Spots news
ယူနိုက်တက်ကမ်းလှမ်းလာရင် ကွန်တီ လက်ခံမည်ဟု ဖာဘရီဇီယို အတည်ပြု
Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြဖြစ်သူ ဆိုးလ်ရှားနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရန် အတွက် အချိန်နာရီအချို့ ယူမည် ဖြစ်ပြီး လာမည့် နာရီအပိုင်းအခြားနဲ့ ပွဲစဉ်အချို့ဟာ
ဆိုးလ်ရှားရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး အဓိကသော့ချက် ဖြစ်လာလိမ့်မည်ဟု အီတလီနာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက် ဘုတ်အဖွဲ့အနေနဲ့ ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးကို အိမ်ကွင်းမှာ ၀-၅ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့မှုအပေါ် တုန်လှုပ်စိတ်ပျက်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ အရေးပေါ် အစည်းအဝေး ထိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အသင်းအတွက် တိကျသေချာတဲ့ ဆုံးဖြတ်ချက်တချို့ကို ဘုတ်အဖွဲ့က ချမှတ်နိုင်ခြင်းမရှိသည့်တိုင်အောင် ဆိုးလ်ရှားအနေနဲ့လည်း အသင်းကို ဆက်လက် ဦးဆောင်ချင်နေပါသေးတယ်။ သူ တည်ဆောက်ထားတဲ့ ယူနိုက်တက် ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် အားလုံးကို ယုံကြည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကွန်တီအနေနဲ့ ယူနိုက်တက်ဘက်က သူ့က်ိုသာ ကမ်းလှမ်းလာခဲ့ရင် လက်ခံစဉ်းစားဖို့ ရှိတယ်လို့ ဖာဘရီဇီယိုက ဆိုပါတယ်။ လက်ရှိအချိန်မှာ ဇီဒန်းကိုရော ကွန်တီကိုရော ဆက်သွယ်ထားမှု မရှိသေးသော်လည်း နည်းပြ အများအပြားက ယူနိုက်တက်ရဲ့နည်းပြနေရာကို ရယူလိုနေကြပါတယ်။
Zawgyi Version