Spots news

အားလုံးက လိုချင်နေ‌ပေမယ့် ကာလရှည်အနားယူရတော့မယ့် ဟာလန်း

Unicode Version

ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပြင်းထန်တဲ့ တင်ပါးကြွက်သားဒဏ်ရာ ရရှိထားတာကြောင့် ခွဲစိတ်မှု ပြုလုပ်ရဖို့ ရှိနေပြီး ကာလရှည် အနားယူရတော့မယ်လို့ ဒေါ့မွန်အသင်းက တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဟာလန်းဟာ ရက်ဘူးလ် ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်လာသလို ဒဏ်ရာပြဿနာလည်း ကင်းရှင်းသူ ဖြစ်တာကြောင့် ယခုလို သူ့အနေနဲ့ ကာလရှည် အနားယူရဖို့ ရှိနေတာဟာ ဒေါ့မွန်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တရပ်လည်း ဖြစ်ပါတယ်။

 

ဟာလန်းဟာ တင်ပါးကြွက်သား စုတ်ပြဲဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကို ကုသဖို့ အတွက် ၆ပတ်ကြာ အနားယူရဖို့ ရှိနေသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာပါကလည်း အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်ရဖို့ ရှိတာကြောင့် ၂၀၂၂ခုနှစ် ရောက်မှသာ ဒေါ့မွန်အသင်း အတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြုပေးထားပြီး သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းဟာ တင်ပါးကြွက်သား စုတ်ပြဲဒဏ်ရာကို ရရှိထားကြောင်းနဲ့ ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရဖွယ် ရှိကြောင်း ယမန်နေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။

လက်ရှိ ဒေါ့မွန်အသင်းမှာ ဟာလန်းအပြင် အခြား တိုက်စစ်မှူး တဦး ဖြစ်တဲ့ မာလန် ၊ လူငယ် တောင်ပံ ကစားသမား ရေနာ ၊ လူငယ် တိုက်စစ်မှူး မူခိုခို စတဲ့ ကစားသမားတွေ အားလုံး ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ ဒေါ့မွန်အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းရဲ႕ အဓိက တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ျပင္းထန္တဲ့ တင္ပါးႂကြက္သားဒဏ္ရာ ရရွိထားတာေၾကာင့္ ခြဲစိတ္မႈ ျပဳလုပ္ရဖို႔ ရွိေနၿပီး ကာလရွည္ အနားယူရေတာ့မယ္လို႔ ေဒါ့မြန္အသင္းက တရားဝင္ ထုတ္ျပန္ ေၾကညာသြားခဲ့ပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အသင္းရဲ႕ မရွိမျဖစ္ ကစားသမား တဦး အျဖစ္ ေျခစြမ္းျပေနသူ ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၁၀ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၃ဂိုး အထိ သြင္းယူထားနိုင္ကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားနိုင္သူပါ။

ဟာလန္းဟာ ရက္ဘူးလ္ ဆဲလ္ဘက္အသင္း ကေန ေဒါ့မြန္အသင္းထံ ေရာက္ရွိလာၿပီးေနာက္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး တဦး ျဖစ္လာသလို ဒဏ္ရာျပႆနာလည္း ကင္းရွင္းသူ ျဖစ္တာေၾကာင့္ ယခုလို သူ႕အေနနဲ႕ ကာလရွည္ အနားယူရဖို႔ ရွိေနတာဟာ ေဒါ့မြန္အသင္း အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ တရပ္လည္း ျဖစ္ပါတယ္။

ဟာလန္းဟာ တင္ပါးႂကြက္သား စုတ္ၿပဲဒဏ္ရာကို ရရွိခဲ့တာ ျဖစ္ၿပီး အဆိုပါဒဏ္ရာကို ကုသဖို႔ အတြက္ ၆ပတ္ၾကာ အနားယူရဖို႔ ရွိေနသလို ဒဏ္ရာကေန ျပန္လည္ သက္သာလာပါကလည္း အေပါ့စား ေလ့က်င့္ခန္းေတြ ျပန္လည္ ျပဳလုပ္ရဖို႔ ရွိတာေၾကာင့္ ၂၀၂၂ခုႏွစ္ ေရာက္မွသာ ေဒါ့မြန္အသင္း အတြက္ ျပန္ကစားေပးနိုင္မယ္လို႔ သိရပါတယ္။

ေဒါ့မြန္အသင္းကလည္း အဆိုပါ သတင္းေတြ အေပၚ အတည္ျပဳေပးထားၿပီး သူတို႔အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟာလန္းဟာ တင္ပါးႂကြက္သား စုတ္ၿပဲဒဏ္ရာကို ရရွိထားေၾကာင္းနဲ႕ ဒဏ္ရာကို ခြဲစိတ္မႈ ျပဳလုပ္ရဖြယ္ ရွိေၾကာင္း ယမန္ေန႕မွာပဲ တရားဝင္ ထုတ္ျပန္ ေၾကညာထားပါတယ္။

လက္ရွိ ေဒါ့မြန္အသင္းမွာ ဟာလန္းအျပင္ အျခား တိုက္စစ္မႉး တဦး ျဖစ္တဲ့ မာလန္ ၊ လူငယ္ ေတာင္ပံ ကစားသမား ေရနာ ၊ လူငယ္ တိုက္စစ္မႉး မူခိုခို စတဲ့ ကစားသမားေတြ အားလုံး ဒဏ္ရာျပႆနာေတြနဲ႕ ႀကဳံေတြ႕ေနရတာေၾကာင့္ လာမယ့္ ပြဲစဥ္ေတြမွာ ေဒါ့မြန္အသင္းဟာ တိုက္စစ္ပိုင္း အားနည္းခ်က္ေတြနဲ႕ ရင္ဆိုင္ရနိုင္ပါတယ္။