Spots news

ပရိတ်သတ်တွေ များများ စိတ်ညစ်ရဖို့ ကွင်းချဲ့ဆောက်မယ့် မန်ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းတာဝန်ရှိသူများဟာ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်အား ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ကွင်းရဲ့ ပွဲကြည့်စင်တစ်ခုဖြစ်သော Sir Bobby Charlton ပွဲကြည့်စင်ကို ခုံအရေအတွက် ဦးစားပေးဖြည့်တင်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ခုံအရေအတွက် တိုးမြှင့်ပြီးပါက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပရိသတ် ၈၀၀၀၀ ကျော်ဆံ့တဲ့ ကွင်းတစ်ကွင်း ဖြစ်လာမည် ဖြစ်ကြောင်း သိရှိရပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ လက်ရှိမှာ ပရိသတ် ၇၄၁၄၀ ဦးဆံ့ ပြီး အင်္ဂလန်ကလပ်အသင်းများရဲ့ ကွင်းများထဲမှာ ပရိသတ်အများဆုံး ဝင်ဆံ့သော ကွင်းတစ်ကွင်းအဖြစ် ရပ်တည်နေပါတယ်။

ယခုနောက်ပိုင်း အာဆင်နယ်၊ စပါး၊ မန်စီးတီး အစရှိသော အသင်းများက ကွင်းသစ်များကို တည်ဆောက် လာကြပြီး ပရိသတ် ၆၀၀၀၀ ဝန်းကျင်ဆံ့ ကွင်းများကို ပိုင်ဆိုင်လာကြရာ အိုးလ်ထရက်ဖို့ဒ် ကွင်းကိုလည်း ပိုမိုတိုးချဲ့ရန် ယူနိုက်တက် ပရိသတ်များထံမှ တောင်းဆိုမှုများ ရှိ ခဲ့ပါတယ်။

ယူနိုက်တက် အသင်းအနေနဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှ စတင်၍ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်အား သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းမရှိရာ ယူနိုက်တက် ပရိသတ်များထံမှ ဝေဖန်ပြစ်တင်မှုများ ရှိခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းတာဝန္ရွိသူမ်ားဟာ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္အား ထပ္မံတိုးခ်ဲ့ရန္ စီစဥ္ေနၿပီး ကြင္းရဲ႕ ပြဲၾကည့္စင္တစ္ခုျဖစ္ေသာ Sir Bobby Charlton ပြဲၾကည့္စင္ကို ခုံအေရအတြက္ ဦးစားေပးျဖည့္တင္းသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ခုံအေရအတြက္ တိုးျမႇင့္ၿပီးပါက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ပရိသတ္ ၈၀၀၀၀ ေက်ာ္ဆံ့တဲ့ ကြင္းတစ္ကြင္း ျဖစ္လာမည္ ျဖစ္ေၾကာင္း သိရွိရပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကြင္းဟာ လက္ရွိမွာ ပရိသတ္ ၇၄၁၄၀ ဦးဆံ့ ၿပီး အဂၤလန္ကလပ္အသင္းမ်ားရဲ႕ ကြင္းမ်ားထဲမွာ ပရိသတ္အမ်ားဆုံး ဝင္ဆံ့ေသာ ကြင္းတစ္ကြင္းအျဖစ္ ရပ္တည္ေနပါတယ္။

အာဆင္နယ္၊ စပါး၊ မန္စီးတီး အစရွိေသာ အသင္းမ်ားက ကြင္းသစ္မ်ားကို တည္ေဆာက္ လာၾကၿပီး ပရိသတ္ ၆၀၀၀၀ ဝန္းက်င္ဆံ့ ကြင္းမ်ားကို ပိုင္ဆိုင္လာၾကရာ အိုးလ္ထရက္ဖို႔ဒ္ ကြင္းကိုလည္း ပိုမိုတိုးခ်ဲ့ရန္ ယူနိုက္တက္ ပရိသတ္မ်ားထံမွ ေတာင္းဆိုမႈမ်ား ရွိ ခဲ့ပါတယ္။

ယူနိုက္တက္ အသင္းအေနနဲ႕ ၂၀၀၆ ခုႏွစ္ေနာက္ပိုင္းမွ စတင္၍ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္အား သိသာထင္ရွားတဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ျခင္းမရွိရာ ယူနိုက္တက္ ပရိသတ္မ်ားထံမွ ေဝဖန္ျပစ္တင္မႈမ်ား ရွိခဲ့ပါတယ္။