Spots news

အစ္စကို နဲ့ အာဆင်နယ် ရဲ့ စိတ်ဝင်စား ဖွယ် အပြောင်းအရွေ့

Unicode Version

စပိန်အသင်း မှာ ပါဝင်ခွင့် ရဖို့ ရီးရဲ မက်ဒရစ် ကွင်း လယ်လူ အစ္စကို ဟာ ပုံမှန်ပွဲ ထွက်ခွင့် ရရှိတဲ့ အသင်းကို ပြောင်းရွေ့မှာ ဖြစ်ပြီး အစ္စကို ကို ခေါ်ယူ ရန် စိတ်ဝင် စားတဲ့ အသင်း များထဲ မှာ အာဆင်နယ် ပါဝင် လာပါတယ်။

အစ္စကို ရဲ့ စာချုပ်ဟာ ၂၀၂၂ အထိ ကျန်ရှိ နေသေးတာ ဖြစ်ပေမယ့် ရီးရဲ မက်ဒရစ် မှာ အစ္စကို ရဲ့ နေရာ ပျောက် ဆုံး နေခဲ့တာ ကြာ မြင့် နေပြီ ဖြစ်ပါတယ်။

ယခုရာသီ မှာ လာလီဂါ ပွဲစဉ် ၁၇ ပွဲမှာ ၁၀ သာ ပါဝင် ကစားခွင့် ရထားခဲ့ ပြီး အဆိုပါ ၁၀ ပွဲမှာ ၃ ပွဲက လူစားဝင် ကစားခဲ့ ရတာပါ။

ရာသီ အစကနေ ဒီဇင်ဘာ မတိုင်ခင် အထိ အာဆင်နယ် အသင်းရဲ့ ခြေစွမ်းဟာ ဆက်တိုက် ဆိုးရွား နေခဲ့ ပေမယ့် လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲ ဆက် နိုင်ပွဲ ရရှိ ခဲ့တာ ဖြစ်ပြီး အဝေးကွင်း နှစ်ပွဲဆက် Clean-Sheet ရယူ နိုင် ခဲ့တာပါ ။ အာဆင်နယ် အသင်း ဟာ အမှတ်ပေး ဇယား အဆင့် ၁၁ နေရာ အထိ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အစ္စကို အနေနဲ့ ပရီးမီးယားလိဂ် နဲ့ ရင်းနှီးကျွမ်းဝင် မှု မရှိ သလို လက်ရှိမှာလဲ ပုံမှန် ခြေစွမ်း ရရှိဖို့ ရုန်းကန် နေရ ပါတယ်။ ပွဲထွက် ခွင့် ၁၀ ပွဲ မှာ ဂိုးသွင်း ယူမှု ပြုလုပ် နိုင် ခြင်းမရှိပဲ ၁ ဂိုးသာ ဖန်တီး ပေးနိုင် ခဲ့ပါတယ်။

ဒါဟာလဲ ပုံမှန် ပွဲထွက် ခွင့် မရရှိ ခြင်းကြောင့် ဟု ဆိုနိုင် ပြီး  စပိန် အသင်း အတွက် ကစားခွင့် လိုချင်တဲ့ အစ္စကို အနေနဲ့ သူ့ရဲ့ အပြောင်း အရွေ့ ကို ယခု အချိန်က စ၍ စဉ်းစားနေ ပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ကလဲ လူငယ် ကစားသမား  စမစ်ရို ရဲ့ ခြေစွမ်းက အားရစရာ  ဆိုပေမယ့် အသက် ငယ်ရွယ်သေး ပြီး လိုအပ်ချက် တွေ ရှိနေ သေးတာမို့ အာဆင်နယ် အနေနဲ့ ရေရှည် မလွယ် ကူနိုင် ပါဘူး။

အိုဇေး ကလဲ ယခု အပြောင်း အရွေ့ ကာလ မှာ အသင်းကနေ ထွက်ခွာတော့ မှာ ဖြစ်လို့ အတွေ့ အကြုံရှိ ကွင်းလယ် ဖန်တီး ရှင် တစ်ယောက် လိုအပ် နေတဲ့ အာဆင်နယ် နဲ့ ပုံမှန် ပွဲထွက် ခွင့် ရလိုတဲ့ အစ္စကို တို့ရဲ့ အပြောင်း အရွေ့ ဖြစ်မြောက် လာမလား စောင့် ကြည့် ရမှာပါ။

