Spots news

ဂိုးထပ်မသွင်းနဲ့တော့ ဘယ်သူ့ကိုမှ အရှက်မခွဲနဲ့လို့ ကစားသမားတွေကို ပြောခဲ့တဲ့ ကလော့ပ်

Unicode Version

လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင် ကလော့ပ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပြီး ခေတ်အဆက်ဆက် အကြိတ် အနယ် ရှိခဲ့တဲ့ အင်္ဂလန်ဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပွဲချိန်အတွင်း ၅ ဂိုးပြတ်အထိ သွင်းယူခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားများကို ထပ်မံ သွင်းဂိုး ရယူဖို့ မကြိုးစားခိုင်းတော့ပဲ ဒဏ်ရာမရအောင်သာ ကစားဖို့ ကစားအားချဖို့ ပြောဆိုခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက် တွေ့ဆုံမှုဟာ ယခင်တွေ့ဆုံမှု များနဲ့ မတူခဲ့ပဲ မနေ့ညက ပွဲစဉ်မှာတော့လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ပထမပိုင်းမှာတင် လေးဂိုးပြတ်သွင်းခဲ့ပြီး ပွဲအပြီးမှာ ၅ ဂိုးပြတ်ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားပုံဟာ အတော်လေး ဖြစ်သလို နိုင်ခဲ့ပြီး ခံစစ် ကစားသမား ၆ ဦး အဝါပြခံခဲ့ရပြီး ဒုတိယပိုင်းမှ ဝင်လာတဲ့ ပေါ့ဘာ အနီကတ်ထိခဲ့ပါတယ် ။ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ချေပဂိုးကလည်း VAR မှာ လူကျွံခဲ့ရပြီး ယူနိုက်တက်တို့ဟာ အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို မရူမလှ အရေးနိမ့်ခဲ့ရပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ အခါးသီးဆုံး ပြိုင်ဘက်ကို ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် လေးစားမှု ဖြင့် လွန်လွန်ကျူးကျုး အောင်ပွဲခံခြင်း မရှိခဲ့ပဲ တစ်ယောက်လျော့ ယူနိုက်တက်ကို သွင်းဂိုး ဆက်လက်သွင်းယူခြင်း မပြုလုပ်ခဲ့သလို နည်းပြဆိုးလ်ရှားကိုလဲ စာနာနားလည်ကြောင်း ပြောခဲ့ပြီး ပြိုင်ဘက်ကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။

နည်းပြကလော့ပ်က “ကျွန်တော်တို့ဒီပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီးပါပြီ။ ငါးဂိုးမြောက်ပြီးတဲ့အခါမှာတော့ ဂိုးထပ်သွင်းဖို့ရပ်လိုက်ပြီး ဒဏ်ရာမရအောင်အဓိကထားပြီး ပွဲက်ုထိန်းချုပ်နိုင်ဖို့ပဲဦးတည်ကစားပါတော့တယ်။ယူနိုက်တက်ဟာ အကောင်းဆုံးပုံစံမှာရှိမနေသလို ကျွန်တော်တို့လည်း တချို့ အခိုက်အတန့်တွေမှာ

ကံကောင်းခဲ့ပါတယ်။ ဒါဘီပွဲရဲ့ အရှုံးဒဏ်ကို ခံစားခဲ့ရတဲ့ နည်းပြ ဆိုးလ်ရှားကိုလဲ ကျွန်တော် စာနာပါတယ်။ ကျွန်တော့်အသင်းသားတွေကို ထိန်းသာကစားတော့ကွာလို့ပဲပြောခဲ့ပါတယ်။ ဘယ်သူ့ကိုမှအရှက်လိုက်ခွဲနေစရာမလိုပါဘူး” ဟု ပြောကြားခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

Zawgyi Version

လီဗာပူးအသင္းရဲ႕ နည္းျပ ဂ်ာဂင္ ကေလာ့ပ္ဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းၿပီး ေခတ္အဆက္ဆက္ အႀကိတ္ အနယ္ ရွိခဲ့တဲ့ အဂၤလန္ဒါဘီမွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ပြဲခ်ိန္အတြင္း ၅ ဂိုးျပတ္အထိ သြင္းယူခဲ့ၿပီးေနာက္ အသင္းရဲ႕ ကစားသမားမ်ားကို ထပ္မံ သြင္းဂိုး ရယူဖို႔ မႀကိဳးစားခိုင္းေတာ့ပဲ ဒဏ္ရာမရေအာင္သာ ကစားဖို႔ ကစားအားခ်ဖိဳ႕ ေျပာဆိုခဲ့ပါတယ္။

မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ လီဗာပူးအသင္းတို႔ ထိပ္တိုက္ ေတြ႕ဆုံမႈဟာ ယခင္ေတြ႕ဆုံမႈ မ်ားနဲ႕ မတူခဲ့ပဲ မေန႕ညက ပြဲစဥ္မွာေတာ့လီဗာပူးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ ပထမပိုင္းမွာတင္ ေလးဂိုးျပတ္သြင္းခဲ့ၿပီး ပြဲအၿပီးမွာ ၅ ဂိုးျပတ္ျဖင့္ သက္ေတာင့္သက္သာ အနိုင္ရရွိခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ကစားပုံဟာ အေတာ္ေလး ျဖစ္သလို နိုင္ခဲ့ၿပီး ခံစစ္ ကစားသမား ၆ ဦး အဝါျပခံခဲ့ရၿပီး ဒုတိယပိုင္းမွ ဝင္လာတဲ့ ေပါ့ဘာ အနီကတ္ထိခဲ့ပါတယ္ ။ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ေခ်ပဂိုးကလည္း VAR မွာ လူကြၽံခဲ့ရၿပီး ယူနိုက္တက္တို႔ဟာ အိမ္ကြင္း အိုးထရတ္ဖိုဒ့္မွာ လီဗာပူးကို မ႐ူမလွ အေရးနိမ့္ခဲ့ရပါတယ္။

လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ အခါးသီးဆုံး ၿပိဳင္ဘက္ကို ဂိုးျပတ္ အနိုင္ရရွိခဲ့ေပမယ့္ ေလးစားမႈ ျဖင့္ လြန္လြန္က်ဴးက်ဳး ေအာင္ပြဲခံျခင္း မရွိခဲ့ပဲ တစ္ေယာက္ေလ်ာ့ ယူနိုက္တက္ကို သြင္းဂိုး ဆက္လက္သြင္းယူျခင္း မျပဳလုပ္ခဲ့သလို နည္းျပဆိုးလ္ရွားကိုလဲ စာနာနားလည္ေၾကာင္း ေျပာခဲ့ၿပီး ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ရဲ႕ စိတ္ဓာတ္ကို ျပသခဲ့ပါတယ္။

နည္းျပကေလာ့ပ္က “ကြၽန္ေတာ္တို႔ဒီပြဲကို အေကာင္းဆုံးစတင္နိုင္ခဲ့ၿပီးပါၿပီ။ ငါးဂိုးေျမာက္ၿပီးတဲ့အခါမွာေတာ့ ဂိုးထပ္သြင္းဖို႔ရပ္လိုက္ၿပီး ဒဏ္ရာမရေအာင္အဓိကထားၿပီး ပြဲက္ုထိန္းခ်ဳပ္နိုင္ဖို႔ပဲဦးတည္ကစားပါေတာ့တယ္။ယူနိုက္တက္ဟာ အေကာင္းဆုံးပုံစံမွာရွိမေနသလို ကြၽန္ေတာ္တို႔လည္း တခ်ိဳ႕ အခိုက္အတန့္ေတြမွာ

ကံေကာင္းခဲ့ပါတယ္။ ဒါဘီပြဲရဲ႕ အရႈံးဒဏ္ကို ခံစားခဲ့ရတဲ့ နည္းျပ ဆိုးလ္ရွားကိုလဲ ကြၽန္ေတာ္ စာနာပါတယ္။ ကြၽန္ေတာ့္အသင္းသားေတြကို ထိန္းသာကစားေတာ့ကြာလို႔ပဲေျပာခဲ့ပါတယ္။ ဘယ္သူ႕ကိုမွအရွက္လိုက္ခြဲေနစရာမလိုပါဘူး” ဟု ေျပာၾကားခဲ့ေၾကာင္း ပြဲအၿပီး အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။