Spots news

နည်းပြဆိုးလ်ရှားအပေါ် ဖိအားတွေ မပေးဖို့ လီဗာပူးနည်းပြ ကလော့ပ်တောင်းဆို

Unicode Version

လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင် ကလော့ပ် ကတော့ ပရိတ်သတ်များ စိတ်ဝင်တစား ရှိခဲ့တဲ့အင်္ဂလန်ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၅ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ထုတ်ပယ်ခံရဖို့ ‌ပိုမိုရေပန်းစားလာတဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ခံစားချက်ကို နားလည်ပြီး ဖိအားမပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အင်္ဂလန်ရဲ့ အောင်မြင်မှု အများဆုံး အသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အကြိတ်အနယ်ပြိး ပြိုင်ဆိုင်မှု ပြင်းထန်ကြပေမယ့် မနေ့ညက ပွဲစဉ်မှာတော့လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာပဲ ၄ ဂိုးပေးခဲ့ရကာ ခံစစ် ကစားသမား ၆ ဦး အဝါပြခံခဲ့ရပြီး ဒုတိယပိုင်းမှ ဝင်လာတဲ့ ပေါ့ဘာ အနီကတ်ထိခဲ့ပါတယ် ။ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ချေပဂိုးကလည်း VAR မှာ လူကျွံခဲ့ရပြီး ယူနိုက်တက်တို့ဟာ အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို မရူမလှ အရေးနိမ့်ခဲ့ရပါတယ်။

ထို့ကြောင့် နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားလာပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဒါဘီပွဲစဉ် တပွဲကို ရှုံးနိမ့်ပြီးနောက် နည်းပြတဦး အနေနဲ့ ဘယ်လိုခံစားရမလဲ ဆိုတာကို သူက ကောင်းစွာ နားလည်ကြောင်းနဲ့ ဆိုးလ်ရှားရဲ့ အခြေအနေကို စာနာမိပြီး မီဒီယာများအနေနဲ့ ဖိအားများ မပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကလော့ပ်က “ ကျွန်တော် သူ့ရဲ့ အခြေအနေတွေကို စာနာမိပါတယ်။ ခင်ဗျားက ပွဲတပွဲကို ရှုံးနိမ့်ခဲ့ရင် အထူးသဖြင့် ဒါဘီပွဲ တပွဲကို ရှုံးနိမ့်ခဲ့ရင် အင်တာဗျူးတွေကို ဖြေချင်မှာ မဟုတ်ဘူး။ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေချင်မှာ မဟုတ်ပါဘူး။

သူ့ကိုဖိအားများ မပေးကြပါနဲ့ ကျွန်တော်လည်း အဲ့ဒီလိုပါပဲ။ ဒီညကတော့ သူ့အတွက် ကောင်းမွန်တဲ့ ညတည မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် သူ့အပေါ် စာနာ နားလည်မိပါတယ်” လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi Version

လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင် ကလော့ပ် ကတော့ ပရိတ်သတ်များ စိတ်ဝင်တစား ရှိခဲ့တဒ့ အင်္ဂလန်ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိုးထရတ်ဖိုဒ့်မှာ ၅ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ထုတ်ပယ်ခံရဖို့ ‌ပိုမိုရေပန်းစားလာတဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ခံစားချက်ကို နားလည်ပြီး ဖိအားမပေးဖို့ တောင်းဆိုလိုက်ပါတယ်။