Zawgyi Version

စပိန္အသင္း မွာ ပါဝင္ခြင့္ ရဖို႔ ရီးရဲ မက္ဒရစ္ ကြင္း လယ္လူ အစၥကို ဟာ ပုံမွန္ပြဲ ထြက္ခြင့္ ရရွိတဲ့ အသင္းကို ေျပာင္းေ႐ြ႕မွာ ျဖစ္ၿပီး အစၥကို ကို ေခၚယူ ရန္ စိတ္ဝင္စားတဲ့ အသင္းမ်ားထဲ မွာ အာဆင္နယ္ ပါဝင္ လာပါတယ္။

အစၥကို ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ အထိ က်န္ရွိေနေသးတာ ျဖစ္ေပမယ့္ ရီးရဲ မက္ဒရစ္ မွာ အစၥကို ရဲ႕ ေနရာေပ်ာက္ ဆုံး ေနခဲ့တာ ၾကာ ျမင့္ ေနၿပီ ျဖစ္ပါတယ္။ ယခုရာသီ မွာ လာလီဂါ ပြဲစဥ္ ၁၇ ပြဲမွာ ၁၀ သာ ပါဝင္ ကစားခြင့္ ရထားခဲ့ ၿပီး အဆိုပါ ၁၀ ပြဲမွာ ၃ ပြဲက လူစားဝင္ ကစားခဲ့ရတာပါ။

ရာသီ အစကေန ဒီဇင္ဘာ မတိုင္ခင္ အထိ အာဆင္နယ္ အသင္းရဲ႕ ေျခစြမ္းဟာ ဆက္တိုက္ ဆိုး႐ြားေနခဲ့ ေပမယ့္ လက္ရွိ အခ်ိန္မွာ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲ ဆက္ နိုင္ပြဲ ရရွိ ခဲ့တာ ျဖစ္ၿပီး အေဝးကြင္း ႏွစ္ပြဲဆက္ Clean-Sheet ရယူ နိုင္ ခဲ့တာပါ ။ အာဆင္နယ္ အသင္း ဟာ အမွတ္ေပး ဇယား အဆင့္ ၁၁ ေနရာ အထိ တက္လွမ္း နိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အစၥကို အေနနဲ႕ ပရီးမီးယားလိဂ္ နဲ႕ ရင္းႏွီးကြၽမ္းဝင္ မႈ မရွိသလို လက္ရွိမွာလဲ ပုံမွန္ေျခစြမ္း ရရွိဖို႔ ႐ုန္းကန္ ေနရ ပါတယ္။ ပြဲထြက္ ခြင့္ ၁၀ ပြဲ မွာ ဂိုးသြင္း ယူမႈ ျပဳလုပ္နိုင္ ျခင္းမရွိပဲ ၁ ဂိုးသာ ဖန္တီး ေပးနိုင္ ခဲ့ပါတယ္။ ဒါဟာလဲ ပုံမွန္ ပြဲထြက္ ခြင့္ မရရွိ ျခင္းေၾကာင့္ ဟု ဆိုနိုင္ၿပီး စပိန္ အသင္း အတြက္ ကစားခြင့္ လိုခ်င္တဲ့ အစၥကို အေနနဲ႕ သူ႕ရဲ႕ အေျပာင္း အေ႐ြ႕ ကို ယခု အခ်ိန္က စ၍ စဥ္းစားေန ၿပီ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းကလဲ လူငယ္ ကစားသမား စမစ္ရို ရဲ႕ ေျခစြမ္းက အားရစရာ ဆိုေပမယ့္ အသက္ ငယ္႐ြယ္ေသး ၿပီး လိုအပ္ခ်က္ ေတြ ရွိေန ေသးတာမို႔ အာဆင္နယ္ အေနနဲ႕ ေရရွည္ မလြယ္ကူနိုင္ ပါဘူး။ အိုေဇး ကလဲ ယခု အေျပာင္း အေ႐ြ႕ ကာလ မွာ အသင္းကေန ထြက္ခြာေတာ့ မွာ ျဖစ္လို႔ အေတြ႕ အႀကဳံရွိ ကြင္းလယ္ ဖန္တီး ရွင္ တစ္ေယာက္ လိုအပ္ ေနတဲ့ အာဆင္နယ္ နဲ႕ ပုံမွန္ ပြဲထြက္ ခြင့္ ရလိုတဲ့ အစၥကို တို႔ရဲ႕ အေျပာင္း အေ႐ြ႕ ျဖစ္ေျမာက္ လာမလား ေစာင့္ ၾကည့္ ရမွာပါ။