Spots news

ဒီရာသီအတွက် ကမ္ဘာ့အကောင်းဆုံးငါးဦးမှာ မက်ဆီမပါဝင်ခဲ့ပဲ ရော်နယ်ဒိုပါဝင်

Unicode Version

လက်ရှိရာသီမှာ လိဂ်အသီးသီးရဲ့ ကစားသမားအသီးသီးက ခြေစွမ်းကစားနေခဲ့ပြီး ဘယ်သူက ဘယ်သူ့ထက် စွမ်းဆောင်ရည်ပိုကောင်းသလဲဆိုတာကို TalkSPORT ရဲ့

ဆွေးနွေးမှုတွေမှာ အကောင်းဆုံး ၅ ဦးကို ရွေးချယ်ခဲ့ပြီး အဲဒီအထဲမှာ ပြိုင်ဖက်ဟောင်းတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးထဲက မက်ဆီ မပါဝင်ခဲ့ပဲ ရော်နယ်ဒိုသာ ပါဝင်ခဲ့ပါတယ်။

(၁) မိုဟာမက်ဆာလက်
လီဗာပူးလ်ရဲ့ တိုက်စစ်ကို ဦးဆောင်ထားနိုင်တဲ့ ဆာလက်ဟ်ကို နံပါတ်တစ်နေရာမှာ ထားခဲ့တာအတွက်တော့ ဘာမှပြောစရာမရှိပါဘူး။ လီဗာပူးလ်အတွက် ၉ ပွဲဆက်တိုက် ဂိုးသွင်းယူပေးထားတဲ့ ဆာလက်ဟာ

လက်ရှိရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံးကစားသမားလည်းဖြစ်နေပါတယ်။ စုစုပေါင်း ၁၁ ပွဲမှာ ၁၂ ဂိုးသွင်းယူထားနိုင်တဲ့ ဆာလက်ဟ်ကိုတော့ နံပါတ်တစ်နေရာမှာ ရွေးချယ်ထားပါတယ်။

(၂) ရောဘတ်လိဝန်ဒေါစကီး
ပြီးခဲ့တဲ့ရာသီက Ballon d’Or ဆုပေးပွဲသာ မဖျက်သိမ်းခဲ့ရင် အဲဒီဆုပိုင်ရှင်က လီဝန်ဒေါစကီးပါပဲ။ ပြီးခဲ့တဲ့ရာသီက ဂတ်ဒ်မူလာရဲ့ ဘွန်ဒက်လီဂါသွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး ၂၉ ပွဲမှာ ၄၁ ဂိုးအထိ

သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ရာသီအစ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၆ ဂိုးသွင်းယူထားနိုင်ပြီး ယခုနှစ် Ballon d’Or ဆုပေးပွဲမှာ သူ့ကို ရစေချင်မိပါတယ်။

(၃) ခရစ္စတီယာနိုရော်နယ်ဒို
မန်ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက် ရော်နယ်ဒိုနဲ့ပက်သက်လို့ မန်ယူနိုက်တက်ဟာ ပိုကောင်းလယသလား၊ အဆိုးဖက်ကို ဦးတည်နေသလားလို့ ဝေဖန်မှုတွေကြားထဲကနေ ၃၆ နှစ်အရွယ်ကစားသမားက သွင်းဂိုးတွေနဲ့ တုံ့ပြန်ထားပါတယ်။

တည်ငြိမ်မှုမရှိသေးတဲ့ အသင်းကို သွင်းဂိုးတွေနဲ့ ကယ်တင်ထားရပြီး အသင်းဖော်ဟောင်း ကလီဘာဆင်က နိုင်ငံအသင်းနဲ့ ကလပ်အသင်းနှစ်ခုလုံးကို အကျိုးပြုထားတဲ့ ရော်နယ်ဒိုက မိုဟာမက်ဆာလက်ထက် ပိုကောင်းတယ်လို့ ပြောကြထားကာ သူ့ကိုတော့ တတိယနေရာမှာ ရှိနေစေပါတယ်။

(၄) အာလင်ဟာလန်း
နော်ဝေတိုက်စစ်မှူးဟာ အသက်အရွယ်ငယ်ရွယ်သေးပေမယ့် လက်ရှိကမ္ဘာ့အကောင်းဆုံးနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့အသက်အရွယ်မှာ အဲဒီကစားသမားနှစ်ဦးထက် ပြတ်သားတဲ့ သွင်းဂိုးတွေ

သွင်းယူထားပြီး အနာဂတ် Ballon d’Or ဆုအတွက် မျှော်လင့်ချင်စရာ ​ခြေစွမ်းမျိုးရှိနေပါတယ်။ အသက် ၂၁ နှစ်သာရှိသေးပေမယ့် လက်ရှိရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၁၃ ပွဲကစားထားပြီး ၁၈ ဂိုးသွင်းယူထားပါတယ်။

(၅) ကန်တေး
လက်ရှိရာသီမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာတောင်မှာ ကန်တေးဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူဖြစ်ကြောင်းကို သက်သေပြနေဆဲပါပဲ။ ချယ်ဆီးရဲ့ တကျော့ပြန် ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိကကျခဲ့ပြီး အသင်းကို အကောင်းဆုံး

မောင်းနှင်နိုင်တဲ့ အင်ဂျင်တစ်လုံးအဖြစ် ပွဲတော်တော်များများမှာ သက်သေပြထားပါတယ်။ ယခုနှစ်မှာ ကျင်းပမယ့် Ballon d’Or ဆုအတွက် ရေပန်းအစားဆုံး ၃ ဦးမှာပါဝင်ပြီး ကွင်းလယ်ကစားသမားတစ်ဦးအနေနဲ့ ဒီဆုကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi Version



(၁) မိုဟာမက်ဆာလက်


(၂) ရောဘတ်လိဝန်ဒေါစကီး



တည်ငြိမ်မှုမရှိသေးတဲ့ အသင်းကို သွင်းဂိုးတွေနဲ့ ကယ်တင်ထားရပြီး အသင်းဖော်ဟောင်း ကလီဘာဆင်က နိုင်ငံအသင်းနဲ့ ကလပ်အသင်းနှစ်ခုလုံးကို အကျိုးပြုထားတဲ့ ရော်နယ်ဒိုက မိုဟာမက်ဆာလက်ဟ်ထက် ပိုကောင်းတယ်လို့ ပြောကြထားကာ သူ့ကိုတော့ တတိယနေရာမှာ ရှိနေစေပါတယ်။

(၄) အာလင်ဟာလန်း


(၅) ကန်တေး
