Spots news

လစာအများကြီးပေးမယ့် အသင်းတွေနဲ့ ဆွေးနွေးမှုတွေရှိနေတဲ့ ချဲလ်ဆီးခံစစ်မှူး ရူဒီဂါ

Unicode Version

ချဲလ်ဆီးခံစစ်မှူး အန်တိုနီယိုရူဒီဂါကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာစီးတီးအပါအဝင် ဥရောပအသင်းကြီး အတော်များများနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ ရူဒီဂါရဲ့ လက်ရှိချဲလ်ဆီးအသင်းနဲ့ စာချုပ်ဟာ

၂၀၂၂ နွေမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့လို ဥရောပရဲ့ ငွေကြေးအချမ်းသာဆုံးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ နာမည်ကျော်သတင်းထောက် ဂျီအန်လူကာဒီ မာဇီယိုက ဖော်ပြခဲ့ပါတယ်။

ဒီမာဇီယိုက “ရူဒီဂါက  အခု ဂျူဗင်တပ်စ်၊ မန်စီးတီး၊ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီနဲ့တောင် ဆွေးနွေးနေပါတယ်။ ဒီအသင်းအားလုံးက ခံစစ်မှူးတွေ လိုအပ်နေတဲ့ အသင်းတွေပါ။ သူချဲလ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကတော့ ခဲယဉ်းသွားပါပြီ။ ဒီလေးသင်းထဲကတစ်သင်းကိုပဲ ပြောင်းရွှေ့ပါလိမ့်မယ်”လို့ပြောခဲ့ပါတယ်။

ချဲလ်ဆီးဟာ ရူဒီဂါကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှု မရယူနိုင်သေးပဲ ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ်ကလည်း ဂျာမန်သားနောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း

ရူဒီဂါရဲ့ စာချုပ်အနေအထားကို စောင့်ကြည့်နေပြီး အလာဘာရဲ့ တွဲဖက်ခံစစ်မှူးအဖြစ် ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးတစ်ဝက်နဲ့ ဇန်နဝါရီမှာ ခေါ်ယူမယ့်အစား နွေရာသီရောက်မှသာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ကိုသာ ပိုပြီးစိတ်ဝင်စားတယ်လို့ သိရပါတယ်။

၂၀၁၇ တုန်းက ရိုးမားကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရူဒီဂါဟာ သူရသင့်ရထိုက်တဲ့ လစာ၊ အခြားခံစားခွင့်မျိုးတွေပါဝင်တဲ့ စာချုပ်သစ်မျိုး ချဲလ်ဆီးဘက်က မကမ်းလှမ်းခဲ့ဘူးလို့ ယူဆထားပါတယ်။

ရူဒီဂါရဲ့ အနာဂတ်မသေချာမှုကြောင့် ချဲလ်ဆီးအသင်းဟာ ဗီလာရီးရဲလ်က ပါအူတောရက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဒီစပိန်သားကိုလည်း ရီးရဲလ်က ရာမို့စ်ရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Zawgyi Version

ခ်ဲလ္ဆီးခံစစ္မႉး အန္တိုနီယို႐ူဒီဂါကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအပါအဝင္ ဥေရာပအသင္းႀကီး အေတာ္မ်ားမ်ားနဲ႕ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ႐ူဒီဂါရဲ႕ လက္ရွိခ်ဲလ္ဆီးအသင္းနဲ႕ စာခ်ဳပ္ဟာ

၂၀၂၂ ေႏြမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လို႔ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီတို႔လို ဥေရာပရဲ႕ ေငြေၾကးအခ်မ္းသာဆုံးအသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အီတလီ နာမည္ေက်ာ္သတင္းေထာက္ ဂ်ီအန္လူကာဒီ မာဇီယိုက ေဖာ္ျပခဲ့ပါတယ္။

ဒီမာဇီယိုက “႐ူဒီဂါက  အခု ဂ်ဴဗင္တပ္စ္၊ မန္စီးတီး၊ ေတာ့တင္ဟမ္နဲ႕ ပီအက္စ္ဂ်ီနဲ႕ေတာင္ ေဆြးေႏြးေနပါတယ္။ ဒီအသင္းအားလုံးက ခံစစ္မႉးေတြ လိုအပ္ေနတဲ့ အသင္းေတြပါ။ သူခ်ဲလ္ဆီးနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ကေတာ့ ခဲယဥ္းသြားပါၿပီ။ ဒီေလးသင္းထဲကတစ္သင္းကိုပဲ ေျပာင္းေ႐ႊ႕ပါလိမ့္မယ္”လို႔ေျပာခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ႐ူဒီဂါကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ မရယူနိုင္ေသးပဲ ဂ်ာမနီခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ကလည္း ဂ်ာမန္သားေနာက္ခံလူကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ကလည္း

႐ူဒီဂါရဲ႕ စာခ်ဳပ္အေနအထားကို ေစာင့္ၾကည့္ေနၿပီး အလာဘာရဲ႕ တြဲဖက္ခံစစ္မႉးအျဖစ္ ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးတစ္ဝက္နဲ႕ ဇန္နဝါရီမွာ ေခၚယူမယ့္အစား ေႏြရာသီေရာက္မွသာ ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႕ ေခၚယူဖို႔ကိုသာ ပိုၿပီးစိတ္ဝင္စားတယ္လို႔ သိရပါတယ္။

၂၀၁၇ တုန္းက ရိုးမားကေန ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႕ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ႐ူဒီဂါဟာ သူရသင့္ရထိုက္တဲ့ လစာ၊ အျခားခံစားခြင့္မ်ိဳးေတြပါဝင္တဲ့ စာခ်ဳပ္သစ္မ်ိဳး ခ်ဲလ္ဆီးဘက္က မကမ္းလွမ္းခဲ့ဘူးလို႔ ယူဆထားပါတယ္။

႐ူဒီဂါရဲ႕ အနာဂတ္မေသခ်ာမႈေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ဗီလာရီးရဲလ္က ပါအူေတာရက္စ္ကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး ဒီစပိန္သားကိုလည္း ရီးရဲလ္က ရာမို႔စ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။