Unicode Version
လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ မတ်သစ်ဂျ်ဒီလစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းဟာ နွေရာသီတုန်းက ခံစစ်ကြောင်းကို
အင်အားမြှင့်တင်ဖို့ ကြိုးစားခဲ့ပြီး ဆီဗီလာက ဂျူးစ်ကွန်ဒီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပိတ်ခါနီးကျမှ ဆီဗီလာဘက်က ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို မြှင့်တင်လိုက်တာကြောင့် အပြောင်းအရွှေ့ မဖြစ်လာခဲ့ပါဘူး။
ဆီဗီလာဘက်က ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ (ပေါင် ၆၈.၅ သန်း) နဲ့ ဈေးကိုင်နေပေမယ့် ချဲလ်ဆီးအသင်းကတော့ သြဂုတ်လမှာ မခေါ်နိုင်ခဲ့တဲ့ နောက်ခံလူကို ခေါ်ယူဖို့စိတ်ဝင်စားနေတုန်းပါပဲ။
သောမတ်စ်တူချယ်ရဲ့အသင်းဟာ အခုဆိုရင် အရန်ပစ်မှတ်တွေကိုလည်း ရှာဖွေနေပြီး Goal ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်ကလည်း ဒီလစ်ကို အရောင်းစာရင်း တင်လိုက်ပြီလို့ သိရပါတယ်။
သတင်းတွေအရတော့ ဂျူဗင်တပ်စ်ဟာ ဒီလစ်ရဲ့ တစ်ပတ်ကို ပေါင် ၂၈၀၀၀၀ ဆိုတဲ့ မြင့်မားလွန်းတဲ့ လစာပမာဏကို လျှော့ချလိုနေတာကြောင့် ကစားသမားကို အရောင်းစာရင်း တင်လိုက်ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အီတလီမီဒီယာတွေနဲ့ အင်တာဗျူးမှာ ဒီလစ်ရဲ့ အေးဂျင့် မီနိုရွိုင်းအိုလာက လာမယ့်နွေရာသီမှာ နယ်သာလန် လက်ရွေးစင်ဟာ အသင်းကနေ ရောင်းထုတ်ခံရနိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောသွားခဲ့ပါတယ်။
ရွိုင်းအိုလာက “ရာသီကုန်မှာ ဂျူဗင်တပ်စ်ကနေ ဒီလစ်ထွက်နိုင်ပါတယ်။ ဈေးကွက်ကလည်း ဒီပုံစံပဲ လှုပ်ရှားနေတာလေ။ သူ့ကိုလိုချင်တဲ့အသင်းတွေမှ တစ်ပုံကြီးပါ”ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလစ်ဟာ ၂၀၁၉ တုန်းက အေဂျက်စ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၆၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်
ဒီရာသီမှာတော့ ဝါရင့်နောက်ခံလူ ဂျော်ဂျီယိုချီရယ်လီနီနဲ့ ပွဲကစားချိန်တွေ ခွဲကစားနေရပါတယ်။ သတင်းတွေအရတော့ ဂျူဗင်တပ်စ်နဲ့ စာချုပ်ပါအချက်တစ်ခုဖြစ်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၆ သန်း နဲ့ ဒီလစ်ကို ခေါ်ယူခွင့်ဟာ လာမယ့်နွေရာသီမှာ အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
Zawgyi Version
လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မတ္သစ္ဂ်္ဒီလစ္ကို ေခၚယူဖို႔ ကမ္းလွမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။ ခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းဟာ ေႏြရာသီတုန္းက ခံစစ္ေၾကာင္းကို
အင္အားျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့ၿပီး ဆီဗီလာက ဂ်ဴးစ္ကြန္ဒီကို ေခၚယူနိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕ ပိတ္ခါနီးက်မွ ဆီဗီလာဘက္က ကြန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ျမႇင့္တင္လိုက္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္လာခဲ့ပါဘူး။
ဆီဗီလာဘက္က ကြန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူရိုသန္း ၈၀ (ေပါင္ ၆၈.၅ သန္း) နဲ႕ ေဈးကိုင္ေနေပမယ့္ ခ်ဲလ္ဆီးအသင္းကေတာ့ ၾသဂုတ္လမွာ မေခၚနိုင္ခဲ့တဲ့ ေနာက္ခံလူကို ေခၚယူဖို႔စိတ္ဝင္စားေနတုန္းပါပဲ။ ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းဟာ အခုဆိုရင္ အရန္ပစ္မွတ္ေတြကိုလည္း ရွာေဖြေနၿပီး Goal ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ကလည္း ဒီလစ္ကို အေရာင္းစာရင္း တင္လိုက္ၿပီလို႔ သိရပါတယ္။
သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္စ္ဟာ ဒီလစ္ရဲ႕ တစ္ပတ္ကို ေပါင္ ၂၈၀၀၀၀ ဆိုတဲ့ ျမင့္မားလြန္းတဲ့ လစာပမာဏကို ေလွ်ာ့ခ်လိဳေနတာေၾကာင့္ ကစားသမားကို အေရာင္းစာရင္း တင္လိုက္ရတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လက အီတလီမီဒီယာေတြနဲ႕ အင္တာဗ်ဴးမွာ ဒီလစ္ရဲ႕ ေအးဂ်င့္ မီနို႐ြိုင္းအိုလာက လာမယ့္ေႏြရာသီမွာ နယ္သာလန္ လက္ေ႐ြးစင္ဟာ အသင္းကေန ေရာင္းထုတ္ခံရနိုင္တယ္လို႔ ရွင္းရွင္းလင္းလင္းေျပာသြားခဲ့ပါတယ္။
႐ြိုင္းအိုလာက “ရာသီကုန္မွာ ဂ်ဴဗင္တပ္စ္ကေန ဒီလစ္ထြက္နိုင္ပါတယ္။ ေဈးကြက္ကလည္း ဒီပုံစံပဲ လႈပ္ရွားေနတာေလ။ သူ႕ကိုလိုခ်င္တဲ့အသင္းေတြမွ တစ္ပုံႀကီးပါ”ဆိုၿပီး ေျပာခဲ့ပါတယ္။ ဒီလစ္ဟာ ၂၀၁၉ တုန္းက ေအဂ်က္စ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၆၇.၅ သန္းနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္
ဒီရာသီမွာေတာ့ ဝါရင့္ေနာက္ခံလူ ေဂ်ာ္ဂ်ီယိုခ်ီရယ္လီနီနဲ႕ ပြဲကစားခ်ိန္ေတြ ခြဲကစားေနရပါတယ္။ သတင္းေတြအရေတာ့ ဂ်ဴဗင္တပ္စ္နဲ႕ စာခ်ဳပ္ပါအခ်က္တစ္ခုျဖစ္တဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၁၂၆ သန္း နဲ႕ ဒီလစ္ကို ေခၚယူခြင့္ဟာ လာမယ့္ေႏြရာသီမွာ အသက္ဝင္ေတာ့မွာ ျဖစ္ပါတယ္။