ ေပါ့ဘာ အနီကတ္ထိခဲ့ပါတယ္ ။ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ေခ်ပဂိုးကလည္း VAR မွာ လူကြၽံခဲ့ရၿပီး ယူနိုက္တက္တို႔ဟာ အိမ္ကြင္း အိုးထရတ္ဖိုဒ့္မွာ လီဗာပူးလ္ကို မ႐ူမလွ အေရးနိမ့္ခဲ့ရပါတယ္။

တၿပိဳင္ထဲမွာပဲ စပိန္အေျခစိုက္ သတင္းဌာနေတြက ဇီဒန္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနေၾကာင္း ေဖာ္ျပလာၾကၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပသစ္ေနရာ အတြက္ ဇီဒန္းက နံပါတ္တစ္ ေရပန္းစားလာပါတယ္။

ျပင္သစ္သတင္းေတြနဲ႕ ပတ္သတ္ရင္ ယုံၾကည္စိတ္ခ်ရတဲ့ ျပင္သစ္ သတင္းေထာက္ Bouhafsi ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ နည္းျပျဖစ္သူ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ေတာ့မယ္လို႔ တရားဝင္ ေဖာ္ျပသြားခဲ့ပါတယ္။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္း ဇီဒန္းဟာ

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာေတာ့မယ္လို႔ အၿပိဳင္အဆိုင္ ေရးသား ေဖာ္ျပေနၾကပါၿပီ။ ဒါေၾကာင့္ ဒီေန႕ညမွာပဲ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ အလားအလာ မ်ားေနပါတယ္။