Spots news

မန်ယူဖန်တွေ ပျော်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ မန်ယူဘုတ်အဖွဲ့

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘောလုံးရေးရာ စီမံခန့်ခွဲရတဲ့ ဒါရိုက်တာ ဖြစ်သူ ရစ်ချက် အာနိုးလ်ဟာ ယနေ့မှာ အသင်းပိုင်ရှင် တဦးဖြစ်သူ ဂျိုးလ်ဂလေဇာနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားမှုအား ဖျက်သိမ်းလိုက်ပြီး အသင်းရဲ့ ဘုတ်အဖွဲ့တွေနဲ့ ဆိုးလ်ရှားရဲ့ အနာဂတ် အတွက် အဖြေရှာတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းထဲက ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတွေကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အများစုဟာ လီဗာပူးအသင်းကို ရှုံးနိမ့်တဲ့ ပွဲစဉ်မတိုင်မီထဲက

နည်းပြ ဆိုးလ်ရှားအပေါ် ယုံကြည်မှု ကင်းမဲ့နေခဲ့သလို ဆိုးလ်ရှားဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာအောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ဘူးလို့ ESPN သတင်းဌာနကို ပြောကြားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ အတွင်းမှာလည်း ယမန်နေ့ညထဲက ဆိုးလ်ရှားရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိထားကာ လာမယ့် နာရီပိုင်း အတွင်း

ဆိုးလ်ရှားရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖွယ် ရှိကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။

ဒါကြောင့် စပါးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မတိုင်မီ ဆိုးလ်ရှားရဲ့ အနာဂတ်ကို ကွဲကွဲပြားပြား သိရဖို့ ရှိနေပြီး ဆိုးလ်ရှားကတော့ နောက်ဆုံးအချိန် အထိ အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ဖို့ မစဉ်းစားထားပါဘူး။

နည်းပြတွေ အဖြစ် ဇီဒန်းနဲ့ ကွန်တီတို့က ရေပန်းစားနေကြပြီး ကစားသမားတွေ ကတော့ ဇီဒန်းထက် ကွန်တီရဲ့ လက်အောက်မှာသာ ကစားချင်နေကြကြောင်းလည်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေဘာလုံးေရးရာ စီမံခန႔္ခြဲရတဲ့ ဒါရိုက္တာ ျဖစ္သူ ရစ္ခ်က္ အာနိုးလ္ဟာ ယေန႕မွာ အသင္းပိုင္ရွင္ တဦးျဖစ္သူ ဂ်ိဳးလ္ဂေလဇာနဲ႕ ေတြ႕ဆုံ ေဆြးေႏြးဖို႔ စီစဥ္ထားမႈအား ဖ်က္သိမ္းလိုက္ၿပီး အသင္းရဲ႕ ဘုတ္အဖြဲ႕ေတြနဲ႕ ဆိုးလ္ရွားရဲ႕ အနာဂတ္ အတြက္ အေျဖရွာေတာ့မယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းထဲက ယုံၾကည္စိတ္ခ်ရတဲ့ ဝန္ထမ္းေတြကလည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကစားသမား အမ်ားစုဟာ လီဗာပူးအသင္းကို ရႈံးနိမ့္တဲ့ ပြဲစဥ္မတိုင္မီထဲက

နည္းျပ ဆိုးလ္ရွားအေပၚ ယုံၾကည္မႈ ကင္းမဲ့ေနခဲ့သလို ဆိုးလ္ရွားဟာ အသင္းရဲ႕ စိတ္ဓာတ္ပိုင္း တိုးတက္လာေအာင္ လုပ္ေဆာင္နိုင္စြမ္း မရွိခဲ့ဘူးလို႔ ESPN သတင္းဌာနကို ေျပာၾကားထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဘုတ္အဖြဲ႕ အတြင္းမွာလည္း ယမန္ေန႕ညထဲက ဆိုးလ္ရွားရဲ႕ အနာဂတ္နဲ႕ ပတ္သတ္ၿပီး ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ရွိထားကာ လာမယ့္ နာရီပိုင္း အတြင္း ဆိုးလ္ရွားရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖြယ္ ရွိေၾကာင္း နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုက အတည္ျပဳထားပါတယ္။

ဒါေၾကာင့္ စပါးအသင္းနဲ႕ ကစားမယ့္ ပြဲစဥ္မတိုင္မီ ဆိုးလ္ရွားရဲ႕ အနာဂတ္ကို ကြဲကြဲျပားျပား သိရဖို႔ ရွိေနၿပီး ဆိုးလ္ရွားကေတာ့ ေနာက္ဆုံးအခ်ိန္ အထိ အသင္းရဲ႕ နည္းျပရာထူးကေန ႏုတ္ထြက္ဖို႔ မစဥ္းစားထားပါဘူး။

နည္းျပေတြ အျဖစ္ ဇီဒန္းနဲ႕ ကြန္တီတို႔က ေရပန္းစားေနၾကၿပီး ကစားသမားေတြ ကေတာ့ ဇီဒန္းထက္ ကြန္တီရဲ႕ လက္ေအာက္မွာသာ ကစားခ်င္ေနၾကေၾကာင္းလည္း သိရပါတယ္။