Spots news

ဇန်နဝါရီမှာ ရီးရဲမက်ဒရစ်ကနေ ပြောင်းရွေ့ ကစားရန် ပြင်ဆင်နေတဲ့ မာဆယ်လို

Unicode Version

ရီးရဲ မက်ဒရစ် မှာ ဆယ်စုနှစ် တခုကျော် ကြာအောင် ကစားလာခဲ့တဲ့ ဝါရင့် နောက်ခံလူ မာဆယ်လို ဟာ အသင်းနဲ့ စာချုပ် ကုန်ဆုံးမယ့် ၂၀၂၂ နွေရာသီ မတိုင်ခင်မှာ မက်ဒရစ်ကို နှုတ်ဆက်ပြီး မိခင်နိုင်ငံ ဘရာဇီးကို ပြန်ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ မာဆယ်လို ဟာ နည်းပြ အန်ဆယ်လော့တီရဲ့ အစီအစဉ်မှာ အရေးပါသူ တယောက်အဖြစ် ရှိမနေတော့ဘဲ အရန်ကစားသမား အဖြစ်နဲ့သာ အချိန်ကုန်ဆုံး ခဲ့ရ ပါတယ်။ မာဆယ်လိုနဲ့ ရီးရဲတို့ရဲ့ စာချုပ်ဟာ ၂၀၂၂ ဇွန်လမှကုန်ဆုံးမှာ ဖြစ်ပေမယ့် မာဆယ်လိုကတော့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာတင်

စာချုပ်ကို ၂ ဦး သဘောတူ ဖျက်သိမ်းဖို့ စိတ်ကူး နေတယ်လို့ ကြားသိရပါတယ်။ ရီးရဲဥက္ကဌ ပီရက်ဇ်ကလည်း မာဆယ်လိုရဲ့ ဆန္ဒကို ကန့်ကွက်ဖွယ် မရှိနိုင်တာကြောင့် ဘရာဇီးသားဟာ ဇန်နဝါရီ အပြောင်းအရွှေ့အပြီးမှာ စပိန်မြေပေါ် ကနေ နှုတ်ဆက် ထွက်ခွာဖို့ အလားအလာ ကောင်းတွေ ရှိနေပြီပဲဖြစ်ပါတယ်။

မာဆယ်လို အနေနဲ့ ရီးရဲကနေ ထွက်ခွာပြီးပါက အခြား ဥရောပ ကလပ်တွေထံ သွားရောက် မကစားဘဲ မိခင်နိုင်ငံ ဘရာဇီးကိုပြန်ဖို့ စိတ်ကူးထားပြီး အသင်းဟောင်း ဖလူမီနီးစ် အသင်း နဲ့ ချိတ်ဆက်မှုပြုလုပ် ထားတယ်လို့ သတင်းထွက်ပေါ် နေပါတယ်။

Zawgyi Version

ရီးရဲ မက္ဒရစ္ မွာ ဆယ္စုႏွစ္ တခုေက်ာ္ ၾကာေအာင္ ကစားလာခဲ့တဲ့ ဝါရင့္ ေနာက္ခံလူ မာဆယ္လို ဟာ အသင္းနဲ႕ စာခ်ဳပ္ ကုန္ဆုံးမယ့္ ၂၀၂၂ ေႏြရာသီ မတိုင္ခင္မွာ မက္ဒရစ္ ကို ႏႈတ္ဆက္ၿပီး မိခင္ နိုင္ငံ ဘရာဇီးကို ျပန္ဖို႔ စိတ္ကူး ေနတယ္လို႔ သတင္း ထြက္ေပၚ လာခဲ့ ပါတယ္။

အသက္ ၃၃ ႏွစ္ ရွိၿပီ ျဖစ္တဲ့ မာဆယ္လို ဟာ နည္းျပ အန္ဆယ္ေလာ့တီ ရဲ႕ အစီအစဥ္မွာ အေရးပါသူ တေယာက္ အျဖစ္ ရွိမေနေတာ့ဘဲ အရန္ကစားသမား အျဖစ္ နဲ႕သာ အခ်ိန္ကုန္ဆုံး ခဲ့ရ ပါတယ္။ မာဆယ္လို နဲ႕ ရီးရဲ တို႔ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ ဇြန္လ မွ ကုန္ဆုံးမွာ ျဖစ္ေပမယ့္ မာဆယ္လို ကေတာ့ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာတင္

စာခ်ဳပ္ကို ၂ ဦး သေဘာတူ ဖ်က္သိမ္းဖို႔ စိတ္ကူး ေနတယ္လို႔ ၾကားသိရ ပါတယ္။ ရီးရဲ ဥကၠဌ ပီရက္ဇ္ကလည္း မာဆယ္လိုရဲ႕ ဆႏၵကို ကန႔္ကြက္ဖြယ္ မရွိနိုင္တာေၾကာင့္ ဘရာဇီးသား ဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အၿပီးမွာ စပိန္ေျမေပၚ ကေန ႏႈတ္ဆက္ ထြက္ခြာဖို႔ အလားအလာ ေကာင္းေတြ ရွိေနၿပီပဲျဖစ္ပါတယ္။

မာဆယ္လို အေနနဲ႕ ရီးရဲ ကေန ထြက္ခြာၿပီးပါက အျခား ဥေရာပ ကလပ္ေတြထံ သြားေရာက္ မကစားဘဲ မိခင္ နိုင္ငံ ဘရာဇီးကို ျပန္ဖို႔ စိတ္ကူးထားၿပီး အသင္းေဟာင္း ဖလူမီနီးစ္ အသင္း နဲ႕ ခ်ိတ္ဆက္မႈ ျပဳလုပ္ ထားတယ္လို႔ သတင္း ထြက္ေပၚ ေနပါတယ္။